Pages

Thursday, January 24, 2013


"ငြိမ်းချမ်းရေးခရီးရှည်လမ်းလျှောက်သူတွေကို ဒေသခံအာဏာပိုင်တွေ နှောင့်ယှက်မှုရှိ "
Thursday, January 24, 2013

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်ဆိုင်းရေး အတွက် ရန်ကုန်မြို့ကနေ KIO ဌာနချုပ်ရှိတဲ့ တရုတ်-မြန်မာနယ်စပ်က လိုင်ဇာမြို့ကို လမ်းလျှောက် ချီတက် ကြတဲ့ ငြိမ်းချမ်းရေး လိုလားသူ(၅၀)ကျော်ဟာ ဒီကနေ့မှာတော့ ပဲခူးမြို့ကနေ ဒိုက်ဦးမြို့အထိ ရောက်ရှိနေပါတယ်။

ခရီးစဉ်တလျှောက်မှာ သူတို့တည်းခိုဖို့ ပြင်ဆင်ကြတဲ့ နေရာတွေကို တည်းခိုခွင့်မရအောင် ဒေသခံ အာဏာပိုင်တွေဖက်က ဖိအားပေးတာမျိုးတွေရှိတယ်လို့ ငြိမ်းချမ်းရေးခရီးစဉ် လမ်းလျှောက်ရာမှာ ပါဝင်တဲ့ ကိုရန်နိုင်ထွန်းက RFAကို ပြောပါတယ်။

ငြိမ်းချမ်းရေးအတွက် ရည်မှန်းချက်ထားပြီး လမ်းလျှောက်သူတွေဟာ မနက်ဖြန်မနက် အစောပိုင်းမှာ ဒိုက်ဦးမြို့က ဒေသခံတွေနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေးကျောက်တိုင် စိုက်ထူဖို့ရှိပါတယ်။

ဒါ့အပြင် ရန်ကုန်မှာရှိတဲ့ နာရေးကူညီမှုအသင်းကလည်း ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေအတွက် ဆေးဝါး၊ အသုံးအဆောင်နဲ့ ငွေကျပ် (၁ဝ) သိန်းတို့ကို လှူဒါန်းကြသလို၊ လမ်းတလျှောက်မှာရှိတဲ့ မြို့တွေက ဒေသခံတွေကလည်း စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းစီစဉ်ပေးခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေဟာ ကြိုတင်ခွင့်ပြုချက်ရယူခဲ့ခြင်း မရှိတာကြောင့်မြို့နယ် ၈ မြို့နယ်ကရဲစခန်း တာဝန်ရှိသူတွေက တရားစွဲ ဆိုထားတယ်လို့လည်း သိရပါတယ်။

မိုင်ပေါင်း ၈၀၀ကျော် ဒီလမ်းလျှောက်ပွဲကို ဇန်န၀ါရီလ (၂၁)ရက်နေ့ မနက်ပိုင်းက စတင်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ စတင်ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။
RFA Burmese


  • Nay Lin သူတို့တွေရဲ့လမ်းလျှောက်ခြင်းကို..အားပေးရုံတင်မကဘူး..သူတို့တွေရဲ့လုံခြုံရေးကိုပါ.ယူပေးရမယ့်ဟာကို..နှောင့်ယှက်နေမှတော့..နှောင့်ယှက်တဲ့သူတွေက.ငြိမ်းချမ်းရေးကိုမလိုချင်ဘူးဆိုတာထင်ရှားနေပြီ..

0 comments:

Post a Comment

 

Blogger news

Blogroll

About