Pages

Monday, October 29, 2012

အခန်း ပေါင်း ၅၀၀၀ ခန့်ပါ တန်ဖိုးနည်း အိမ်ရာစီမံကိန်း အကောင်ထည် ဖော်မည်

ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် အခန်း ပေါင်း ၅၀၀၀ ခန့် ပါဝင်မည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို သုံးနှစ်အတွင်း အပြီးသတ် အကောင် အထည်ဖော် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော် မတီ ပြည်သူ့ ဆက်ဆံရေးနှင့် ပြန်ကြားရေး ဌာနမှ ဌာနမှူး ဦးချိုထွန်းအောင်က ပြောကြားသည်။

အဆိုပါ စီမံကိန်းကို ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ၄၈ ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းရှိ မြေအကျယ်အဝန်း ၁၁၄ ဧကတွင် အကောင်အထည်ဖော်မည် ဖြစ်ပြီး အပန်းဖြေ စိမ်းလန်း ဧရိယာ၊ ကလေးကစားကွင်း၊ ယာဉ်ရပ်နားရန် နေရာ၊ Shopping Mall ၊ Mini Mart များနှင့် လေဝင်လေထွက် ကောင်းသော တိုက်ခန်းများ ပါဝင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး
ကော်မတီက အောက်တိုဘာလ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

"စီမံကိန်းနဲ့ ပတ်သက်လို့ အသေးစိတ်တော့ မပြောနိုင်သေးဘူး။ ဒါပေမယ့် အစိုးရသက်တမ်း မကုန်ခင်တော့ ပြီးအောင် အကောင် အထည်ဖော် သွားမယ့် သဘောရှိတယ်" ဟု ဦးချိုထွန်းအောင် က ရှင်းပြသည်။

အဆိုပါ စီမံကိန်း အကောင်အထည် ဖော်ရန် အတွက် ပြည်တွင်း ပြည်ပ ပုဂ္ဂလိက လုပ်ငန်းရှင် များကို တင်ဒါစနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးသွား မည်ဖြစ်ပြီး လုပ်ငန်းရှင်များကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တင်ပြ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆို သည်။

ရန်ကုန်မြို့တွင် လူဦးရေ ခြောက်သန်း ရှိသည့်အနက် ၁၅ ရာခိုင်နှုန်း
ခန့်သာ အိမ်ပိုင်ဆိုင်သူ များ ဖြစ်ကြကြောင်း အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက လူမှုဖူလုံရေး အိမ်ရာစီမံကိန်း အကောင်ထည်ဖော် ဆောင်ရွက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားသည်။

ဒဂုံမြို့ သစ်တွင် ပထမဆုံး တန်ဖိုးနည်း အိမ်ရာဟု သတ် မှတ်ရမည့် အိမ်ရာ စီမံကိန်း မှာ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်က စတင်ခဲ့သော မဟာမြိုင် အိမ်ရာ စီမံကိန်း ရှိခဲ့ပြီး ၊ တော်ဝင် ကုမ္ပဏီကလည်း တန်ဖိုးနည်း ဧည့်အိမ်ရာ စီမံကိန်းတစ်ခု ကိုလည်း မြောက်ဒဂုံ ၄၂ တွင်အကောင်ထည်ဖော်မည်ဟု သတင်းထွက်ခဲ့သော်လည်း ယနေ့အထိ အကောင်ထည်ဖော်နိုင်ခြင်း မရှိ ခဲ့ပေ။

The Voice Weekly


3

0 comments:

Post a Comment

 

Blogger news

Blogroll

About