Pages

Sunday, January 27, 2013

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသောကြောင့် စည်းကမ်းမဲ့မောင်းနှင်ခြင်း၊ ရပ်နားခြင်းများအား ပညာပေးစီမံချက်ကာလ တစ်ပတ်သတ်မှတ်ပြီးနောက် မည်သူ့ကိုမဆို မော်တော်ယာဉ် တည်ဆဲဥပဒေအရ အရေးယူမည် PDF Print
Tuesday, 22 January 2013 15:54
AddThis Social Bookmark Button
ha-23-1-3
ရွှေဂုံတိုင်မီးပွိုင့်တွင် ယာဉ်ကြောရှင်းလင်းမှု လုပ်ဆောင်နေသည်ကို ဇန်န၀ါရီလ ၂၂ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယာဉ်ကြောရှုပ်ထွေးသည့် နေရာများတွင် ပညာပေးစီမံချက်အနေဖြင့် တစ်ပတ်သတ်မှတ်၍ ယာဉ်များအား ရှင်းသွားမည်ဖြစ်ပြီး စီမံချက်ရက် ကျော်လွန်သွားပါက မော်တော်ယာဉ် တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း၊ ပညာပေးကာလမှာ နံနက် ၆း၃၀ နာရီမှ ညနေ ၆ နာရီအထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲထိန်းရဲတပ်ဖွဲ့မှ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးသာဌေးက ပြောကြားခဲ့သည်။
အဆိုပါ စီမံချက်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်နေ့မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေသည့် မရမ်းကုန်းမြို့နယ်ရှိ ချော်တွင်းကုန်းနှင့် ဘုရင့်နောင်မီးပွိုင့်အနီး၊ ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်နှင့် ဦးထောင်ဘိုအ၀ိုင်း၊ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းနှင့် ဟံသာဝတီအ၀ိုင်းနှင့် စမ်းချောင်းမြို့နယ်ရှိ မြေနီကုန်းစသည့် နေရာခုနစ်နေရာတွင် ယာဉ်ကြောကြီးကြပ်ရေးအဖွဲ့များဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။
၎င်းက "အခုလောလောဆယ်တော့ အဲဒီခုနစ်နေရာကိုပဲ ပညာပေးကာလအနေနဲ့ ပြုလုပ်နေပါတယ်။ နေရာတွေကိုလည်း တိုးချဲ့သွားဖို့ စီစဉ်ထားပါတယ်။ ပညာပေးကာလမှာတော့ လိုက်နာရမယ့် အချက်အလက်တွေကို တစ်ခါတည်း ပြောပြီးဆောင်ရွက်နေတယ်။ ကာလကျော်သွားရင်တော့ ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်း ဥပဒေအပြင် ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေနဲ့ပါ စည်းကမ်းဖောက်တဲ့ ယာဉ်တွေကို အရေးယူပါမယ်" ဟု ပြောကြားခဲ့သည်။
ရဲမှူးသာဌေးက "ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးရတဲ့ အကြောင်းအရင်း အချက်အလက်တွေက အများကြီးရှိတယ်။ အဲဒီအချက်အလက်တွေထဲကမှ ခရီးသည်တင်ယာဉ်လိုင်းတွေမှာ မောင်းနှင်နေတဲ့ ယာဉ်မောင်းတွေကို အဓိကထားပြီး ပညာပေးလုပ်ဆောင်မှုတွေ ပြုလုပ်နေတယ်။ သူတို့နားလည်ပြီးသားတွေပဲ မကျူးလွန်ဖို့ ဆက်ပြီး ပညာပေးနေတာပါ။ ပညာပေးတဲ့ကာလ ကျော်လွန်သွားရင်တော့ တရားဝင်အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်သွားပါမယ်။ ခရီးသည်ယာဉ်လိုင်းတွေအနေနဲ့ ကျော်တက်တာတွေ၊ သတ်မှတ်ထားတဲ့ ကားမှတ်တိုင်တွေမှာဘဲ ခရီးသည်တွေကို အတင်အချ ပြုလုပ်သင့်ပါတယ်။ ခရီးသည်တွေအနေနဲ့ကလည်း သတ်မှတ်ထားတဲ့ ကားမှတ်တိုင်တွေမှာပဲ ယာဉ်တွေကိုစောင့်ပြီး စီးသင့်တယ်၊၊ လမ်းကူးတဲ့အခါမှာလည်း လူကူးမျဉ်းကျားကနေ စနစ်တကျ ကူးသင့်ပါတယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့ ဖွဲ့စည်းပုံ တိုးချဲ့ခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းအတွင်း အရာရှိအဆင့် ၂၈၃ ဦးနှင့် အခြားအဆင့် ၁၁၁၄ ဦး ရှိသွားပြီဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အားမှာ အရာရှိအဆင့် ၇၁၄ ဦးနှင့် အခြားအဆင့် ၂၅၇၆ ဦးရှိပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။         
 

