Pages

Sunday, October 7, 2012


ရန်ကုန်မြို့တွင် နှစ်စဉ်ကြေးဖြင့် ငှားရမ်းသော ကိုယ်ပိုင်ယာဉ် ရပ်နားနိုင်သည့် နေရာအားလုံးကို ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်ကုန်တွင် ခွင့်ပြုတော့မည်မဟုတ် PDF Print
Sunday, 07 October 2012 10:53
AddThis Social Bookmark Button
thn-10-7-2 ရန်ကုန်မြို့တော်တွင် လက်ရှိနှစ်စဉ်ကြေးဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ငှားရမ်းထားသော ကိုယ်ပိုင်ယာဉ်ရပ်နားနိုင်သည့်နေရာများ(ကားပါကင်)  အားလုံးကို ၂၀၁၂-၂၀၁၃ဘဏ္ဍာရေးနှစ်ကုန်(၂၀၁၃ ခုနှစ်မတ်လ ၃၁ ရက်နေ့နောက်ဆုံး) တွင် ထပ်မံခွင့်မပြုတော့ဘဲ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က ပြောကြားခဲ့သည်။
လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း၏ ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း  ငှားရမ်းထားသော ကားရပ်ရန်နေရာများ၊ ကားပါကင်နေရာများတွင် အခြားကားများခဏ၀င်ရောက် ရပ်နားသည့်အတွက်ကြောင့်  မကြာခဏအချင်းများသည်ကို တွေ့ကြုံနေရကြောင်း၊ ထို့အတွက် မြို့တော်စည်ပင်မှ ကားရပ်နေရာများ ငှားရမ်းထားခြင်းသည် ဘဏ္ဍာရေးနှစ် တစ်နှစ်လုံး  တစ်နှစ်လျင် ၂၄နာရီအပိုင် ရပ်နားဖို့အတွက် ငှားရမ်းထားခြင်း ဖြစ်ပါသလား။ ဤကဲ့သို့ ရပ်နားထား ခွင့်ပြုထားခြင်းမဟုတ်ပါကလည်း  ကားရပ်နားခွင့် ငှားရမ်းထားသူများနှင့် အခြားယာဉ်မောင်းများအကြား ပဋိပက္ခအချင်းပွားမှုများ မဖြစ်စေရန် မည်သို့ ပညာပေးဆောင်ရွက်သွားရန် အစီအစဉ်ရှိပါလဲ ဆိုသည့် မေးမြန်းချက်အပေါ်တွင် ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင်း ကားရပ်ရန်နေရာများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ၁၉၉၂ ခုနှစ်က စတင်ပြီး အခွန်ပေးဆောင်ကာ  ၁ စတုရန်းပေလျင် ၈၀၀ကျပ်နှုန်းဖြင့် နောက်ဆုံးခွင့်ပြုပေးကြောင်း၊  ထိုသို့ နှစ်စဉ်ကြေးပေးဆောင်ပြီး ငှားရမ်းထားခြင်းမှာ  ၂၄ နာရီအပိုင် ရပ်နားခွင့်ပြုထားခြင်းမဟုတ်ကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။
''ယခု ရန်ကုန်မြို့တွင်းမှာ မော်တော်ယာဉ် များပြားလာခြင်းကြောင့် ကားရပ်နားရန် နေရာအခက်အခဲများရှိလာသဖြင့် ကိုယ်ပိုင်ယာဉ်ရပ်နားနေရာ ခွင့်ပြုပေးခြင်းအား ၁၇.၆.၂၀၁၂ ခုနှစ်ရက်နေ့ကစပြီး ရပ်ဆိုင်းခဲ့ပါတယ်။ လက်ရှိ ငှားရမ်းထားတဲ့ ကိုယ်ပိုင်ယာဉ် ရပ်နားရန် နေရာအားလုံးကိုလည်း နှစ်စဉ်ကြေးပေးဆောင်ထားသည့်ကာလ နောက်ဆုံးရက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အပြီးမှာ အားလုံးဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ တဖြေးဖြေးတိုးလာတဲ့ မော်တော်ယာဉ်တွေ အဆင်ပြေစွာ ရပ်နားနိုင်ဖို့ ရည်ရွယ် ပြီး သိမ်ဖြူလမ်းမှာ ကွန်ကရစ် လေးလမ်းသွား အပြည့်ကွန်ကရစ်လမ်းခင်းပြီး ဘေးနှစ်ဖက်မှာအလျား ၈၉၀ ပေ၊ အနံ ၁၂ ပေရှိ ယာဉ်ရပ်နားရန်နေရာ ကားပါကင် နှစ်ထည့်သွင်းပြုလုပ်ပေးခဲ့ပြီး ဖြစ်သလို အထက်ကြည့်မြင်တိုင်လမ်း (ဗားကရာလမ်း နှင့် ဟံသာဝတီလမ်းကြား) အရှည် ၄၂၀၀ ပေမှာ ယာဉ်သွားလမ်းဘေး ၁၈ ပေအကျယ် ယာဉ်ရပ်နားနေရာကို ပြုလုပ်ပေးနေပါတယ်။ ဆက်ပြီးတော့  ပုဇွန်တောင်မြို့နယ်မှာလည်း ဗိုလ်တထောင်ဘုရားလမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)စသည်တို့မှာလည်း ယာဉ်ရပ်နားနိုင်တဲ့ နေရာတွေလုပ်ပေးသွားမှာ ဖြစ်ပါတယ်''ဟု ရန်ကုန်မြို့တော် ၀န်ဦးလှမြင့်က ပြောကြားခဲ့သည်။
''၂၀၁၂-၂၀၁၃ မှာ ကိုယ်ပိုင်ယာဉ် ရပ်နားနေရာအားလုံးဖျက်သိမ်းမယ့်နှစ်ပါ။ အားလုံး ဖျက်သိမ်းပြီးပြီဆိုရင်  မည်သူမဆို ခုနကပြောတဲ့ သိမ်ဖြူလမ်းတို့၊အထက်ကြည့်မြင်တိုင် လမ်းတို့၊  စသည့်နေရာတွေက လုပ်ပေးထားတဲ့ Free ကားပါကင်၊ အဲဒီမှာ Free  ရပ်လို့ရအောင် လုပ်ပေးတာ ဖြစ်ပါတယ်''ဟု ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က ပြောဆိုခဲ့ပါသည်။

0 comments:

Post a Comment

 

Blogger news

Blogroll

About