Pages

Saturday, October 13, 2012


ငြိမ်းချမ်းရေးနိုဗယ်လ်ဆုအတွက် ခန့်မှန်းခံရသူများထဲတွင် သမ္မတဦးသိန်းစိန် ပါဝင် PDF Print
Wednesday, 10 October 2012 11:12
AddThis Social Bookmark Button
thn-10-10-4
ယခုနှစ် နိုဗယ်လ်ဆုရာသီသည် အောက်တိုဘာလ ၈ ရက်နေ့တွင် စတင်လိုက်ပြီဖြစ်ပြီး ငြိမ်းချမ်းရေး နိုဗယ်လ်ဆုအတွက် ခန့်မှန်းခံရသူများထဲတွင် သမ္မတဦးသိန်းစိန်အမည် ပါဝင်လာသည်ကို တွေ့ရသည်။
နိုဗယ်လ်ငြိမ်းချမ်းရေးဆု ကော် မတီသည် ဆုအတွက် အမည်စာရင်း တင်သွင်းခံရသူများ၏ အမည်များကို ထုတ်ဖော်ကြေညာလေ့မရှိသော်လည်း နော်ဝေနိုင်ငံ၊ အော်စလို ငြိမ်းချမ်းရေးသုတေသနအင်စတီကျု၏ အကြီးအကဲ Kristian Berg Harpvi- ken က ကော်မတီ၏ လုပ်ဆောင်ပုံများကိုလေ့လာကာ နှစ်စဉ် ဆုရရှိနိုင်ခြေရှိသူများ၏စာရင်းကို ထုတ်ပြန်လေ့ရှိသည်။
၎င်းထုတ်ပြန်သောစာရင်းတွင် သမ္မတဦးသိန်းစိန်၏ အမည်သည် အမေရိကန်နိုင်ငံရေးသီအိုရီပညာရှင် Dr Gene Sharp ၊ ရုရှားအခွင့်အရေး အဖွဲ့ Memorial နှင့် ၎င်းကို တည် ထောင်သူ Ms Svetlana Gannush- kina၊ ရုရှားနိုင်ငံမှ အမှီအခိုကင်းပြီး လွတ်လပ်သောမီဒီယာအဖွဲ့ Echo Of Moscow နှင့် ၎င်း၏အယ်ဒီတာချုပ် Mr Alexei Venediktov၊ ဘာသာရေးကို အလွဲသုံးစားပြုခြင်းကို ဆန့်ကျင်သူများဖြစ်ကြသည့် Archbishop John Onaiyekan၊ Sultan of Sokoto Mohamed Sa'ad Abubakar  တို့၏ အမည်စာရင်းနှင့်အတူ ပါဝင်လာခြင်းဖြစ်သည်။
Photo- AFP

0 comments:

Post a Comment

 

Blogger news

Blogroll

About