Comments 

 
+32 #11 အောင်ဘု 2013-01-24 00:09
လမ်းနဲ့ဆိုင်တဲ့ပြဿနာ
(၁)လူသွားလမ်း
လူသွားလမ်းဟာ လူသွားလမ်းနဲ့တူဖို့လိုပါတယ် ပလပ်ဖေါင်းလမ်းတွေဟာ ကြည့်လိုက်ရင် ရှင်းလင်း ကျယ်ပြန့် သန့်ရှင်းနေဖို့လိုပါတယ် ရေနုတ်မြောင်းတွေ ရေစီးရေလာကောင်းမှ လမ်းပေါ်ရေမတင်မှာပါ လူသွားဖို့ ရည်ရွယ်ထားတာမို့ ဘယ်ဈေးသည်မှ ဘာအကြောင်းပြချက်နဲ့မှ မရှိသင့်ပါဘူး ဒါကို လမ်းဘေးဈေးသည်များက ဒို့လုပ်စားနေတာကြာပြီ ဒါမလုပ်ရင် မိသားစုစားဝတ်နေရေး ဘယ်လိုလုပ်ရမလဲဆိုကြတယ် လူထုအများအကျိုးအတွက် ရေရှည်ကောင်းဖို့အတွက် စည်းကမ်းနဲ့သန့်ရှင်း သပ်ရပ်တဲ့မြို့တော်ဖြစ်ဖို့ လုပ်ဆောင်တာကို နားလည်ဖို့လိုပါတယ် ကိုယ့်အကျိုးတစ်ခုထဲမကြည့်ဖို့ နိုင်ငံကြီးသားစိတ်တွေ မွေးကြဖို့လိုပါတယ်
(၂)ကားလမ်း
ကားလမ်းဟာလည်း ကားလမ်းနဲ့တူသင့်ပါတယ် မီးပွိုင့် လမ်းညွန် သင်္ကေတ အမှတ်အသားများ ထင်ရှားပြည်စုံဖို့လိုပါတယ် အပေါက်အပြဲ ချိုင့်ကွက် ရေအိုင် ကွဲအက် လှိုင်းတွန့်တွေ အမြန်ပြင်သင့်ပါတယ် ပြင်တဲ့နေရာမယ် တာဝန်မဲ့ ပြီးပြီးရောလုပ်ပြီး ခိုးစားသွားကြလို့ ပြင်လို့မဆုံးဖြစ်နေတဲ့နေရာတွေ အများကြီးပါ သတ်မှတ်စံချိန်မမှီ အချိန်မတိုင်မှီပျက်စီးခဲ့ရင် တာဝန်ယူ လုပ်ကိုင်ခဲ့သူတွေအားလုံးကို မှတ်တမ်းနဲ့တကွပြန်ရှာ ပြင်းပြင်းထန်ထန်အရေးယူ အဲဒီလိုလုပ်ဖို့ အထူးလိုအပ်ပါတယ်
(၃)လမ်းအသုံးပြုသူများ
စည်းမဲ့ကမ်းမဲ့စရိုက်တွေပြုပြင်ဖို့ ရေဒီယို ရုပ်မြင်သံကြား သတင်းစာတွေကတဆင့် သတ်မှတ်ကာလ အတိုင်းအတာတစ်ခုအထိ ကျယ်ကျယ်ပြန့်ပြန့် ကြေငြာ ပညာအသိပေးပါ
