Pages

Sunday, October 28, 2012

မကွေး NLD‭ ‬ပါတီဝင်များ‭ ‬အစုလိုက် ပါတီ ကူးပြောင်းသတင်း မမှန်ဟု ဆို

ရန်ကုန်‭၊ အောက်တိုဘာ‭ ၂၈ ‭

‬မကွေးတိုင်း ဒေသကြီး‭ ‬ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ သို့‭ ‬အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ‭ ‬ပါတီဝင်‭ ‬၃၀၀‭ ‬ကျော် ကူးပြောင်းသည့်‭ ‬သတင်းသည်‭ ‬ဟုတ်မှန်ခြင်း မရှိဘဲ‭ ‬ပါတီဝင် ရှစ်ဦးခန့် သာ ကူးပြောင်း‭ ‬ခြင်း ဖြစ်သည်ဟု‭ ‬NLD‭ ‬တိုင်း ဒေသကြီး‭ ‬ကော်မရှင်‭ ‬ဦးစိုးမိုးက The Voice Weekly‭ ‬ကို ပြောကြားသည်။ ‭

‬မကွေးတိုင်း ဒေသကြီး‭ ‬အင်တိုင်းကြီး ကျေးရွာအုပ်စု ဒေါင်းနေ ရွာ အပါအ၀င်‭ ‬အဖွဲ့ဝင်‭ ‬၀င်ထားပြီးသူ‭ ‬၃၀‭ ‬ဦးခန့် အနက်‭ ‬ဒေါင်းနေရွာ မှ‭ ‬၈ဦး ခန့်သာ‭ ‬ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး‭ ‬ပါတီသို့‭ ‬ကူးပြောင်းခြင်း ဖြစ်ကာ‭ ‬ပါတီဝင်‭ ‬၃၀၀‭ ‬ကျော် ကူးပြောင်းသည် မှာ‭ ‬မမှန်ကြောင်း‭ ‬၄င်းက ဆက်လက် ရှင်းပြသည်။ ‭

‬"မနေ့‭ ‬ကွင်းဆင်း လေ့လာ ခဲ့ပါတယ်‭၊ အစုလိုက် အပြုံလိုက်‭ ‬ကူးပြောင်းတယ် ဆိုတာ‭ ‬မဟုတ်ပါဘူး‭ ‬အဲ့ဒီ သတင်း‭ ‬ပါတဲ့‭ ‬သတင်း ဌာန တွေနဲ့လည်း တွေ့ပြီး ပါပြီ‭"‬ ဟု‭ ‬၄င်းက ဆိုသည်။‭ ‬အင်းတိုင်းကြီး ကျေးရွား အုပ်စု‭ ‬ဒေါင်းနေရွာ မှ‭ ‬အဖွဲ့ဝင် အဆိုပြုလွှာ‭ ‬၃၀၀ကျော် လက်ခံ ရရှိခဲ့ကြောင်း၊‭ ‬နေ့ချင်းပြီး‭ ‬ပါတီဝင်ကဒ် ထုတ်ပေး ခဲ့ကြောင်း‭ ‬အားလုံး NLD‭ ‬ပါတီဝင် များ မဟုတ်ပဲ‭ ‬တစ်ချို့သာ NLD‭ ‬ပါတီ ၀င် ဖြစ်ကြောင်း‭ ‬ဒေသခံ ကျေးရွာသား များအား မေးကြည့်‭ ‬စေလိုကြောင်း‭ ‬ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏‭ ‬တိုင်းဒေသကြီး စည်းရုံးရေး တာဝန်ခံ‭ ‬ဦးကျော်ဇေယျ က‭ ‬ပြောကြားသည်။ ‭

