စနေ မင်း shared Infinity Power's photo.
စူပါ ပါဝါကြောင့် ပြန်လည်ထွန်းလင်းလာတဲ့ ရန်ကုန်တက္ကသိုလ် -နိုင်ဘာလ ၂၁ ရက် ၂၀၁၂ခုနှစ် ၊ သတင်း - သစ်ထူးလွင်
အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် သူ၏ သမိုင်းဝင် မိန့်...
ခွန်းကို
“ မြန်မာနိုင်ငံ မင်္ဂလာပါ”ဟု နှုတ်ဆက်ပြီး စတင်လိုက်သည်။ မြန်မာနိုင်ငံ
သမိုင်း တစ်လျှောက်တွင် ပထမဆုံး အမေရိကန် သမ္မတတစ်ဦး၏ ခရီးစဉ်အဖြစ်
လာရောက်သည့် သမိုင်းတွင်သည့် ခရီး တစ်ခု အဖြစ် သမ္မတ အိုဘားမားသည် နိုဝင်ဘာ
၁၉ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး အစဉ်အလာ ကြီးသော်လည်း ကာလ အတန်ကြာ
အထီးကျန် နေခဲ့ရသော ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်၌ မိနစ် ၃၀ ကြာ
မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။
ပိန္နဲရောင်သင်္ကန်းရုံထားသည့်ဆရာေ တာ်
အရှင်ဉာဏိဿ ရ၊ လိမ္မော်ရောင် နှင်းဆီပန်းများ ဝေနေအောင်ပန်ဆင်ထားသည့်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ ရန်ကုန်တက္ကသိုလ်တွင်
ဘ၀ကိုရင်းထားခဲ့သည့်ဖူးသည့် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊
ကိုကိုကြီး၊ ကချင် ရိုးရာ ၊ ကရင်ရိုးရာ၊ ချင်းရိုးရာဝတ်စုံများ
ဝတ်ဆင်ထားသည့်
တိုင်းရင်းသားခေါင်းဆောင် ကိုယ်စားလှယ်များ ၊ အင်္ဂလိပ်စကားကို မိခင်ဘာသာစကားလိုပြောနိုင်ကြသော
အင်္ဂလိပ်စာ သင်ယူနေသော ဆယ်ကျော်သက်ကျောင်းသား၊ ကျောင်းသူများစသော
နယ်ပယ်စုံ၊ အရွယ်စုံ ပရိသတ်တစ်ထောင်ကျော်မှာ သမ္မတ၏ သမိုင်းဝင်မိန့်ခွန်းကို
နားထောင်ခဲ့ကြသည်။ နိုင်ငံရေး အသွင်ကူးပြောင်းမှုများစတင်
လုပ်ဆောင်လာခဲ့သည်မှာ လအားဖြင့်ဆိုလျှင် လ ၂၀ သာရှိသေးသဖြင့် အိုဘားမား
လာရောက်သည်မှာ စောလွန်းသည်ဟု ဝေဖန်မှုများ ညံနေခဲ့သော်လည်း သမ္မတက သူ၏
ကတိစကားကိုထိန်းသိမ်းရန်နှင့် မိတ်ဆွေအသွင်ဆက်ဆံ ရေးကို
လက်ကမ်းလင့်ဖို့လာရောက်သည်ဟု မင်းပရိသတ်များကိုပြောခဲ့သည်။
“ကျွန်တော် သမ္မတအဖြစ်နဲ့ တာဝန်စယူချိန်မှာ အကြောက်တရားနဲ့အုပ်ချုပ်နေကြတဲ့
အစိုးရတွေဆီကို သတင်းစကားတစ်ခုပေးခဲ့တယ်။ ခင်ဗျားတို့လက်သီးဆုပ်ဖြေရင်
ကျွန်တော်တို့ လက်ကမ်းပါ့မယ်လို့ပြောခဲ့တယ်” ဟု သမ္မတက သူ၏
မိန့်ခွန်းအစပိုင်းတွင် မြန်မာနိုင်ငံကို ရည်ညွှန်းပြောဆိုခဲ့သည်။
သမ္မတကဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏
ဂုဏ်သိက္ခာကြောင့်လေးစားခဲ့ရကြော င်း
ထုတ်ဖော်ပြောကြားခဲ့သလို မြန်မာပြည်သူလူထု၏ သတ္တိကို မိန့်ခွန်းအစတွင်