အဲဒီကာလကျော်လွန်ပြီဆိုတာနဲ့ ဒါဏ်ငွေ ထောင်ဒါဏ် ပြင်းပြင်းထန်ထန်သာ အရေးယူ ဘယ်သူဖြစ်ဖြစ် ဘယ်လူကြီးနဲ့ ပတ်သက်ပတ်သက် အခုဖြစ်နေတာက ယာဉ်ထိန်းရဲတွေဟာ လူကြီးဆိုသူတွေရဲ့ ကားနံပါတ်တွေကို အလွတ်ကျတ်မှတ်ထားနေရတယ် မိဘအရှိန်အဝါနဲ့ ဥပဒေဂရုမစိုက် အခွင့်ထူးခံယူ ထင်တိုင်းကြဲနေကြတယ် ပြည်သူလူထုအတွက် အနေအထိုင် အပြောအဆို စံပြဖြစ်ရမယ့်အစား သောက်သုံးမကျတဲ့ လူ့အောက်တန်းစားစရိုက်တွေ ပြုပြင်သင့်ပြီ
ဘယ်သူဖြစ်နေနေ လမ်းပေါ်ရောက်လာရင် လမ်းစည်းကမ်းကို လိုက်နာရမယ်
စည်းကမ်းချိုးဖေါက်တဲ့ ယာဉ်မောင်းတွေကို အဆင့်ဆင့်အရေးယူ ပြင်းထန်တဲ့ဒါဏ်ငွေ ပေးဆောင်စေ (အဖွဲ့အစည်အတွက်လည်း တဖက်ကဝင်ငွေရ)ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပြန်လည်စစ်ဆေးဖြေဆိုခိုင်း သတ်မှတ်အကြိမ်ထက်ကျော်လွန်ပြီး စည်းကမ်းဖေါက်ရင် ယာဉ်မောင်းလိုင်စင် ထာဝရပယ်ဖျက် (လူအများရဲ့အသက်ကို ကြိုတင်ကာကွယ်ရာရောက်ပါတယ်) ယာဉ်ပိုင်ရှင်ကိုပါ အရေးယူ ဒါဏ်ငွေရိုက်
ဘစ်ကားမှတ်တိုင်တွေဟာ ဈေး ကျောင်း ရုပ်ရှင်ရုံစတဲ့ လူစည်ကားတဲ့ နေရာတွေနဲ့ အနည်းငယ် ဝေးကွာထားဖို့လိုပါတယ် မှတ်တိုင်တိတိကျကျ မရပ်ရင် ပြင်းထန်စွာဒါဏ်ရိုက် သတ်မှတ်အကြိမ်ထက်ကျော်ရင် လုပ်ငန်းလိုင်စင် ပိတ်သိမ်းအရေးယူ မှတ်တိုင်မှာ အချိန်စွဲပြီး ခရီးသည်လု ပြိုင်မောင်းတာတွေ ပျောက်ကွယ်သွားအောင် "ရပ် ချ တင် ထွက်" စနစ်ကျင့်သုံးသင့်ပါတယ် ယာဉ်အသွားအလာများတဲ့လမ်းတွေမှာ ဘာအကြောင်းပြချက်နဲ့မှ ရပ်ခွင့်မရှိစေရ လမ်းဆုံလမ်းခွ အန္တရာယ်ဖြစ်နိုင်တဲ့နေရာတွေမှာ ခေတ်မှီ CCTV ကင်မရာများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပြီး စောင့်ဖမ်းအရေးယူ
စည်းကမ်းကြပ်မတ်တဲ့ ယာဉ်ထိန်းရဲ ပိုက်ဆံတောင်းရင် ချက်ချင်း စစ်ဆေးအရေးယူ အလုပ်ထုတ် အဲဒီလိုတွေ တိတိကျကျလုပ်ပါမှ ပြဿနာများပြေလည်ပြီး သန့်ရှင်းလှပသောမြို့တော် ဖြစ်လာပေလိမ့််မည်
 
