Pages

Thursday, January 24, 2013

သေဆုံးသွားသော ဒါရိုက်တာဇင်မင်းအမှုမှာ ကြန့်ကြာနေသည့်အတွက် တိုင်းတရားရုံးသို့ ဦးတိုက်လျှောက်ထားသွားမည်ဟု တရားလိုဖြစ်သူထံမှ သိရ


သေဆုံးသွားသော ဒါရိုက်တာဇင်မင်းအမှုမှာ ကြန့်ကြာနေသည့်အတွက် တိုင်းတရားရုံးသို့ ဦးတိုက်လျှောက်ထားသွားမည်ဟု တရားလိုဖြစ်သူထံမှ သိရ PDF Print
Wednesday, 23 January 2013 22:11
AddThis Social Bookmark Button
သေဆုံးသွားသော ဒါရိုက်တာ ဇင်မင်းအမှုမှာ ကြန့်ကြာနေသည့်အတွက် တိုင်းတရားရုံးသို့ ဦးတိုက်လျှောက်ထားသွားမည်ဖြစ်ကြောင်း တရားလိုဖြစ်သူ ကိုနိုင်မိုးထံမှ သိရသည်။
၂၀၁၁ ခုနှစ်နိုဝင်ဘာလ ၂ ရက်နေ့က ကားဖြင့်ဒရွတ်တိုက်ဆွဲကာ အသတ်ခံခဲ့ရသော ကိုဇင်မင်း၏ အမှုအား ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင် ရုံးတွင် စစ်ဆေးခဲ့သော်လည်း တရားခွင်မှာ ကြန့်ကြာနေသည့်အတွက် တရားလိုဖြစ်သူ ကိုဇင်မင်း၏ သူငယ်ချင်းဖြစ်သူ ကိုနိုင်မိုးမှ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ဦးတိုက်လျှောက်ထားသွားမည်ဟု သိရသည်။
ထို့အပြင် ရဲစစ်ချက်များအရ တရားလိုပြသက်သေ ၁၈ ယောက်အထိ ရှိနေခြင်းနှင့် တရားခွင်တရားသူကြီး အပြောင်းအလဲများခြင်းမှာလည်း အမှုကို ကြန့်ကြာစေသော အကြောင်းရင်းများဖြစ်သည်ဟု ကိုနိုင်မိုးမှ ပြောကြားခဲ့သည်။
"ကျွန်တော်ကို စစစ်စစ်ချင်းမှာပဲ ရုံးချိန်း သုံးခါခေါ်တယ်။ ပြီးသွားတော့ ကျွန်တော်လည်း အလုပ်ကိစ္စတွေ ရှိတဲ့အတွက် ခရီးထွက်သွားတယ်။ ခရီးက ပြန်ရောက်ပြီး မေးကြည့်တော့ လက်ရှိအချိန်ထိ တရားလိုပြသက်သေ သုံးလေးယောက်ထက်ပိုအောင် မစစ်နိုင်သေးပါဘူး။ ဒီအတွက်လည်း ကျွန်တော်ဘက်က အခုတိုင်းတရားရုံးကို စာတင်ဦးတိုက် လျှောက်ထားဖို့ လုပ်နေပါတယ်" ဟု ကိုနိုင်မိုးမှ ပြောသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် သေဆုံးခဲ့သူ ကိုသန့်ဇင်လတ် (ခ) ဇင်မင်းမှာ ကိုသိန်းထိုက်နှင့်အတူ ပန်းဘဲတန်း၊ သိမ်ကြီးဈေးရှိ ညကလပ်တစ်ခုအတွင်းရှိနေစဉ် သန့်စင်ခန်းသို့သွားရာလမ်းရှိ လူသတ်တရားခံအဖြစ် တရားစွဲဆိုခံထားရသောသူနှင့် အပေါင်းအပါတစ်ဦးတို့အား တိုက်မိရာမှ အပြန်အလှန်စကားများရန်ဖြစ်ခဲ့ပြီး ကိုသိန်းထိုက်မှာ ခေါင်းကွဲခဲ့ပြီး ထိုလူနှစ်ဦးမှာ ကလပ်မှကားဖြင့်ထွက်သွားခဲ့ကြောင်း ရဲစစ်ချက်များအရ သိရသည်။
ခိုက်ရန်ဖြစ်ပွားမှုအပြီး ဒါရိုက်တာဇင်မင်းနှင့် ကိုသိန်းထိုက်တို့၏ သူငယ်ချင်းဖြစ်သူ ကိုနိုင်မိုး (လက်ရှိ တရားလို) ဖြစ်သူမှာ ရောက်ရှိလာပြီး ထိုကိစ္စအား ကျေနပ်မှုမရှိ၍ ကိုဇင်မင်းနှင့် ကိုသိန်းထိုက်တို့နှစ်ဦးနှင့်အတူ Taxi ငှား၍ ထိုသူနှစ်ဦးနောက်သို့ လိုက်ခဲ့ကြောင်း၊ ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်လမ်းနှင့် ၄၅ လမ်းအရောက်တွင် ထိုသူနှစ်ဦးသည် ကိုဇင်မင်းတို့နောက်မှ လိုက်ုလာပြီး ၄င်းတို့ကားအား ကိုဇင်မင်း၏ အငှားယာဉ်ရှေ့တွင် ပိတ်ရပ်ခဲ့သည်။ ထိုသို့ပိတ်ရပ်နေစဉ် ကိုဇင်မင်းသည် ကားထဲမှထွက်ကာ ပိတ်ရပ်ထားသော ယာဉ်မောင်းဘက်ခြမ်းသို့ သွားရောက်စဉ် ယာဉ်မောင်းမှ ကိုဇင်မင်း၏ လည်ပင်အားသိုင်းဖက်ကာ ကားအားမောင်းပြေးသွားခဲ့သောကြောင့် ကိုဇင်မင်းသည် ၄၅ လမ်းထိပ်မှ ၄၈ လမ်းထိပ်သို့ ဒရွတ်တိုက်ပါသွားကာ လမ်းဘေးရှိ ပါဂျဲရိုးနှင့် ဟိုင်းလတ်ကားနှစ်စီးတို့အား ၀င်ရောက်တိုက်မိခဲ့ကာ ကိုဇင်မင်းအား လွှတ်ချခဲ့သည်။ လက်ရှိ တရားစွဲဆိုထားခံရသူမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပုဇွန်တောင်မြို့နယ် ရဲစခန်းမှ (ပ)၂၃၃/၂၀၁၁၊ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ပြီး လက်ရှိတွင် အရှေ့ပိုင်းခရိုင်တရားရုံး၊ ခရိုင်ဒုတိယတရားသူကြီး တရားခွင် ၆ ၌ စစ်ဆေးနေကြောင်း သိရသည်။
 

0 comments:

Post a Comment

 

Blogger news

Blogroll

About