ငလျင်ကြောင့် ရွှေတွင်း ပြိုကျပြီး ၁၁ ဦးပိတ်မိ
ရန်ကုန်၊ နိုဝင်ဘာ ၁၁ယနေ့ နံနက်ပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် စဉ့်ကူးမြို့နယ် ကန်တောင်ကျေးရွာအနီးရှိ ရွှေတွင်းတစ်ခု ပြိုကျပြီး ရွှေလုပ်သား ၁၁ ဦး ပိတ်မိနေကြောင်း ဒေသခံ တစ်ဦးက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။
“ခုတောင် ငလျင်က ပြန်လှုပ်နေတယ်” ဟု ၄င်း က နေ့လည် ၁၂နာရီ ၁၅မိနစ် တွင် ပြောကြားသည်။
ရွှေတွင်းထဲတွင် ပိတ်မိနေသော ရွှေလုပ်သား ၁၁ဦးကို ဖော်ထုတ်ရန် ကြိုးစားနေဆဲဖြစ်ပြီး အခြေနေ အသေးစိတ်ကို မသိရှိရသေးကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
--------------------------------------------------------------------------
ယနေ့လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ကင်းစိန်ဈေးအရှေ့ရွာ ရွာဦးဘုန်းတော်ကြီးကျောင်းအတွင်းရှိ စေတီတော် ၁၈ ဆူအနက် စေတီတော် ၅ ဆူနှင့် အရန်စေတီတော် ၄ ဆူတို့၏ စိန်ဖူးတော်များ မြေခခဲ့ပြီး စေတီတော် ၆ ဆူမှာ ဖောင်းရစ်တော် အထက်ပိုင်းများ ကွဲအက်ပျက်စီးခဲ့ကြောင်း၊ ယနေ့နံနက် ၁၁ နာရီအထိ မြေခသွားသော စိန်ဖူးတော်များအနက် စိန်ဖူးတော် ၄ ခုသာ ပြန်လည်ရှာတွေ့ခဲ့ကြောင်း မြစ်သားဒေသခံ The Voice Weekly သတင်းထောက်က ယနေ့ နေ့လယ် ၁၂ နာရီတွင် သတင်းပေးပို့သည်။
The Voice Weekly
![]() |
ယနေ့ က နံနတ်က လှုပ်ခတ်သွားသော ငလျှင်ကြောင့် မန်းမြန်မာဈေးချို ပလာဇာ ရှိ တောင်ဘက်အက်ကြောင်းများအား ပြန်လည်ပြုပြင်နေသည်။ ဓာတ်ပုံ-စွာလေး(မန္တလေး) Myanmar News International |
0 comments:
Post a Comment