 
+40 #10 peterhuaqiang 2013-01-23 16:37
မနေ့ကကျွန်တော်အဲဒီဘက်ရောက်သွာတော့ အတော်လေး အစဉ်ပြေပါတယ်၊ ယာဉ်များတယ်ဆိုပေမဲ့ သိပ်မစောင့်လိုက်ရပါဘူး၊ ကြားဖြတ်လိုင်ကားများ taxi များ၊ လမ်းပြောင်းပြန်မောင်းသော Taxi နှင့် လိုင်းကားများ ၊ အားလုံး ယာဉ်ထိမ်းတွေရှိတော့ သူလိုင်းနဲ့သူသွားတော့ အစဉ်ပြေသွားတာပေါ့၊ ဒါမှမဟုတ်ရင် တနေ့တနေ့ သူတို့တွေကြည့်ပြီး ကိုယ်ပါစိတ်တိုရ၇င် အကုသိုလ်ဖြစ်ပါတယ်၊ ယာဉ်ထိမ်းများ အခုလိုလုပ်ပေးတာ အလွန်ကိုကောင်းမွန်ပါတယ်၊ နောင်လည်း ဆက်လက်လုပ်ဆောင်နိုင်ပါစေ၊ စည်းကမ်းစနစ်ကျသော ပုံစံကျနပြည့်စုံသော ယာဉ်ထိမ်းတပ်ဖွဲ့ကြီး ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ် ခင်ဗျား။
 
 
+60 #9 maungmgu 2013-01-22 21:21
ရန်ကုန်လမ်းတွေ ကျပ်တာ ကားပါကင်ကိစ္စ၊ ပလက်ဖေါင်းပေါ် ရှေ့ထွက်ခင်းတဲ့ဆိုင်တွေကိစ္စ(အခု လမ်းမပေါ်တောင် ရောက်နေပြီ) တင်မက စည်းကမ်းမဲ့ကားတွေကြောင့်လဲပါတယ်၊ လမ်းပေါ်ဈေးရောင်းတာကို စည်ပင် က ဘာလို့ကြည့်နေလဲ မသိပေမဲ့ ကားတွေကို ဘာလို့ မဖမ်းတဲ့ယာဉ်ထိန်းရဲ တယောက်ရဲ့ ခံစားချက်က -အရင်တုံးက ဖမ်းတယ်၊ နောက်ပိုင်း ရှေ့လေကာမှန်နားက ကက်ဦးထုပ် ထိုးထိုးပြပြီး ဘယ်သူထင်လဲ(သို့) ဘယ်သူ့ကား ထင်လဲ၊ ပြုတ်သွားချင်လဲ နဲ့ မှန်တာတောင် မဖမ်းရဲတော့ဘူးတဲို့စည်းကမ်းကိုစဖျက်ပြတာ ဘယ်သူတွေလဲ ၊ နောက်ကြောင်းပြန်ပြောနေတာမဟုတ်၊ ရှေ့လျှောက် ဘယ်သူတွေကို အဓိက စည်ကမ်းကိုင်ရမလဲသိဘို့ပြန်ပြောရတာပါ၊
ပညာပေးရုံနဲ့ရရင် မြန်မာပြည်တိုးတက်တာကြာလှပြီ၊ စည်းကမ်းတွေထုတ်ထုတ်ပြီး လက်တွေ့ မပါတဲ့ လိုင်းကြေးကောက်ရုံ မ-ထ-သ လိုလဲမလုပ်ကြနဲ့ဦး၊
 
