Pages

Sunday, November 11, 2012

ငလျင်ထပ်လှုပ်သဖြင့် ဒုတိယ သမ္မတလှည့်ပြန်

ငလျင်ထပ်လှုပ်သဖြင့် ဒုတိယ သမ္မတလှည့်ပြန်

ငလျင်ထပ်လှုပ်သဖြင့် ဒုတိယ သမ္မတလှည့်ပြန်
.....................................................................................
ရန်ကုန်၊ နိုဝင်ဘာ ၁၁

ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျသွားသော ရတနာသိင်္ခ တံတားစီမံကိန်း သို့ နိုင်ငံတော် ဒုတိယ သမ္မတ လာရောက်နေစဉ် ငလျင် ထပ်မံလှုပ်ခတ် သဖြင့် ယင်းစီမံကိန်းသို့ မလာတော့ဘဲ လှည့်ပြန်သွားခဲ့ကြောင်း ယင်း စီမံကိန်း သို့ ရောက်ရှိနေသည့် မျက်မြင်သက်သေများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

ငလျင်ကြောင့် ရတနာသိင်္ခတံတား ဆောက်လုပ်ရေးလုပ်သား နှစ်ဦးသေ၊
၅ ဦး ပျောက်ဆုံး
.....................................................................................
ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရွှေဘိုမြို့နှင့် ၁၇ မိုင်အကွာရှိ ရတနာသိင်္ခ တံတား ဆောက်လုပ်ရေး စီမံကိန်း တွင် ငလျင်ဒဏ်ကြောင့် ချဉ်းကပ် တံတား ပြိုကျ ပျက်စီးမှုများ ဖြစ်ပွားခဲ့ရာ လုပ်သား နှစ်ဦး သေဆုံးပြီး ငါးဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း
The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

တံတားပြိုကျမှုကြောင့် ဆောက်လုပ်ရေးလုပ်သား ၁၅ဦး ဧရာဝတီမြစ် ထဲသို့ မျောပါခဲ့ပြီး ၁ဝ ဦးဆယ်ယူခဲ့ရာ နှစ်ဦးမှာ သေဆုံးနေကာ ၈ဦးမှာ အခြေနေ စိုးရိမ်နေရကြောင်း နှင့် စုစုပေါင်း လုပ်သား ၃၀ဦးခန့် ဒဏ်ရာ ရရှိကြောင်း ၄င်းက သတင်းပေးပို့သည်။

ရွှေဘိုမြို့မှ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦး “ဆေးရုံကို တံတား စီမံကိန်းက လူနာ ၁၂ယောက် ရောက်နေပါတယ်။ အဲဒီအထဲကသုံးယောက် ကို အခြေနေ စိုးရိမ်ရတဲ့အတွက် မန္တလေးဆေးရုံကို ပို့လိုက်ပါတယ်” ဟု
နေ့လည် တစ်နာရီတွင် The Voice Weekly သို့ ဆက်သွယ်ပြောကြားသည်။

၆ ဒသမ ၈ အင်အားရှိသော ငလျင်ဒဏ်ကြောင့် ရွှေဘိုခရိုင်အတွင်း မလယ်၊ သပြေသာ၊ ထန်းတပင်၊ ရေရှည် ကျေးရွာတို့တွင် ပျက်စီးမှုများပြားခဲ့ပြီး စေတီ ၁၂ ဆူ၊ ဘုန်တော်ကြီးကျောင်း ၈ ကျောင်း၊ ဓမ္မာရုံ ၂လုံးနှင့် ဆေးရုံ လူနာဆောင် တစ်ခု တို့ပျက်စီးခဲ့ကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူ တို့၏ ကနဦး ကောက်ယူထားသော စာရင်းများအရ သိရသည်။

The Voice Weekly


23

0 comments:

Post a Comment

 

Blogger news

Blogroll

About