Pages

Thursday, December 13, 2012

ဆန္ဒထုတ်ဖော်သူတွေအဖမ်းခံရ (အသံဖိုင်)

ဆန္ဒထုတ်ဖော်သူတွေအဖမ်းခံရ (အသံဖိုင်)

မန္တလေးတိုင်းအတွင်း ကြေးနီတောင်အရေး သံဃာ့ အထွေထွေ သပိတ် ဆန္ဒ ထုတ်ဖော်မှုမှာ ဝန်းရံ ပါဝင်ခဲ့သူ ဗကသမှ ၃ ဦး လူထုပုံရိပ် သတင်းထောက် ၁ ဦး ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ အထက်ဗမာပြည် တာဝန်ခံ ကိုသိန်းအောင်မြင့် အပါအဝင် ၅ ဦးကို အာဏာပိုင်တွေက ဒီကနေ့ည ၈း၃၀နာရီ ဝန်းကျင်မှာ ဖမ်းဆီးသွားပါတယ်။ အဲဒီလို လာရောက် ဖမ်းဆီးရာမှာ ဖမ်းဝရန်း မပါဘူးလို့ သိရပါတယ်။ အလားတူ မုံရွာမှာ သံဃာတော်တွေနဲ့ အတူ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကိုရဲရင့်ကျော်နဲ့ အန်တီနု ဆိုသူကိုလည်း ဒီကနေ့ညမှာပဲ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ၂၀၀၇ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို Burma VJ Media မှ ဆက်သွယ် မေးမြန်း ထားပါတယ်။

အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

 

Blogger news

Blogroll

About