 
+56 #8 ဇော်ကြီး 2013-01-22 20:21
Quoting virgo:
အခုဒီအဖွဲ့ကို ဖြစ်ဖြစ်၊ တစ်ခြားတာဝန်ရှိသူတွေကို ပြောပေးနိုင်တဲ့ သူများရှိရင် ကျနော်ပြောတာလေးတွေ သူတို့ကို ပြောခဲ့ပေးပါခင်ဗျ….။ SSC ဆေးခန်းရှေ့က မျက်နှာချင်းဆိုင်ဖြစ်နေတဲ့ ကားဂိတ်နှစ်ခုကို ရွှေ့ပေးသင့်ပါတယ်။ အဲ့ရှေ့က ဖင်ကျောက်ချပြီးရပ်ထားတဲ့ Taxi တွေနဲ့ ဈေးသည်တွေကိုလဲ ရှင်းပေးသင့်ပါတယ်။ ၆လမ်းသွားပေါ်မှာ နေ့ဖက်ဆိုရင် အဲ့ရှေ့မှာ အမြဲတမ်း ပိတ်နေတတ်ပါတယ်။ ယုဇနပလာဇာ ရှေ့က ကားဂိတ်လဲရွှေ့ပေးသင့်ပါတယ်။ ကြက်လျှာစွန်းမီးပွိင့် မင်္ဂလာဈေးကားအထွက်ပေါက်နားက ကားဂိတ်လဲ ရွှေ့ပေးသင့်ပါတယ်။ နောက်အဲ့အထွက်ပေါက်နားမှာ မလိုအပ်တဲ့ ကြောငြာဘုတ်ကြီးရှိပါတယ်။ အဲ့ဒါကြီးကို ဖျက်လိုက်ပြီး လမ်းကွေ့နေတာကို ဖြောင့်သွားအောင် ဖောက်ပေးလိုက်မယ်ဆိုရင် ပိုအဆင်ပြေသွားနိုင်မယ်ထင်ပါတယ်။ အဲ့တိုင်ကြီးနဲ့ မီးအားမြင့်စက်များကြောင့် အဲ့နားကလမ်းက မကွေ့ထားသင့်ပဲ အကွေ့ကြီးဖြစ်နေပါတယ်။ လမ်းအင်ဂျင်နီယာများ မီးပွိင့်ဖက်မှ ကြည့်ပါက သိသာစွာမြင်နိုင်ပါတယ်။ လမ်းပေါ်မှာ အခိုင်အမာဆိုင်များခင်းပြီး ရောင်းနေတဲ့ ဈေးသည်အကုန်လုံးလဲ ရှင်းသင့်ပါတယ်။ မြန်မာ့ဂုဏ်ရည်လမ်းပေါ်မှာဆိုရင် ကားမောင်းစရာ လမ်းမရှိတော့ပါဘူး။ အခု ပုစွန်တောင်နဲ့ အခြားနေရာတွေမှာ ကားရပ်ဖို့ဆိုပြီး အသစ် ကွန်ကရစ်နဲ့ ထပ်ချဲ့ပေးတဲ့နေရာတွေလဲ အကုန်လုံး ဈေးသည်တွေပဲ ဆိုင်ခင်းထားကြပါတယ်။ နောက်ဆုံးပြောရရင်တော့ မျက်နှာချင်းဆိုင်ဖြစ်နေတဲ့ ကားဂိတ်များ၊ မီးပွိင့်များနားမှ ကားဂိတ်များအားလုံး နေရာရွှေ့သင့်ပါတယ်၊ ကားဂိတ်များအားလုံး ဖြစ်နိုင် လမ်းပေါ်မှာ မရှိပဲ အထဲကိုဝိုက်ထားပေးသင့်ပါတယ်၊ ကားလမ်းပေါ်က ဈေးသည်များအားလုံး မရှိသင့်ပါဘူး၊ ဂငယ်ကွေ့၊ ဖြတ်ကွေ့ဖို့ မပေးသင့်တဲ့နေရာတွေ အကုန်လုံးကို ပိတ်ထားသင့်ပါတယ်၊ ဖြစ်နိုင်ရင်တော့ မီးပွိင့်တွေကိုလဲ ကွေ့မယ်လိုင်းကို သပ်သပ် စိမ်းပေးသင့်ပါတယ်၊ အဲ့စိမ်းထားပေးတဲ့အချိန်မှာ မီးပွိင့်ကနေ ဂငယ်ကွေ့ ပေးကွေ့သင့်ပါတယ်။ ရှိသမျှလိုင်းကားတွေအကုန်လုံး မြို့ထဲကို စုပြုံပြီး ၀င်နေမယ့်အစား အပိုင်းလိုက် ကားအရွယ်အစားခွဲပြီး ဆွဲခိုင်းသင့်ပါတယ်၊ Express ကားလောက်ကြီးတွေက မြို့ထဲ လမ်းကျဉ်းကျဉ်းလေးထဲမှာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး၊ စည်းကမ်းမဲ့တဲ့ လိုင်းကားများနဲ့ အခြားယာဉ်များအားလုံးကို ပြင်းထန်စွာ အရေးယူသင့်ပါတယ်၊ (ဥပမာ ကားရာသက်ပန်သိမ်းပြီး မောင်းတဲ့သူကို ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်များများလေး ချပေးလိုက်မယ်ဆိုရင် ဘယ်သူမှ လုပ်ရဲတော့မှာ မဟုတ်တော့ပါဘူး၊ ဟွန်းသံကင်းမဲ့ဇုန်လုပ်ခဲ့တုန်းက အောင်မြင်ခဲ့ပါတယ်၊ အဲ့ဒါ မှတ်လောက်တဲ့ ဒဏ်ငွေကြောင့်ပါ)။ စည်းကမ်းမရှိတဲ့ကလေးတွေ၊ ဆိုးတဲ့ကလေးတွေကို ဆရာတွေက ကျောင်းမှာ ကြိမ်လုံးနဲ့ ဒဏ်ပေးပါတယ်။ လူကြီးတွေဆိုးရင်လဲ တစ်ချို့နိုင်ငံတွေလို ကြိမ်ဒဏ်ပေးမယ်ဆိုရင် ထိရောက်မယ်ထင်ပါတယ်။ ကြိမ်ဒဏ်လိုအပ်မဲ့နေရာတွေမှာပေါ့။ ကျနော်တို့ နေ့စဉ်ကြုံတွေ့နေရတာတွေကို နေ့တိုင်းခံစားရလို့ ရေးလိုက်တာပါ။ ဘယ်သူနဲ့မှ အငြင်းပွားဖို့ မဟုတ်ပါဘူး။ ;-)

