Pages

Wednesday, October 17, 2012

တရားရေးဆိုင်ရာ အဆောက်အဦး များ မှုလအတိုင်း ပြန်လည် ထားရှိရေး ရှေ့နေများ ကွန်ယက် ဆန္ဒပြ

ရန်ုကုန်၊ အောက်တိုဘာ ၁၇

တရားရေးဆိုင်ရာ အဆောက်အဦး များ မှုလအတိုင်း ပြန်လည် ထားရှိရေး အတွက် ယနေ့ နံနက် ၁ဝနာရီ တွင် ရှေ့နေများ ကွန်ယက်မှ ရှေ့နေ အင်အား ၁၅ဝကျော်ခန့် က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်းမှ ဘဏ်လမ်းရှိ စုပေါင်း တိုင်း တရားရုံးကြီး ရှေ့အထိ ငြိမ်းချမ်းစွာ စီတန်း လမ်းလျောက် ဆန္ဒပြ ခဲ့ကြကြောင်း တရားလွှတ်တော် ရှေ့ နေ ဦးကိုနီက ပြောကြားသည်။

ယင်းဆန္ဒ ထုတ်ဖော်ပွဲ မှာ အချိန် တစ်နာရီကျော် ခန့် ကြာမြင့်ပြီး ဆန္ဒပြခွင့် ရသည့် ရှေ့နေ ၁၅ဝဦး နှင့် အခြား ရှေ့ နေများ အပါအဝင် အင်အား ၂၅ဝခန့် ဆန္ဒထုတ်ဖော် ခဲ့ကြောင်း ဦးဆောင် ဆန္ဒပြသူများ ထံမှ သိရသည်။

အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ရန်ကုန်တိုင်း ဒေသကြီး တရားလွတ်တော် နှင့် စုပေါင်း တိုင်းတရားရုံးကြီး တို့ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း ကို လက်မခံနိုင် သောကြောင့် ယခုကဲ့သို့ ဆန္ဒ ဖော်ထုတ် ရခြင်း ဖြစ်ကြောင်း ရှေ့နေများ ကွန်ယက် နာယက အသက် ၉၁ နှစ်ရှိ တရားလွတ်တော် ရှေ့နေ ဦးသန်းတင် က ပြောကြားသည်။

သတင်း - ဓါတ်ပုံ The Voice Weekly



0 comments:

Post a Comment

ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 

0 comments:

Post a Comment

 

Blogger news

Blogroll

About