Pages

Thursday, November 1, 2012

နိုင်ငံတော်အလံကိုပြောင်းပြန်ဇောက်ထိုးပြုလုပ်ပြီးညီလာခံကျင်းပခဲ့သည့် ကြံ့ဖွံ့သတင်းဖော်ပြခဲ့သော TRUE NEWS ဂျာနယ်မှ အယ်ဒီတာချုပ်ဦးမျိုးညွန့်မောင် နုတ်ထွက်ခဲ့ရသည့်အကြောင်းများစွာတို့အနက်မှ တစ်ချက်ကို စုံစမ်းသိရှိရပါသည်။ ယခင်က ရဲရဲတောက်သတင်းများကို အဓိကဖော်ပြလျက်ရှိသော True News ဂျာနယ်ကို CB Bank မှ ကျောထောက်နောက်ခံပြုသော ငွေကြေးဖြင့်ရပ်တည်သည်။ လက်ရှိအစိုးရလက်ထက်တွင် CB ဘဏ်မှာ ကြံ့ဖွံ့၊ နိုင်ငံတော်သမ္မ...
တတို့နှင့် ပတ်သက်သောသတင်းများကို ညိုငြင်မည်စိုး၍ သိပ်မထည့်သွင်းလိုတော့ ဟုသိရသည်။ အဆိုးရွားဆုံးကိစ္စမှာ အဆိုပါသတင်းပါဝင်သည့် True News ကိုအယ်ဒီတာချုပ်မှ မျက်နှာဖုံးအား အချောသတ်ဆောင်ရွက်ထားသည်ကို အယ်ဒီတာချုပ်အိမ်ပြန်ချိန်တွင် တစ်ပုဒ်လုံးမဖြုတ်ရဲသော်လည်း ခေါင်းစဉ်ကို အနည်းငယ် ပျော့သွားအောင်ပြင်ဆင်လိုက်သည်ဟု စုံစမ်းသိရှိရပါသည်။
အပေါ်ဆုံးရှိပုံမှာ အယ်ချုပ်၏ လက်ရာဖြစ်ပြီး အလယ်ပုံမှာ ခေါင်းစဉ်အနည်း ငယ်ပြောင်းပြီးထွက်ရှိလာသော True News ဖြစ်ပါသည်။ နောက်တစ်နေ့တွင် အယ်ဒီတာချုပ်ဦးမျိုးညွန့်မောင်မှာ လက်ရှိတာဝန်ထမ်းဆောင်နေသော ရာထူးမှ နုတ်ထွက်ခဲ့သည်ဟုကြားသိရပါသည်။(ယင်းမှာ နုတ်ထွက်ရသော အကြောင်းများစွာတို့အနက်မှ အချက်တစ်ချက်သာဖြစ်ပါသည်။) အယ်ဒီတာတစ်ဦး၏ လုပ်ပိုင်ခွင့်ကိုဝင်ရောက်စွက်ဖက်ပြီး အကြီးအကဲများအလိုကျဖြစ်စေရန် မီဒီယာကိုအသုံးချနေကြသော လုပ်ငန်းရှင်ကြီးများ၏ လုပ်ရပ်ကို ကျွန်ုပ်အနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါသည်။ အယ်ဒီတာချုပ် ဦးမျိုးညွန်မောင် နုတ်ထွက်ရသော ကိစ္စ၊ True News ဂျာနယ်ကိစ္စနှင့် CB ဘဏ်၏အခန်းကဏ္ဍများကို ဆက်လက်စုံစမ်းနေပါသည်။ ဖေ့စ်ဘွတ် နှင့် သတင်းဂျာနယ် စာမျက်နှာတို့တွင်

· · · a few seconds ago ·

0 comments:

Post a Comment

Blogger news

Blogroll

About