မှန်လိုက်လေ...နွားစိတ်ဝင်နေတဲ့သူတွေကို ကြိမ်နဲ့ပဲရိုက်ပြီးဆုံးမရမယ်။ လိုင်စင်သိမ်းတာတွေ၊ဒဏ်ငွေဆောင်ခိုင်းတာတွေလုပ်မနေနဲ့..။ အဲ့ဒီလို လိုင်းကားသမားတွေစည်းပျက်ကမ်းပျက်လုပ်နေရင် ကားပေါ်ကနေဆွဲချ ၊လူပုံအလယ်မှာ ဖင်လှန်ပြီး ကြိမ်လုံးနဲ့သာရိုက်ပြ။ နှစ်ခါသုံးခါလောက်ပဲ ဒီလိုလုပ်ပြလိုက်ပါ။ နွားစိတ်ဝင်နေတဲ့ မော်တော်ယာဉ်မှူးများ ကြိမ်ကိုကြောက်တာကြောင့်မို့ စီးကမ်းသေ၀ပ်ကျိုးနွံစွာနဲ့မောင်းနေတာကို သေခြာပေါက်တွေ့ရမှာပါ။ မယုံရင်စမ်းသာကြည့်လိုက်ပါ။
 

0 comments:

Post a Comment

 

Blogger news

Blogroll

About