Pages

Sunday, January 6, 2013

အသက်သုံးဆယ်အရွယ် လုံခြုံရေးဝန်ထမ်းအမျိုးသားတစ်ဦး ၁၁ လွှာတိုက်ခန်းပေါ်မှ ခုန်ချသေဆုံးမှုတစ်ရပ် ယနေ့အောက်တိုဘာ ၆ ရက် ည ၇ နာရီက ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဓမ္မစေတီလမ်းနှင့် ဗားဂရာလမ်းထောင့်ရှိ ပန်းခြံတာဝါတွင် ဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ ပန်းခြံတာဝါကွန်ဒိုတွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေးအမျိုးသားတစ်ဦးဖြစ်ပြီး အမည်မှာ အောင်ကျော်သူဖြစ်ကာ တိုက်ပေါ်မှမခုန်ချမီတွင် သေတမ်းစာတစ်စောင်ကို ရေးသားထားခဲ့ကြောင်း သိရသည်။

ဦးခေါင်းကွဲ၊ ခါးရိုးကျိုးဒဏ်ရာများဖြင့် သေဆုံးခဲ့သော အဆိုပါအမျိုးသားမှာ စိတ်အခြေအနေပုံမှန်မဟုတ်ကြောင်း စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဇင်မိုးက ပြောသည်။

0 comments:

Post a Comment

 

Blogger news

Blogroll

About