Pages

Sunday, October 7, 2012

လွတ်လပ်သော သတင်းစာသည်သာ သမိုင်းကိုပြောနိုင်ကြောင်း ဟံသာဝတီ ဦးဝင်းတင်ပြောကြား PDF Print
Sunday, 07 October 2012 13:31
AddThis Social Bookmark Button
8014 လွတ်လပ်သော သတင်းစာသည်သာ သမိုင်းကိုပြောနိုင်ကြောင်း ဟံသာဝတီဦးဝင်းတင်က ‘သတင်းစာ များက သမိုင်းကိုပြောနေကြသည်’ ဆွေးနွေးပွဲတွင်ပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို အောက် တိုဘာလ ၆ ရက်နေ့က ရန်ကုန်မြို့ ရှိ Central Hotel တွင် သံလွင် (Citizen Empowerment Program) က စီစဉ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် ၀ါရင့်သတင်းစာဆရာကြီးများ ဖြစ်ကြသည့် ဟံသာဝတီဦးဝင်းတင်နှင့် ကြေးမုံဦးကိုကိုကြီးတို့က သတင်းစာနှင့်သမိုင်းဆက်နွှယ်ပုံ အကြောင်းများကို ဟောပြော ဆွေးနွေးခဲ့ကြသည်။
“လွတ်လပ်တဲ့ သတင်းစာကသာ သမိုင်းကို ပြောနိုင်ပါတယ်။ နောက်ထပ်တစ်ခုက သတင်းစာတစ်စောင်ဟာ အနှောင်အဖွဲ့ကင်းရပါမယ်။ စာနယ်ဇင်းသမားတွေဟာ မိမိတို့ဆိုင်ရာ ကဏ္ဍရဲ့သမိုင်းတွေကို လေ့လာမှု ရှိရပါမယ်”ဟု ဟံသာဝတီဦးဝင်းတင် က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ စာနယ်ဇင်းသမားဘ၀မှာ အတော်လေးခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရတယ်။ အရင်အချိန်က သတင်းစာသမားတစ်ယောက်ဖြစ်ဖို့ ဆိုတာ ဒီကနေ့ခေတ် လောက်မလွယ်ကူပါဘူး။ အခုအချိန် မှာသတင်းလွတ်လပ်ခွင့်အထိုက်အ လျောက်ရနေပြီ၊ ရေးသားခွင့်ရနေပြီဆိုတော့ ရှေ့မှာလျှောက်လှမ်းခဲ့ကြတဲ့ သတင်းစာဆရာကြီးတွေရဲ့အကြောင်းကို လေ့လာသင့်ပါတယ်။ စတုတ္ထမဏ္ဍိုင်ဆိုတာ ကျန်တဲ့မဏ္ဍိုင် သုံးရပ်ကို တည့်မတ်အောင်ထိန်း ကျောင်းပေးရတဲ့ အနေအထားဖြစ်တဲ့ အတွက် ဒီစတုတ္ထမဏ္ဍိုင်မှာရှိတဲ့ သ တင်းစာသမားတွေဟာ ကိုယ့်ရဲ့အတွေးအခေါ်၊ ရပ်တည်ချက် အမြင်တွေနဲ့ သွားနေတဲ့သမိုင်းမှတ်တမ်းတွေကို တင်ပြရပါမယ်။ သတင်းစာသမား တွေဟာ ခံယူချက်ဝမ်းစာပြည့်ရပါ မယ်။ ၀မ်းစာဆိုတာ အမှားအမှန်ကို တွေးခေါ်တတ်ရမယ်၊ ဝေဖန်ပိုင်းခြားတတ်ရမယ်၊ ရဲရဲဝံ့ဝံ့တင်ပြရဲတယ်ဆိုတဲ့ ခံယူချက်တွေနဲ့လုပ်ဖို့လိုပါတယ်။ အမှန်ဘက်က ရပ်တည်ယုံတင်မကဘဲ အမှားကိုလည်းဖော်ထုတ်ရမယ်။ အမှားကိုဖြိုခွဲရမယ်ဆိုတဲ့ ရပ်တည် ချက်နဲ့ ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းလိုပါတယ်”ဟု ကြေးမုံ ဦးကိုကိုကြီးက ပြောကြားခဲ့သည်။
“အားလုံးသိတဲ့အတိုင်း  ဒီမိုကရေစီဖော်ဆောင်ရေးနဲ့ ဒီမိုကရေစီစနစ်မှာ စတုတ္ထမဏ္ဍိုင်ဟာ အရေးကြီး တဲ့ ကဏ္ဍမှာ ရှိနေပါတယ်။ အရေးကြီးတဲ့ စတုတ္ထမဏ္ဍိုင်ပိုမို အားကောင်းရေးအတွက် ကျွန်တော်တို့ရဲ့ ပထမ ဦးဆုံးအစီအစဉ်အဖြစ် (Journalist Empowerment Program) ကို စီစဉ်ရခြင်းဖြစ်ပါတယ်။ ဒီအစီအစဉ်ပြီး ရင် မြန်မာ့နိုင်ငံရေး နောက်ခံသမိုင်း ကြောင်းကို ဆရာကြီးဒေါက်တာကျော် ၀င်း (သမိုင်းဌာန၊ ပါမောက္ခအငြိမ်း စား၊ ရန်ကုန်တက္ကသိုလ်) ကို အပိုင်းလေးပိုင်းခွဲပြီး ပို့ချဖို့စီစဉ်ထားပါတယ်။ နယ်မြို့တွေမှာလည်း ဒီလိုမျိုးဆောင် ရွက်သွားဖို့ ရှိပါတယ်”ဟု သံလွင်အဖွဲ့မှ ကိုဇော်မင်းကျော်က ပြောကြား ခဲ့သည်။
သံလွင်အဖွဲ့သည် မြန်မာ့လူ့ အဖွဲ့အစည်းအတွင်း ဒီမိုကရေစီ အလေ့အထများ ပိုမိုဖွံ့ဖြိုးစေရန်နှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ အားကောင်းလာစေရန် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။

0 comments:

Post a Comment

 

Blogger news

Blogroll

About