ချီးကျူးပြောဆိုသွားခဲ့သည်။ တနင်္ဂနွေနေ့များတွင် အကျဉ်းကျခံနေရ သူများ၏
မိသားစုဝင်များထံသို့ ရှပ်အင်္ကျီ အဖြူရောင်ဝတ်ဆင်ကာ သွားရောက်ခဲ့သူများ၊
လမ်းမများထက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော ဘုန်းတော်ကြီးများ၊ နာဂစ်
ဆိုင်ကလုန်း တိုက်ခတ်အပြီး ပြည်သူလူထုရဲ့ အားသွန်ခွန်စိုက်
ကူညီခဲ့ကြမှုများ၊ လွတ်လပ်မှု အသံများကို သီကျူးခဲ့ကြသော
ဟစ်ဟော့ပ်အနုပညာရှင်များ၏ စည်းချက်များနှင့် ကျောင်းသားများ၏ အသံတွေကို
ကြားခဲ့သိခဲ့ရသည်ဟု သမ္မတက အသေးစိတ် ထုတ်ဖော်ချီးမွမ်းခဲ့သည်။
“ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှုတွေကြောင့် အထိုက်အလျောက် ပြုပြင်ပြောင်းလဲမှု အသီးအပွင့်လေးတွေဖြစ်လာတယ်။ စလုပ်တုန်းက သေးသေးမွှားမွှားလေးတွေဆိုပေမယ့် အခုလိုမျိုး နိုင်ငံတကာအဆင့် ခေါင်းဆောင်က အသိအမှတ်ပြုလာတယ်ဆိုတာ ဒီအသေးအမွှားလေးတွေကအစ အကြီးကြီးပြုပြင်ပြောင်းလဲမှုအတွ က်
ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပိုပြီးထင်ရှားပါတယ်” ဟု
အဖြူရောင်လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သူ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက အိုဘားမား၏ ပြောကြားချက်ကို မှတ်ချက်ပြုသည်။ ၀ါးလုံးများကို နောက်ခံထား အလှဆင်ထားသော ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ စင်မြင့်ထက်တွင်ရပ်ရင်း အသက် ၅၁ နှစ်သာ ရှိသေးပေမယ့် သမ္မတ ၄ နှစ်သက်တမ်းအတွင်း ဖြူလာသည်ဟု တိုင်းမ်မဂ္ဂဇင်းကရည်ညွှန်းထားသည့် 
ဆံပင်များကို ပိုင်ဆိုင်ထားသော အာဖရိကန်-အမေရိကန် သမ္မတသည်
မြန်မာပြည်သူများကို အခွင့်အလမ်းများပေးနိုင်မည့် စီးပွားရေးတစ်ခု
ပြန်လည်တည်ထောင်ရာတွင် ကူညီသွားမည်ဟုလည်း ကတိက၀တ်ပြုခဲ့သည်။ သမ္မတက
အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးအတွက် ရှေးရှုသွားကြရန်
ပြောကြားခဲ့သလို တိုင်းရင်းသားအရေး ကိစ္စများနှင့်ပတ်သက်၍ ကချင်အရေး ၊
ရခိုင်ပြည်နယ်အရေးတို့ကို ထည့်သွင်းပြောဆိုသွားခဲ့သည်။
သမ္မတအိုဘားမား မြန်မာနိုင်ငံသို့လာရောက်နေစဉ် ခြောက်နာရီအတွင်းတွင် ကချင်ပြည်နယ် ၊ ဖားကန့်ဒေသတွင် တိုက်ပွဲများပြင်းထန်လျက်ရှိသည် ။
မြန်မာတပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် တစ်ရက်တည်း ၉ ချက်တိုင်
ပစ်ခတ်သည်ဟု ဒေသခံများက ပြောကြသည်။ အအေးပိုင်းဒေသ ဖြစ်သည့်
ကချင်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည်များမှာ ရာသီဥတုဒဏ်ကို အန်တုနေကြရသည်။
