Pages

Sunday, November 11, 2012

Nay Min · Friends with Wattka Lay and 3 others
ခဗျားကို ဘင်္ဂလီမူဆလင် တွေက ထေါက်ပန့်မူလုပ်နေတယ်လိုပြောနေတာတွေနေပါတယ်အဲဒါဟုပ်လား မဟုပ်လား
မူဆလင်ကွန်ယက်ကို ငြိမ်းချမ်းရေးဆုတောင်ပွဲက ခဗျားတိုက ဖိတိလိုက်တယ်လိုလည်း အဲဒီကွန်ယက်က ကျနော်တိုမေးတဲ့ခါ ဖြေခဲ့တယ် ဓါတ်ပုံတောခဗျားဆီကိုပို့ပေလိုက်ပါမယ်
ရီရွယ်ချက်ကေါင်းပါလျက်နဲ့ ခြေလှမ်းကေါင်းဖို့လိုမေထင်ပါတယ်
5 hours ago via mobile · Like

ကျနော့် စတေးတပ်မှာ လာမေးထားတဲ့ ကိုနေမင်း အမေးကို ပြန်ဖြေလို့ လိုပါလိမ့်မယ်။ ဘင်္ဂါလီမူဆလင်တွေက ကျနော့်ကို ထောက်ပံ့မှုတွေ လုပ်နေတယ်လို့ ဘယ်သူက ပြောတာပါလဲ။ ကျနော့် အနေနဲ့ ဖြူစင်မွန်မြတ်တဲ့ မြန်မာပြည်ထောင်စုဖွား တိုင်းရင်းသားတို့ရဲ့ အထောက် အကူ အလှူကလွဲလို့ ဘယ် နိုင်ငံခြားသား လူမျိုးခြားရဲ့ အထောက်အပံ့ကိုမှ မယူဖူးပါ။

ကျနော့်ကို လက်နက်ကိုင် အဖွဲ့အစည်း တခုက မိတ်ဆွေ တဦးက သူငယ်ချင်း ကဏ္ဍ အနေနဲ့ စလွန်းကားသစ် တစီး လာလှူပါတယ်။ ကြိုက်သလို ယူစီးဖို့ ပေးပါတယ်။ ကျနော် အကြောင်း အကျိုး ပြောဆိုပြီး ငြင်းပယ်ခဲ့ပါတယ်။ ခါးနာ ခံပြီး ဘတ်စ်ကား ပဲ တိုးစီးခဲ့ပါတယ်။

ထိုနည်းတူပါပဲ။ ဘာသာခြား အဖွဲ့ တခုကလည်း လာပြီး ကမ်းလှမ်းပါတယ်။ လိုအပ်တဲ့ အကူအညီတွေ ပြောဖို့နဲ့ သူတို့ ကူညီဖို့ အဆင်သင့်ရှိကြောင်းလည်း ကမ်းလှမ်းထားပါတယ်။

ကျနော့်မှာ ဘာသာရေး အစွဲအလမ်း ကြီးကြီးမားမား မထားပေမယ့်။ ကိုယ့် လူမျိုး၊ ကိုယ့်ဘာသာ။ ကိုယ့်ရေမြေ တည်တံ့  ကြည်ခန့်ဖို့ မိမိတို့ လူမျိုးတူတွေကပဲ ထက်မြက် ရဲရင့်စွာ ကာကွယ် တည်ဆောက်ရမယ်လို့ ခံယူချက် ထာသူဖြစ်ပါတယ်။

လူမျိုး ရေး ဘာသာရေး ပြသနာတွေကို ကျနော့်  အနေနဲ့ အားမပေးပါဘူး။ ဒါပေမယ့် ဘာသာရေး အရေခြုံပြီး မြန်မာပြည်ထောင်စု အပေါ် လွမ်းမိုး ချုပ်စီး ကျူးကျော်ဖို့ ကြံစည် ချည်းကပ်လာသော မည်သည့် ဘာသာဝင်တွေ မဆိုလည်း သတိကြီးကြီးနဲ့ ဆက်ဆံပါတယ်။ ကျနော်တို့ ကိုယ့် မြန်မာလူမျိုး အချင်းချင်း ချစ်ခင်လေးစား အားထား စည်းလုံးကြသလို၊ သူတို့ လူမျိုး ဘာသာဝင်တွေလည်း စည်းလုံးကြမှာပါပဲ။

ကျနော်တို့ ကိုယ့်ဘာသာကို အဓွန့်ရှည် ပြန့်ပွားစည်ပင် စေချင် သလို သူတို့လည်း ဒီလိုဖြစ်ချင်မှာပဲ။
ဒီတော့ ကိုယ့်ဘာသာကို မွန်မြတ် ရှင်းသန့် လူသားတိုင်း လေးစားကြည်ညိုအပ်တဲ့ ယုံကြည်ချက် သဘောတရားများ အဖြစ်သာ လူတိုင်း က အသိအမှတ်ပြုလာအောင် ကျနော် ကြိုးစားပါတယ်။ ကိုယ့်လူမျိုးကို ဂုဏ်သိက္ခာ တင့်တယ် ၀င်တယ်လာစေဖို့ပဲ ရာသက်ပန် ကြိုးစားမှာဖြစ်တယ်။

