ဒေါ်စု ဘာသာပြန်ဆိုတဲ့ ကဗျာ ...
*******************
မင်းတကိုယ်ထဲလျှောက်ပေတော့ ....
မင်းခေါ်လို့  သူတို့ မလိုက်ရင်
မင်း တကိုယ်ထဲ လျှောက်ပေတော့ ၊
ကြောက်ဒူးတုန်လို့ 
နံရံဘက်လှည့်ပြီး သူတို့ နှုတ်ဆိတ်နေရင်
မင်း ကံဆိုးတာပေါ့ ၊
စိတ်ရှင်းရှင်းနဲ့ တကိုယ်ထဲသာ
ပွင့်ပွင့်လင်းလင်းပြောပေတော့ ၊
တောကြီးမျက်မဲထဲ ဖြတ်သန်းနေတုန်း
မင်းကို သူတို့ စွန့် ခွာသွားရင်
မင်း ကံဆိုးတာပေါ့ ၊
ဆူးငြှောင့်ခလုတ်တွေ နင်းချေရင်း
သွေးစွန်းတဲ့လမ်းမှာ
မင်းတကိုယ်ထဲ လျှောက်ပေတော့ ၊
မုန်တိုင်းထန်တဲ့ညမှာ
မီးအိမ်ကို သူတို့ မကိုင်ရင်
မင်းကံဆိုးတာပေါ့ ၊
ဝေဒနာမီးလျှံနဲ့  မင့်နှလုံးသားကို ထွန်းညှိ
တကိုယ်တည်း တောက်လောင်ပါစေတော့။ ။
တဂိုးရဲ့ ကဗျာ ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုတယ်လို့ သိရပါတယ်။
လေးစားစွာဖြင့်
ကိုထွန်းဝေ
*******************
မင်းတကိုယ်ထဲလျှောက်ပေတော့ ....
မင်းခေါ်လို့  သူတို့ မလိုက်ရင်
မင်း တကိုယ်ထဲ လျှောက်ပေတော့ ၊
ကြောက်ဒူးတုန်လို့ 
နံရံဘက်လှည့်ပြီး သူတို့ နှုတ်ဆိတ်နေရင်
မင်း ကံဆိုးတာပေါ့ ၊
စိတ်ရှင်းရှင်းနဲ့ တကိုယ်ထဲသာ
ပွင့်ပွင့်လင်းလင်းပြောပေတေ
တောကြီးမျက်မဲထဲ ဖြတ်သန်းနေတုန်း
မင်းကို သူတို့ စွန့် ခွာသွားရင်
မင်း ကံဆိုးတာပေါ့ ၊
ဆူးငြှောင့်ခလုတ်တွေ နင်းချေရင်း
သွေးစွန်းတဲ့လမ်းမှာ
မင်းတကိုယ်ထဲ လျှောက်ပေတော့ ၊
မုန်တိုင်းထန်တဲ့ညမှာ
မီးအိမ်ကို သူတို့ မကိုင်ရင်
မင်းကံဆိုးတာပေါ့ ၊
ဝေဒနာမီးလျှံနဲ့  မင့်နှလုံးသားကို ထွန်းညှိ
တကိုယ်တည်း တောက်လောင်ပါစေတော့။ ။
တဂိုးရဲ့ ကဗျာ ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုတယ်လို့ သိရပါတယ်။
လေးစားစွာဖြင့်
ကိုထွန်းဝေ
0 comments:
Post a Comment