Friday, 05 October 2012 22:16 | |
![]()
ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင် (ဓာတ်ပုံ - ၀င်းမြင့်ကျော်)
![]()
ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင် (ဓာတ်ပုံ - ၀င်းမြင့်ကျော်)
![]() ၀ယ်ယူအသုံးပြုသူ အများပြည်သူ အနေဖြင့် ဆိုင်များမှ တောင်းယူသည့် ဈေးနှုန်းအား အတိအကျပေးချေရ သော်လည်း ကိုယ်ပေးသည့် ဈေးဖြင့် မတန်အောင် လျော့နည်းမှုမှာ ၀ယ်ယူ သုံးစွဲသူအပေါ် မသမာသည့်နည်းလမ်းဖြင့် ထပ်မံအမြတ်ထုတ်နေခြင်းဟူသည့် အခြေအနေအထိ ပြောကြားကြ ခြင်းဖြစ်သည်။ ထိုသို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ပြီးနောက် ရေနံထွက်ပစ္စည်းများ တင်သွင်း၊ သိုလှောင်ဖြန့်ဖြူးရောင်း ချခြင်းလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီဝင် ကိုယ်စားလှယ် များပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင် ၂၃ ဆိုင်အား ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ ဆိုင် ၂၁ ဆိုင်ရှိ ပန့်များမှာ သတ်မှတ်ထားသည့် အခြင်အတွယ်မပြည့် လျော့နည်းနေကြောင်း စစ်ဆေး တွေ့ရှိရခြင်းဖြစ်သည်။ ![]()
ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင် (ဓာတ်ပုံ - ၀င်းမြင့်ကျော်)
စက်သုံးဆီဆိုင်အချို့ကမူ အလေး ချိန်လျော့နည်းခြင်းမဟုတ်ဘဲ လီတာ နှင့်ဂါလန်အခြင်အတွယ် သတ်မှတ် ချက်ကွဲလွဲမှုကြောင့် စစ်ဆေးရေးအဖွဲ့ ၏ ထုတ်ပြန်ထားသည့် လျော့နည်း သည့် ဆိုင်စာရင်းတွင် ပါဝင်သွားခြင်း ဖြစ်ကြောင်း၊ လီတာမှ ဂါလန်ပြောင်းသည့် အခြင်အတွယ်အား တိကျစွာ ဖြင့် သတ်မှတ်ပေးစေလိုသည်ဟုလည်း ပြောကြားခဲ့ကြသည်။ ဆီဂါလန်မပြည့်သည့် စာရင်းတွင် ပါဝင်သော ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်ဖွင့်လှစ်ထားသည့် ကုမ္ပဏီ အချို့သို့ ဆက်သွယ်မေးမြန်းရာ လုပ်ငန်းရှင်အချို့က မြန်မာနိုင်ငံအနေဖြင့် တစ်ဂါလန်တွင် ၄ ဒသမ ၅ လီတာ သတ်မှတ်အသုံးပြုနေခြင်းဖြစ်ကြောင်း၊ ထို့အတွက် ဆီပန့်များအား တစ်ဂါ လန်လျှင် ၄ ဒသမ ၅ လီတာဖြင့် ချိန် ညှိကာတပ်ဆင်ထားကြောင်း၊ စစ်ဆေး ရေးအဖွဲ့မှ လာရောက် စစ်ဆေးရာတွင် နိုင်ငံတကာသုံးဖြစ်သည့် ဗြိတိန်၏ အခြင်အတွယ် သတ်မှတ်ချက်ဖြစ်သော တစ်ဂါလန်လျှင် ၄ ဒသမ ၅၄၆ လီ တာပါဝင်သည့် အခြင်အတွယ်ဖြင့် စစ်ဆေးခြင်းကြောင့် ကွဲလွဲခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ယခုဆီလျော့သည့် စာရင်းတွင် ပါဝင်သည့် အချို့ဆိုင်များမှာမူ ဆီထည့်သည့်ပန့်အား တစ်ဂါလန်အတွက် ၄ ဒသမ ၃ လီတာဖြင့်ချိန်ညှိကာသီးသန့် လျော့နည်းစေရန် ရည်ရွယ်ပြုလုပ်သည့် ဆိုင်များရှိသည်ဟု ပုဂ္ဂလိကဆီဆိုင် လုပ်ငန်းရှင်အချို့ထံမှ သတင်းရရှိသည်။ ဆိုင်အများစုမှာမူ တစ်ဂါလန် ၄ ဒသမ ၅ လီတာထက်ပို၍ပင်လျော့နည်း ပြီးဆီဖြည့်သည့်အခါ ကားပေါ်မှဆင်းကာ စောင့်ကြည့်ရကြောင်း၊ သို့သော် ဆီဖြည့်သည့် ပန့်ကို ပြုပြင်ထားခြင်း ဖြစ်သည့်အတွက် မည်သို့ပင်စောင့်ကြည့် သည်ဖြစ်စေ ဆီအခြင် အတွယ်မပြည့်ကြောင်း၊ ဆိုးရွားစွာလျော့နည်းသည့် ဆိုင်များလည်းရှိကြောင်း ကားလုပ်ငန်းရှင်များက ပြောကြားခဲ့သည်။ ဆီဆိုင်လုပ်ငန်းရှင်တစ်ဦးက “အခုလျော့တဲ့အထဲမှာ နှစ်မျိုးရှိတယ် တစ်မျိုးက အခြင်အတွယ် စနစ်ကြောင့် နောက်တစ်မျိုးက တမင်သီးသန့်ခိုးတဲ့ သဘောလုပ်ထားကြတာပါ။ တစ်ဂါလန်ကို ၄ ဒသမ ၃ လီတာအထိ လျော့ပြီးစားနေတဲ့ ဆိုင်တွေလည်းရှိ တယ်”ဟု ထုတ်ဖော်ပြောပြခဲ့သည်။ ![]()
ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင် (ဓာတ်ပုံ - ၀င်းမြင့်ကျော်)
တွံတေးမြို့နယ်အတွင်း ငါးမွေးမြူသူ လုပ်ငန်းရှင်တစ်ဦးကလည်း "စက်သုံး ဆီဆိုင်တွေကို အစိုးရကိုင်တုန်းကလဲ ဒီလိုဆီမပြည့်တဲ့ ဒဏ်ကိုခံစားရတဲ့ ဘ၀တွေကို ကျွန်တော်တို့ ဖြတ်သန်း ခဲ့ရပြီးပြီ။ ပန့်ကိုင်တွေဆီဆိုင် တာဝန်ခံတွေပဲ ချမ်းသာ။ အခုပုဂ္ဂလိကကို လွှဲတဲ့အခါ ဒီဒဏ်တွေကလွတ်ပြီလို့ တွေးထားတာ။ တောင်းတဲ့ဈေးဆစ်လို့မရဘူး ပေးရတာ။ အခြင်အတွယ်လေးတော့ ပြည့်အောင်ပေးဖို့ ၀ယ်သုံးတဲ့သူအနေ နဲ့ပြောချင်တယ်။ ကျွန်တော်တို့က ငါးမွေးတာ အမြတ်နည်းနည်းလေးနဲ့ ရပ်တည်နိုင်အောင်လုပ်နေရတာ။ ဒါဖိုးတွေပါ ထပ်ကုန်နေတာမျိုးတော့ မဖြစ်သင့်တော့ဘူး။ အခုလိုထုတ်ပြန်တာ ကောင်းပါတယ်”ဟု ပြောပြခဲ့သည်။ မက်စ်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက”ဒီမှာက တစ်ဂါလန်ကို ၄ ဒသမ ၅ လီတာနဲ့ပဲ စွဲစွဲမြဲမြဲသုံး လာတဲ့အတွက် ဂျပန်က ပန့်လာဆင် ပေးတဲ့သူက ၄ ဒသမ ၅ လီတာနဲ့ လုပ်ခဲ့တယ်။ စစ်ဆေးတဲ့အခါ ဗြိတိန် အတိုင်းအတာဖြစ်တဲ့ တစ်ဂါလန်ကို ၄ ဒသမ ၅၄၆ နဲ့စစ်ဆေးတော့ တစ်ဂါလန်ကို ၀ ဒသမ ၀၄၆ လီတာ လျော့ပြီး စာရင်းထဲပါသွားတာပါ။ အဓိကပြောချင်တာက ဂါလန်နဲ့လီ တာသတ်မှတ်မှုကွာခြားသွားလို့ပါ။ ပြည်ပကသွင်းတော့ တန်နဲ့ သွင်း တယ်၊ ဆိုင်မှာ တပ်ထားတဲ့ပန့်ကျ တော့ လီတာစနစ်နဲ့ ပန့်တပ်တယ်၊ ရောင်းတော့ ဂါလန်နဲ့ရောင်းတာ ဒီ တော့အခြင်အတွယ်စနစ်သုံးမျိုးဖြစ် ပြီး အဆင်မပြေဘူး။ အခုဝယ်ယူသုံး စွဲသူတွေအဆင်ပြေအောင် ကျွန်တော့် ဆိုင် အားလုံးကို လီတာနဲ့ပဲ ရောင်းချ ပေးမယ်။ လီတာနဲ့ရောင်းချပြီး ဆီ အပြည့်အ၀ရဖို့ အာမခံပါတယ်။ အစစ် ဆေးလည်းခံနိုင်တယ်၊ ဒါမှလျော့ တယ်ဆိုရင်လည်း ကျွန်တော်တို့ ကုမ္ပဏီက တာဝန်ယူပေးသွားမယ်။ ၀ယ်ယူသုံးစွဲသူတွေ အနေနဲ့ ဒီလို ရောင်းလို့မှ နစ်နာတယ် မပြည့်ဘူး ဆိုရင်ဥပဒေကြောင်းအရပါ ကျွန်တော်တို့ကို အရေးယူနိုင်ပါတယ်။ ဒီအထိ ကျွန်တော်တို့ တာဝန်ယူပေးမှာပါ။ အခု ဖြစ်တာကလည်း အခြင်အတွယ် သတ်မှတ်မှုကွာခြားခဲ့လို့ပါ။ စစ်တာက ကုမ္ပဏီ တစ်ခုရဲ့ဆိုင်ခွဲတစ်ခုစီကိုပဲ စစ်တာပါ” ဟု ဂါလန်ဖြင့်ရောင်းချနေရာမှ လီတာ ဖြင့်ပြောင်းလဲရောင်းချမည့် အပေါ်ပြောကြားခဲ့ပါသည်။ ၂၀၀၀ စက်သုံးဆီအရောင်းဆိုင် မှ တာဝန်ရှိသူတစ်ဦးက”ကျွန်တော် တို့က တစ်ဂါလန် ၄ ဒသမ ၅ လီတာနဲ့ အများတွက်သလို တွက်ပြီး လုပ်ထားလို့စစ်ဆေးတဲ့စံချိန်နဲ့အနည်း ငယ်လွဲသွားတာဖြစ်မှာပါ။ စာရင်း ထုတ်ပြန်တဲ့အခါမှာတော့ တကယ် အများကြီးလျော့ရောင်းတဲ့ဆိုင်နဲ့ ကျွန်တော်တို့လို အခြင်အတွယ် စနစ်ကြောင့် စစ်ဆေးမှုနဲ့ ကွဲလွဲရတဲ့ဆိုင် တွေကိုတော့ ခွဲခွဲခြားခြားလေးထုတ် ပြန်ပေးစေချင်ပါတယ်။ ကျွန်တော်တို့ တစ်ဂါလန် ၄ ဒသမ ၅ လီတာနဲ့အပြည့် တွက်ပြီးရောင်းပေးခဲ့တာပါ”ဟု ပြော ကြားခဲ့သည်။ Denko စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက”ကျွန် တော်တို့က အစကတည်းက အများ စုအသုံးပြုနေတဲ့ အခြင်အတွယ်ဖြစ်တဲ့ တစ်ဂါလန်ကို ၄ ဒသမ ၅ နဲ့ တိတိ ကျကျရောင်းနေတာပါ။ စစ်ဆေးပြီး ထုတ်ပြန်တဲ့အခါမှာ ဘာကြောင့်လဲ လျော့တာလဲဆိုတာတော့ မေးစေချင် တယ်။ အခုဆိုရင် တစ်လီတာကို ဘယ်လောက်နဲ့စံထား တယ်ဆိုတာကို သတ်မှတ်လိုက်ပါ။ အဲဒီအတိုင်း တိတိကျကျနဲ့ ရောင်းပေးဦးမှာပါပဲ။ အခုလည်း ကျွန်တော်တို့အများစု စံထားတဲ့နှုန်းနဲ့ ရောင်းနေတာဖြစ်လို့ စစ်ဆေးတဲ့ အဖွဲ့ စံထားတာနဲ့ ကွဲလွဲပြီးဖြစ်တာ”ဟု ပြောကြားခဲ့ပါသည်။ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေ နံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း မှ စက်သုံးဆီအရောင်းဆိုင် ၂၄၆ ခုကို ပုဂ္ဂလိကကဏ္ဍသို့ စက်သုံးဆီရောင်း ချခြင်းလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း က အဆိုပြုလွှာခေါ်ယူခဲ့ပြီး ကနဦး အနေဖြင့် ကုမ္ပဏီ ၂၀ ကျော်မှ လုပ် ကိုင်ခွင့်ရရှိသွားသည်။ ယင်းနောက် ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့တွင် ပုဂ္ဂလိကစက်သုံးဆီဆိုင်များအဖြစ် စတင်ဖွင့်လှစ် ရောင်းချခဲ့ခြင်းဖြစ်သည်။ စတင်ဖွင့် လှစ်ပြီးနောက် ပြည်ပဈေးနှင့် ပြည် တွင်းဈေး ကွာဟသည့်ဖြစ်ရပ်များကြုံ တွေ့ခဲ့ပြီးနောက်ပိုင်းတွင် ဆီအခြင် အတွယ်မပြည့်ခြင်း၊ ဆီအရည်အသွေး မပြည့်မီသည့် ဝေဖန်မှုများဆက် တိုက်ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် စက်သုံးဆီဆိုင်ဖွင့် လှစ်ခွင့်ရရှိသည့် ဆိုင်အရေအတွက် မှာ နည်းပါးလွန်းသည့် အတွက် ပြည်တွင်းဈေး၊ ပြည်ပဈေးကွာဟချက်များ ဖြစ်ပေါ်သည့် ဝေဖန်မှုနှင့်အတူ လက်ဝါးကြီးအုပ်ကာ ဈေးညှိရောင်းချမှုရှိသည့် ဝေဖန်မှုများပါ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးသူများ အသင်းအား ဖွဲ့စည်းထားပြီး ဥက္ကဋ္ဌအနေဖြင့် ဦးတေဇ(ဥက္ကဋ္ဌ၊ ထူးထရေးဒင်း)မှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် အောက်တိန်းအား အဆို ပါအသင်းမှသာတာဝန်ယူတင်သွင်းပြီး ပြန်လည်ဖြန့်ဖြူးနေခြင်းဖြစ်သည်။ ![]() |
Sunday, October 7, 2012
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment