Pages

Sunday, October 21, 2012

OIC ဆက်ဆံရေးရုံးဖွင့်ခွင့်မပြုသည့် အပေါ်သံတွဲမြို့တွင် ထောက်ခံဆန္ဒပြ

၂၀၁၂၊ အောက်တိုဘာ၊ ၂၁ ၊  YPI

OIC ဆက်ဆံရေးရုံးဖွင်မည့်ကိစ္စနှင့်ပတ်သက်ပြီး လူထုဆန္ဒဖော်ထုတ်ပွဲကို သံတွဲမြို့တွင် ယနေ့ နေ့နေ့လယ်၁နာရီက ၃နာရီ အထိပြုလုပ်ခဲ့ကြသည်။

ယနေ့ ဆန္ဒထုတ်ဖေါ်မှုဖြင့် သက်ဆိုင်ရာ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး လူထုအင်အား
၆၀၀၀ ခန့်ပါဝင်ကြသည်။

သံတွဲမြို့ တစ်ဖက်ကမ်းတွင်ရှိသော အောင်မြေသာစည်ကျောင်းတိုက်မှ စတင်ပြီး ဗိုလ်ချုပ်လမ်း၊ ရတနာလမ်း၊  ဦးဥတ္တမလမ်း တစ်ပတ်လှည့်လည်ခဲ့ခြင်းဖြစ်သည်။

“OIC အလိုမရှိ ၊  အကြမ်းဖက်ဝါဒကျဆုံးပါစေ ၊ သမ္မတကြီးကိုထောက်ခံပါတယ် စတဲ့ ပိုစတာတွေ ၊ ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်”ဟု သံတွဲ
ဒေသခံတစ်ဦးက YPI သို့ ပြောသည်။


အောက်တိုဘာ ၂၁ ရက်နေ့ တွင် ပြုလုပ်သည့် OIC ဆက်ဆံရေးရုံးဖွင့်လှစ်ခွင့် နှင့် ပတ်သက်သည့် ဆန္ဒထုတ်ဖေါ်ပွဲ (ဓါတ်ပုံ YPI )

အခြားတစ်ဦးကလည်း“ မြို့ထဲကပြန်ထွက်ခါနီးမှာ ကြီးကြပ်လိုက်ပါလာတဲ့ ဆရာတော်တစ်ပါးက ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်သူတွေ  အားလုံး မိမိနေရပ်ကို
အေးအေးချမ်းချမ်းပြန်ကြဖို့အတွက်  တိုက်တွန်းနှိုးဆော်ခဲ့တယ်”ဟု ပြောသည်။

 ရခိုင်ပြည်နယ်ရှိမြို့များသာမက ရန်ကုန်မြို့၌လည်း  OIC ဆက်ဆံရေးရုံးဖွင့်လှစ်မည့် အစီအစဉ်ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ သီတင်းပတ်အနည်းငယ်မှစတင်ကာ ဖြစ်ပွားခဲ့သည့်နောက် နိုင်ငံတော် အစိုးရက ပြည်သူ့ဆန္ဒနှင့်မညီသဖြင့် နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာလ ၁၅ တွင် ကြေငြာခဲ့သည်။

ယင်းကြေညာချက်ထွက်ပေါ်ပြီးနောက်ပိုင်း နိုင်ငံတော် သမ္မတရုံးကြေညာချက်ကို ထောက်ခံသည့် ယခုဆန္ဒထုတ်ဖေါ်မှု ပြုလုပ်ကြခြင်းဖြစ်သည်။     ။



2

0 comments:

Post a Comment

ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

0 comments:

Post a Comment

 

Blogger news

Blogroll

About