ဘယ်သာသာကိုမှ ပုတ်ခတ် စော်ကာား တိုက်ခိုက်ခြင်း အလျင်း မရှိသလို၊ ကျနော်တို့ ယုံကြည်ချက် မြင့်မြတ်မှု အဖြစ် ယူဆသက်ဝင်ထားသော ချည်းကပ်မှုတွေကိုလည်း ဘယ်ဘာသာဝင်ကမှ အသားလွတ် နှိမ်ချပုတ်ခတ် စော်ကားလာခြင်းကို လက်ခံမည် မဟုတ်။ သည်းခံနိုင်သည် အထိ သည်းခံခြင်းကို ဘာသာတရား အဆုံးအမ အရ ကျင့်ကြံမည်ဖြစ်ပြီး မိမိတို့ ဘာသာဝင်အားလုံး ဧ။် ငြိမ်းအေးသော ဘ၀ ယုံကြည်ချက် ရပ်တည်စုဝေးမှုများကို ထိပါး ပျက်သုဉ်းစေလာနိုင်မည့် မည်သည့် ပုတ်ခတ် တိုက်ခိုက်မှုကို မဆို အလျော့ပေး နောက်ဆုတ် လက်ခံလိမ့်မည် မဟုတ်ပါ။

အတူ ယှဉ်တွဲနေထိုင်ခြင်း ဟူသည်မှာ လူလူချင်း တန်ဖိုးထားအပ် တန်ဖိုး ထားအပ်သော လူမျိုးနွယ်စု ဘာသာဝင် စု တို့ အတွက်သာ ဖြစ်နိုင်သည် ဟု ယူဆ လက်ခံထားသူဖြစ်ပါတယ်။

ကိုနေမင်း မေးသော မေးခွန်းကို ပြတ်သားစွာ ဖြေဆိုပါမယ်။ မိမိသည် မည်သည့် ဘင်္ဂါလီမူဆလင် နိုင်ငံခြားသားနှင့် မျှ ပတ်သက်ခဲ့ခြင်း မရှိခဲ့ပါကြောင်း နှင့် လက်ရှိ ကျနော်ဧ။် တိုင်းကျိုးပြည်ပြု လုပ်ဆောင်ချက်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေသူတို့ အထဲတွင် ထိုသို့ အမျိုး ဘာသာ သာသနာ အတွက် အနှောက့်အယှက် ဖြစ်စေမည့် လုပ်ရပ် ရည်မှန်းချက် ထောက်ပံ့မှုဖြင့် ပါဝင် ပတ်သက်နေသူ ရှိခဲ့သည် ဆိုပါကလည်း အထောက်အထားဖြင့် ထောက်ပြ ဝေဖန် ပေးစေလိုပါကြောင်း။

တိုင်းပြည် နှင့် လူမျိုး မိမိယုံကြည်ရာ ဘာသာ ကိုးကွယ်မှုဖြင့် မိရိုးဖလာ၊ ထုံးလာဥပဒေအတိုင်း လူသားချင်း ငြိမ်းချမ်းတူမျှ အတူတကွ မျိုးနွယ်စုတူသူ အချင်းချင်း ပေါင်းသင်း ယှဉ်တွဲ နေထိုင်င်္ပြီး လူသား ဘ၀ ငြိမ်းချမ်းစွာဖြင့် တန်ဖိုးရှိရှိ နေထိုင်သွားနိုင်ရေး ။ မျိုးနွယ်စုတူသူ နောက်လာနောင်သားများ ကောင်းစားမြင့်မားစွာ အသက်ရှင်ကျန်နိုင်ခဲ့ရေးသာ ဆက်လက် ကြိုးစားသွားမည်ဖြစ်ပါသည်။

မည်သည့် အိမ်နီးချင်း နိုင်ငံ တခုတလေ ဧ။် လူမျိုးရေး၊ ဘာသာရေး ။ စီးပွားရေး ၊ ယဉ်ကျေးမှု၊ နည်းလမ်းတို့ဖြင့် ကျူးကျော် စွက်ဖက် နယ်ချဲ့လာခြင်းကိုမျှ သည်းခံမည် မဟုတ်ကြောင်း၊ လက်ခံမည် မဟုတ်ကြောင်း၊ တန်စိုးလက်ဆောင် လက်ခံပြီး ကိုယ့်မြေ ကိုယ်လေ ကိုယ့်ရေ ကိုယ်လူမျိုး ကိုယ့်ဘာသာကို ရောင်းစားမည့် သူ မဟုတ်ကြောင်း မြန်မာ့တပ်မတော်သားဟောင်း နေမျိုးဇင် ဧ၊် ရပ်တည် ရည်မှန်းချက်ကို ရှင်းလင်းစွာ တင်ပြပါသည်။

ကျနော်သည် မြန်မာ ဖြစ်ပါသည်။

( ရန်ကုန်လေဆိပ်တွင် လေယာဉ်စောင့်ဆိုင်းနေခိုက် ရေးသားတင်ပြခြင်းဖြစ်ပါသည်။ )

0 comments:

Post a Comment

 

Blogger news

Blogroll

About