skip to main |
skip to sidebar
ကျနော်တို့
ရဲ့ ပြည်သူ့ အချစ်တော်ကြီးနဲ့ တတိယအကြိမ်မြောက်ပြန်လည် ဆုံစည်းခဲ့ပါတယ်။
မပြီးသေးသော ပန်းချီကား တချပ်ကို ဆက်ပြီး ရေးသွားရအုန်းမှာပဲလို့
ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကို ကျနော် ပြောခဲ့ပါတယ်။ အကျယ်
အကျယ် မငြိမ်းဖွယ် ဆက်ဖြစ်လာမှာစိုးလို့ ဒီတခ်ါတော့ တရားစီရင်ရေး စနစ်ကိုပဲ
အာရုံစိုက် လေ့လာမှတ်သားစောင့်ကြည့်ခဲ့ပါတယ်။ တော်ကြာ မောင်ကြေးမုံ (ခေတ်သစ် )ဆိုပြီး ပြောကုန်မှာစိုးလို့။
ရဲတပ်ဖွဲရဲ့ ပြည်သူပေါ် ထားရှိသော သဘောထား၊ သာသနာဝင် ရဟန်းတို့ပေါ်
ထားရှိသော သဘောထားတို့ကို အချိန်ပိုင်းလေး အတွင်း အကဲဖြတ် မှတ်ချက်
သိနိုင်ပါကြောင်း။
ဘာတွေကို ဘယ်လို ဆက်လုပ်သင့်နေပြီလဲ ဆိုတာ
ပြည်သူလူထုကသာ ဆက်လက် ဆုံးဖြတ်ကာ ပြည်သူ့ ဘက်တော်သား မိမိတို့အား
တာဝန်ပေးအပ်စေလိုပါကြောင်း။။။။ တရားစီရင်နေရာ ရုံးခန်း အ၀ ရောက်တော့
ဓါတ်ပုံ မရိုက် ရဆိုလို့ ကင်မရာ ရိုက်ကူးသူက ပိတ်လိုက်ပါတယ်။
ဒါကို တရားရုံးတွင်း ဓါတ်ပုံ ရိုက်ကူးမှုဆိုတာနဲ့ နောက်တမှု ထပ်ဆွဲ
လာနိုင်စရာရှိပါတယ်။ အသံမထွက် မဆူမညံ မှတ်တမ်းတင်ခြင်း မရှိ မှတ်တမ်း
တင်ခွင့် မရအောင် ပိတ်ပင် ထားတဲ့ ဥပဒေ ဆိုတာကြောင့် တရားခွင်မှာ ဘယ်လို
တရားစီရင်နေတယ် ဆိုတာ လူထု သိခွင့် မရခဲ့ပါဘူး။
ဒါကြောင့်လည်း
မြန်မာ့ တရားစီရင်ရေး စနစ်ဟာ အတော်ကြီးကို အရုပ်ဆိုး
အကျည်းတန်ခဲ့တာဖြစ်ပါမယ်။ အင်္ဂလန်လို နိုင်ငံတောင် တရားရုံးမှာ
ဓါတ်ပုံရိုက်ခွင့် မရှိဘူး ဆိုပြီး ဆင်ခြေပေးမယ့်သူတွေ ပေါ်လာမှာပါ။
ဟုတ်ကဲ့
အဲဒီ ဒီမိုကရေစီနိုင်ငံကြီးတွေမှာ ငွေများ တရားနိုင်ပြီး၊ ငွေနည်းသူ
တရားရှုံး တာမျိုး မရှိဘူး ဆိုတဲ့ အကြောင်း လူတစု အမိန့်အတိုင်း
ပြစ်ဒါဏ်စီရင်တဲ့ တရားစီရင်ရေး စနစ် မဖြစ်အောင် ကြပ်မတ် ကာကွယ်နိုင်တဲ့
တရားစီရင်ရေး စနစ်ကောင်း ရှိတယ်ဆိုတာလေးပါ ထည့်ပြောပြီးမှ
ဆင်ခြေပေးကြပါလို့ တခါတည်း တင်ပြထားပါရစေ။ http://youtu.be/_gW8mL9v62o
0 comments:
Post a Comment