‬ဒေါင်းနေ ရွာသား များသည်‭ ‬တောသူ တောင်သားများ ပီပီ‭ ‬အားကိုး ရှာရကြောင်း‭ ‬ပြီးခဲ့သည့်‭ ‬ဧပြီ လ ရွေးကောက်ပွဲ တွင်‭ ‬အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို‭ ‬ထောက်ခံ ခဲ့ ပြီး‭ ‬မိမိအိမ် တွင်‭ ‬ကိုယ်တိုင် ငွေ အကုန် အကျ ခံကာ‭ ‬ဆိုင်းဘုတ် တင်ခဲ့ကြောင်း‭ ‬ဆိုင်းဘုတ်ကို‭ ‬မည်သည့်‭ ‬အကြောင်း ကြောင့်မှန်း မသိ‭ ‬ဖြုတ်ချ ခိုင်းသဖြင့်‭ ‬ရွာတွင် သိက္ခာ ကျသွား၍‭ ‬ကြံခိုင်ရေး ပါတီသို့‭ ‬ကူးပြောင်းခြင်း ဖြစ်ကြောင်း‭ ‬ဒေါင်းနေ ရွာမှ‭ ‬NLD‭ ‬ပါတီဝင် ဟောင်း‭ ‬ဦးစိုးနိင် က ပြောကြားသည်။ ‭

‬"သုံးရာကျော်‭ ‬တော့ မဟုတ် ပါဘူး‭၊ ‬၅၀ လောက်တော့‭ ‬ပြည်ခိုင်ဖြိုး ကို ၀င်ကြတယ်‭ ‬အားလုံး လည်း NLD‭ ‬မဖြစ် သေးတာလည်း ပါတယ်‭"‬ ဟု‭ ‬ဦးစိုးခိုင် က ဆိုသည်။ ‭

‬ပါတီ ဗဟို‭ ‬ရဲ့‭ ‬စည်းကမ်း အရ‭ ‬ကျေးရွာအုပ်စု တစ်စု‭ ‬ပါတီ ဆိုင်းဘုတ် တစ်ခုသာ‭ ‬ထားရမည်‭ ‬ဆိုသည့်‭ ‬မူ အရ‭ ‬ဦးစိုးခိုင် အိမ်မှ‭ ‬ဆိုင်းဘုတ်ကို‭ ‬ဖြုတ်ချ ရခြင်း ဖြစ်ကြောင်း၊ ‬လူ့သဘော သဘာဝ‭ ‬အရ‭ ‬စိတ်ပြောင်း ပြီး‭ ‬ပါတီ ကူးပြောင်းခြင်း မျိုး ဖြစ်တတ် ကြောင်း‭ ‬ဦးစိုးမိုး က‭ ‬မှတ်ချက်ပြု ပြောဆိုသည်။ ‭

‬မကွေးတိုင်း ဒေသကြီး‭ ‬၂၅ မြို့နယ် တွင်‭ ‬ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီဝင်‭ ‬တစ်သိန်း နှစ်သောင်း ခန့် ရှိကြောင်း‭ ‬ပြီးခဲ့သည့်‭ ‬ကြားဖြတ်‭ ‬ရွေးကောက်ပွဲ တွင်‭ ‬ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ အနေဖြင့်‭ ‬မဲ သုံးသောင်း ကျော်‭ ‬ရရှိပြီး‭ ‬အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ‬မဲ ကိုးသောင်းကျော် ရရှိခဲ့ကြောင်း၊ ‬ပါတီ အနေဖြင့်‭ ‬ဒေါင်းနေ ရွာတွင်‭ ‬ပညာရေး၊ ကျန်းမာရေး နှင့်‭ ‬ရေ ရရှိရေး အတွက်‭ ‬ရေပိုက်များ ဆောင်ရွက် ပေးခဲ့‭ ‬ကြောင်း‭ ‬ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်မှု များကြောင့် ‬အဆိုပြုလွှာ များ‭ ‬တိုးလာခြင်း ဖြစ်နိင်ကြောင်း‭ ‬ဦးကျော်ဇေယျ က‭ ‬သုံးသပ် ပြောဆိုသည်။

The Voice Weekly


၂၀.၂.၂၀၁၂ ရက်နေ့ က အဖွဲ့ ချုပ်မှ သဘာပတိ ဦးဝင်းတင် နှင့်အဖွဲ့ မကွေးပြည်သူတွေ နှင့် တွေ့ ဆုံခဲ့စဉ်

0 comments:

Post a Comment

 

Blogger news

Blogroll

About