Pages

Sunday, December 2, 2012

လက်ပံတောင်းတောင် အရေး မြင်းခြံတွင် ဆန္ဒထုတ်ဖော်

လက်ပံတောင်းတောင် အရေး မြင်းခြံတွင် ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဒီဇင်ဘာ ၂

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြင်းခြံမြို့တွင် ယနေ့ မွန်းလွဲ တစ်နာရီ ခွဲမှစ၍ သံဃာတော် အပါး ၅၀ခန့်နှင့် လူတစ်ထောင်ခန့် တို့က လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းတွင် သပိတ်စခန်း ဖွင့်ခဲ့သည့် သံဃာတော် များကို ရဲတပ်ဖွဲ့ဝင် များက အကြမ်းဖက် နှိမ်နင်း ခဲ့မှုကို ကန့်ကွက်သည့် အနေဖြင့် ချီတက် ဆန္ဒထုတ်ဖော် လျက် ရှိကြောင်း ယင်း ဆန္ဒ ထုတ်ဖော်ပွဲ တွင် ပါဝင်သူ ကိုကြည်ဝင်း က ပြောကြားသည်။

မြင်းခြံမြို့ ဗိုလ်ချုပ်လမ်းရှိ ဆန္ဒတော်ပြည့် ဘုရားမှ ခရိုင်အထွေထွေ အုပ်ချုပ် ရေးမှူးရုံး၊ ယင်းမှ တဆင့် အမှတ် (၆)လမ်း ကိုဖြတ်၍ ဆန္ဒတော်ပြည့် ဘုရားတွင် ထိုင်သပိတ် ပြုလုပ်မည် ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရသည်။

ဆန္ဒပြ သူများ ထဲတွင် မြင်းခြံခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် များလည်း ပါဝင်သည်။

The Voice Weekly


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာ အတွင်းရှိ သပိတ်စခန်းများအား အင်အားသုံး ဖြေရှင်းမှုအပေါ် ဆန့်ကျင်သော အနေဖြင့် ရွှေတိဂုံ ဘုရား အရှေ့ဘက် မုခ်မှ တာမွေ အဝိုင်းထိ ယနေ့ညနေပိုင်းက ကန့်ကွက် လမ်းလျှောက် ဆန္ဒဖော်ထုတ် ခဲ့ကြသည်။
4

0 comments:

Post a Comment

 

Blogger news

Blogroll

About