“မလာခင်ကတော့ ကချင်ကိစ္စကို သူကောင်းကောင်းပြောလိမ့်မယ်လို့ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ သူနည်းနည်းပဲ အဖျားခတ်သွားသလိုပဲဖြစ်သွားတော့ စိတ်မကောင်းဘူးပေါ့။ အားမရဘူး” ဟု မြစ်ကြီးနားမြို့မှ သမ္မတအိုဘားမား မိန့်ခွန်းလာနားထောင်သော ကချင်လူမှုရေးအဖွဲ့အစည်းဖြစ်သည့် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဇွန်ကပြောကြားသည် ။
ဒေါက်တာဆမ်ဇွန်လိုပင် သမ္မတ၏မိန့်ခွန်းကို အားမလိုအားမရဖြစ်မိသူတစ်ဦးမှာ
နိုင်ငံရေးအကျဉ်းသားတစ်ဦး ဖြစ်ခဲ့ဖူးသလို ကျောင်းသားလှုပ်ရှားမှုများတွင်တက်ကြွစွာပါဝင်
နေသည့် ဒီငြိမ်းလင်းဖြစ်သည်။
“ သူပြောသွားတာ နည်းနည်းအပေါ်ယံဆန်တယ်လို့ထင်တယ် ။
ယေဘုယျဆန်တယ်ထင်တယ်။ တကယ်တမ်း ကျွန်တော်တို့ နိုင်ငံတွင်းမှာဖြစ်နေတဲ့
ပြဿနာတွေကို ထင်ထင်ဟပ်ဟပ်ပြောသွားတာ မတွေ့ရဘူး။ ဥပမာဆိုရင်
ပြည်တွင်းပဋိပက္ခတွေ၊ တရားဥပဒေစိုးမိုးရေးမရှိသေးတဲ့ကိစ္စတွေ
ထောက်ပြမသွားဘူး။ လူထုရဲ့ ပါဝင်ပတ်သက်မှုက အားကောင်းဖို့လိုတယ်ဆိုတာတော့
ထောက်ပြသွားတယ်။ ထင်ထားသလိုမဟုတ်ဘဲ အားမလိုအားမရဖြစ်မိတယ်” ဟု
သူ၏ထင်မြင်ချက်ကိုပြောသည်။
ရခိုင်ပြည်နယ်တွင် ကြည့်ပါကလည်း လူပေါင်းခုနစ်သောင်းကျော်မှာ ပဋိပက္ခကြောင့် ဒုက္ခသည်အဖြစ် ရောက်ရှိနေကာ ပြဿနာများမှာ ခုအချိန်ထိ မပြေလည်သေးပေ။ သမ္မတက အမေရိကန်နိုင်ငံကို ဘာသာပေါင်းစုံ ကိုးကွယ်သည့် လူမျိုးပေါင်းစုံနေထိုင်သည့် နိုင်ငံတစ်ခုဖြစ်ပြီး တိုင်းပြည်တွင်း အကွဲကွဲအပြားပြားဖြစ်မှုနဲ့ ပြည်တွင်းစစ်၏ ခါးသီးသောဒဏ်ကို ကြုံတွေ့ခံစားခဲ့ရဖူးသည်ဟု ပြောဆိုခဲ့သည်။ သို့သော် အမေရိကန်လူမျိုးများ အနေနှင့် သမိုင်းတွင် ပြသနိုင်ခဲ့သည်မှာ လူ့နှလုံးသားအတွင်းက အမုန်းတရားကို လျော့ပါးအောင်လုပ်ဆောင်နိုင်ခဲ့ ကြောင်း၊
လူမျိုးစုနှင့် လူမျိုးနွယ်များကြားတွင် အချင်းချင်း
ကွဲပြားခြားနားမှုမျဉ်းများကို မှိန်ဖျော့အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း
သမ္မတက သူ့နိုင်ငံကို နမူနာပေးသည်။
သမ္မတက ၎င်းအနေနှင့် နက်နက်ရှိုင်းရှိုင်းယုံကြည်သည်မှာ
မြန်မာနိုင်ငံအနေနှင့်လည်း ကွဲပြားခြားနားမှုများကို ကျော်လွန်နိုင်ပြီး
နိုင်ငံတွင်းမှာ နေထိုင်သည့် မည်သည့်လူသားမဆို နိုင်ငံ၏ဇာတ်လမ်းမှာ
တစ်စိတ်တစ်ပိုင်းဖြစ်လာနိုင်ကြောင်း
ရခိုင်အရေးကိစ္စကို ရည်ညွှန်းကာပြောဆိုသွားသည်။ ထိုသို့ သမ္မတပြောကြားသည်ကို
အသက် ၁၈ နှစ်အရွယ် အစ္စလာမ်ဘာသာ ကိုးကွယ်သူ မမေသီရိခင်က သူမ၏
မျှော်လင့်ချက်ကို “မျှော်လင့် ချက်ပိုရှိလာတာပေါ့။
ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံက သမ္မတ တစ်ယောက်ကနေပြီးတော့ ဒီကိစ္စကို
စိတ်ဝင်စားတယ်ဆိုတော့ ပြောင်းလဲမှု တစ်ခုခုတော့ရှိလာမယ်လို့
အရမ်းမျှော်လင့်တယ်။ လူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ခံစားချက်အတိုင်းပြောရ မယ်ဆိုရင်
အစ္စလာမ်ဘာသာဝင်ပဲဖြစ် ဖြစ်၊ ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ်
မတရားသတ်ဖြတ်ခံနေရတယ်ဆိုတဲ့ ကိစ္စကြီးက ပြီးမြောက်သွားမယ်ဆိုရင်တော့
ညီမအရမ်းကို ၀မ်းသာမှာ” ဟု ပြောသည်။ သူမသည် မြန်မာလူငယ်ခေါင်းဆောင်
အစီအစဉ်ဖြင့် အမေရိကန်နိုင်ငံတွင် တစ်လတာ သွားရောက်လေ့လာခဲ့သူတစ်ဦးလည်ြး ဖစ်သည်။
မည်သို့ပင်ဖြစ်စေ ကမ္ဘာ့စူပါပါဝါ အမေရိကန်သမ္မတကြောင့် အချိန်အတော်ကြာအောင် ဂုဏ်ရောင်ဂုဏ်ဝါ မှေးမှိန်ခဲ့ရသော ရန်ကုန်တက္ကသိုလ်မှာ တစ်ဖန် ပြန်လည်နိုးထခဲ့သည်။ အိုဘားမားကိုယ်တိုင်ကလည်း ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရန် ရွေးချယ်ရခြင်းမှာ သမိုင်းအစဉ် အလာကောင်းများဖြင့် ကျော်ကြားခဲ့ဖူးသော ရန်ကုန်တက္ကသိုလ်ကို လေးစားသောကြောင့်ဖြစ်ကြောင်း မိန့်ခွန်း၌ထည့်သွင်းပြောကြားခဲ့ သည်။
အဆိုပါ တက္ကသိုလ်မှာ ယခု သူလေးစားအထင်ကြီးရသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ဖခင် မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင် ဖြစ်လာမည့် ကိုအောင်ဆန်း ပညာသင်ယူခဲ့ရာတက္ကသိုလ် ဖြစ်ကြောင်း သူသိသည်။ အိုဘားမားမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သေးသည်။
ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်တို့ကဲ့သို့ ကမ္ဘာကျော်ပုဂ္ဂိုလ်များ မွေးထုတ်ပေးခဲ့ရာ ရန်ကုန်တက္ကသိုလ်၊ မြန်မာပြည်၏ သမိုင်းကြောင်းတွင် ချန်လှပ်ထားရစ် မရသော ရန်ကုန်တက္ကသိုလ်မှာ နိုဝင်ဘာ ၁၉ ရက်တွင် ပထမဆုံး ပစိဖိတ်သမ္မတဟု တင်စားခေါ်ဝေါ်ခံနေရသော သမ္မတ အိုဘားမားကြောင့် ပြန်လည်သက်ဝင် လှုပ်ရှားခဲ့တော့သည်။
ရေးသားသူ- အေးမြကျော်၊ သီဟ ။ ။ 7Day News Journal
ပိန္နဲရောင်သင်္ကန်းရုံထားသည့်ဆရာေ
တိုင်းရင်းသားခေါင်းဆောင် ကိုယ်စားလှယ်များ ၊ အင်္ဂလိပ်စကားကို မိခင်ဘာသာစကားလိုပြောနိုင်ကြသော
“ကျွန်တော် သမ္မတအဖြစ်နဲ့ တာဝန်စယူချိန်မှာ အကြောက်တရားနဲ့အုပ်ချုပ်နေကြတဲ့
“ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှုတွေကြောင့် အထိုက်အလျောက် ပြုပြင်ပြောင်းလဲမှု အသီးအပွင့်လေးတွေဖြစ်လာတယ်။ စလုပ်တုန်းက သေးသေးမွှားမွှားလေးတွေဆိုပေမယ့် အခုလိုမျိုး နိုင်ငံတကာအဆင့် ခေါင်းဆောင်က အသိအမှတ်ပြုလာတယ်ဆိုတာ ဒီအသေးအမွှားလေးတွေကအစ အကြီးကြီးပြုပြင်ပြောင်းလဲမှုအတွ
