Pages

Sunday, December 9, 2012

ဒေါ်အောင်ဆန်းစုကြည် မကွေးလူထုကို မိန့် ခွန်းပြောကြား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မကွေးလူထုကို မကွေးမြသလွန် ဘုရားဝင်း အတွင်း ယနေ့ နံနက် မနက် ၇နာရီ ၄၅မိနစ်တွင် မိန့်ခွန်း စတင် ပြောကြား ခဲ့ပြီဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မကွေးလူထုကို မိန့်ခွန်းပြောကြားအပြီး မကွေးမြသလွန် စေတီတော်ကို တက်ရောက် ဖူးမြော်လျက်ရှိသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ရေနံချောင်းမြို့နှင့် ကျောက်ပန်းတောင်းမြို့များသို့သွားရောက်ကာ ဒေသခံများကို မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေ ၅နာရီကျော်အချိန်တွင် ညောင်ဦး လေဆိပ်မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

ဒီဗွီဘီ

မကွေးလူထုကို မိန့်ခွန်းပြောကြားစဉ်။ (၉-၁၂-၂၀၁၂)
ဓာတ်ပုံ - ကျော်ဇေယျာဝင်း


25

0 comments:

Post a Comment

ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Recent Posts

0 comments:

Post a Comment

 

Blogger news

Blogroll

About