သုံးရက်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ် ၁၆မှုဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုနှင့် အပြင်းအထန်ဒဏ်ရာရရှိသည့် ဖြစ်စဉ်အများစုမှ ကျူးလွန်သူများကို ဖမ်းဆီးရမိရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရ |
![]() |
![]() |
Tuesday, 02 October 2012 11:52 |
သုံးရက်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ် ၁၆မှုဖြစ်ပွားခဲ့ပြီး
ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုနှင့် အပြင်းအထန်ဒဏ်ရာရရှိသည့်
ဖြစ်စဉ်အများစုမှ ကျူးလွန်သူများကို ဖမ်းဆီးရမိရန် စုံစမ်းနေဆဲဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူး ရုံးမှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သုံးရက်အတွင်း ဖြစ်ပွားခဲ့သည့်
ယာဉ်တိုက်မှုဖြစ်စဉ်အများစုမှာ ညပိုင်းအချိန်နှင့် နံနက်အစောပိုင်း
အချိန်များတွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယင်းယာဉ်တိုက်မှုဖြစ်စဉ်များတွင် ယာဉ်ငါးစီးပျက်စီးခဲ့ပြီး သေဆုံးသူ လေးယောက်နှင့် ဒဏ်ရာရရှိသူ ၃၁ ဦးရှိခဲ့ကြောင်း သတင်းရရှိသည်။ ကျူးလွန်သူကို ဖမ်းဆီးရမိရန် စုံစမ်းလျက်ရှိနေသည့် ဖြစ်စဉ်တစ်ခုမှာ စက်တင်ဘာလ ၃၀ရက်နေ့ ည ၉နာရီခွဲအချိန်တွင် လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းအတိုင်း ရွှေပြည်သာတံတားဘက်မှ လှိုင်သာယာဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသော ယာဉ်အမှတ် အမျိုးအစားမသိသည့် ယာဉ်သည် ၉၆ ဂိတ်ဟောင်းမှတ်တိုင် အလွန်အရောက် ယာဘက်လမ်းစပ်၌ အမည်မသိ အသက်၂၀နှစ်ခန့် အမျိုးသားတစ်ဦးအား တိုက်ပြီးမောင်းနှင် ထွက်ပြေးသွားသဖြင့် ယာဉ်တိုက်ခံရသူတွင် ၀ဲဂျိုစောင်းစုတ်ပြဲ၊ ရင်ဘတ်ပွန်းစုတ်ဒဏ်ရာများရရှိကာ အခင်း ဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ အလားတူ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ၄နာရီ ၂၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းအတိုင်း ခရေပင်လမ်းဆုံဘက်မှ ထောက်ကြန့်ဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသော ၂က/၅၃၉၁ အောင်တံခွန်ယာဉ်လိုင်း၊ တိုက်ကြီး- ရန်ကုန် ဟိုင်းလတ်အဖြူရောင် အငှားယာဉ်သည် ထောက်ကြန့်၊ ဘုရားလေးမှတ်တိုင်အနီးအရောက် တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ ကိုဇော်မိုး၊ ၃၇နှစ်၊ ယာဉ်မောင်း၊ တောင်ဥက္ကလာပမြို့နယ်နေသူ မောင်းနှင်လာသည့် ၅ခ/ ၅၆၄၁ အငှားယာဉ်အား ၀င်တိုက်မိ သဖြင့် ယာဉ်နှစ်စီးပျက်စီးပြီး ၂က/ ၅၃၉၁ ယာဉ်ပေါ်ပါ ခရီးသည် ဦးစန်းမြင့်၊ ၃၂နှစ်၊ မှော်ဘီမြို့နယ်နေသူတွင် လည်ပင်းပေါက်ပြဲ၊ နောက်ကျောပေါက်ပြဲဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ယာဉ်ပေါ်ပါ ခရီးသည်အမျိုးသား ၆ ဦးမှာ အသီးသီးဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တွင်လည်း ယာဉ်မောင်းဖြစ်သူမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ်များကို ထောက်ကြန့် ရဲစခန်း(ပ) ၄၅၃/၂၀၁၂ ပုဒ်မ ၃၀၄(က)/၂၇၉/၃၃၈/၂၀၂ ဖြင့် လည်းကောင်း၊ သောင်ကြီးရဲစခန်း (ပ) ၆၃၅/၂၀၁၂ ပုဒ်မ ၃၀၄(က)/၂၀၂ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိရန် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ယာဉ်တိုက်မှုဖြစ်စဉ်များတွင် ကြေအေးရုတ်သိမ်းခွင့်မပေးသည့် အချက်များမှာ ယာဉ်ကိုမဆင်မခြင် မောင်းနှင်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်၊ လူအများသေဆုံးခြင်း၊ဒဏ်ရာရရှိခြင်း ဖြစ်စဉ်၊ အရက်သေစာ အလွန် သောက်စားမူးယစ်ပြီး ယာဉ်မောင်းခြင်း ဖြစ်စဉ်၊ ယာဉ်တိုက်မှုဖြစ်ပြီး တာဝန်မဲ့စွာထွက်ပြေးခြင်း (သို့) ယာဉ်ကိုထားပြီး ထွက်ပြေးခြင်းနှင့် မီးနီကိုဖြတ်မောင်းပြီး ယာဉ်တိုက်မှုဖြစ်စဉ်များဖြစ်ကြောင်း သိရှိရသည်။ |
0 comments:
Post a Comment