သမ္မတအိုဘားမား မြန်မာနိုင်ငံသို့လာရောက်နေစဉ် ခြောက်နာရီအတွင်းတွင် ကချင်ပြည်နယ် ၊ ဖားကန့်ဒေသတွင် တိုက်ပွဲများပြင်းထန်လျက်ရှိသည်
“မလာခင်ကတော့ ကချင်ကိစ္စကို သူကောင်းကောင်းပြောလိမ့်မယ်လို့
နေသည့် ဒီငြိမ်းလင်းဖြစ်သည်။
“ သူပြောသွားတာ နည်းနည်းအပေါ်ယံဆန်တယ်လို့ထင်တယ်
ရခိုင်ပြည်နယ်တွင် ကြည့်ပါကလည်း လူပေါင်းခုနစ်သောင်းကျော်မှာ ပဋိပက္ခကြောင့် ဒုက္ခသည်အဖြစ် ရောက်ရှိနေကာ ပြဿနာများမှာ ခုအချိန်ထိ မပြေလည်သေးပေ။ သမ္မတက အမေရိကန်နိုင်ငံကို ဘာသာပေါင်းစုံ ကိုးကွယ်သည့် လူမျိုးပေါင်းစုံနေထိုင်သည့် နိုင်ငံတစ်ခုဖြစ်ပြီး တိုင်းပြည်တွင်း အကွဲကွဲအပြားပြားဖြစ်မှုနဲ့ ပြည်တွင်းစစ်၏ ခါးသီးသောဒဏ်ကို ကြုံတွေ့ခံစားခဲ့ရဖူးသည်ဟု ပြောဆိုခဲ့သည်။ သို့သော် အမေရိကန်လူမျိုးများ အနေနှင့် သမိုင်းတွင် ပြသနိုင်ခဲ့သည်မှာ လူ့နှလုံးသားအတွင်းက အမုန်းတရားကို လျော့ပါးအောင်လုပ်ဆောင်နိုင်ခဲ့
သမ္မတက ၎င်းအနေနှင့် နက်နက်ရှိုင်းရှိုင်းယုံကြည်သည်မှ
မည်သို့ပင်ဖြစ်စေ ကမ္ဘာ့စူပါပါဝါ အမေရိကန်သမ္မတကြောင့် အချိန်အတော်ကြာအောင် ဂုဏ်ရောင်ဂုဏ်ဝါ မှေးမှိန်ခဲ့ရသော ရန်ကုန်တက္ကသိုလ်မှာ တစ်ဖန် ပြန်လည်နိုးထခဲ့သည်။ အိုဘားမားကိုယ်တိုင်ကလည်း ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရန် ရွေးချယ်ရခြင်းမှာ သမိုင်းအစဉ် အလာကောင်းများဖြင့် ကျော်ကြားခဲ့ဖူးသော ရန်ကုန်တက္ကသိုလ်ကို လေးစားသောကြောင့်ဖြစ်ကြောင်း မိန့်ခွန်း၌ထည့်သွင်းပြောကြားခဲ
အဆိုပါ တက္ကသိုလ်မှာ ယခု သူလေးစားအထင်ကြီးရသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ဖခင် မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင် ဖြစ်လာမည့် ကိုအောင်ဆန်း ပညာသင်ယူခဲ့ရာတက္ကသိုလ် ဖြစ်ကြောင်း သူသိသည်။ အိုဘားမားမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သေးသည်။
ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်တို့ကဲ့သို့ ကမ္ဘာကျော်ပုဂ္ဂိုလ်များ မွေးထုတ်ပေးခဲ့ရာ ရန်ကုန်တက္ကသိုလ်၊ မြန်မာပြည်၏ သမိုင်းကြောင်းတွင် ချန်လှပ်ထားရစ် မရသော ရန်ကုန်တက္ကသိုလ်မှာ နိုဝင်ဘာ ၁၉ ရက်တွင် ပထမဆုံး ပစိဖိတ်သမ္မတဟု တင်စားခေါ်ဝေါ်ခံနေရသော သမ္မတ အိုဘားမားကြောင့် ပြန်လည်သက်ဝင် လှုပ်ရှားခဲ့တော့သည်။
ရေးသားသူ- အေးမြကျော်၊ သီဟ ။ ။ 7Day News Journal

0 comments:
Post a Comment