မြန်မာနိုင်ငံ ၏ အကြီးဆုံး အတိုက်အခံခေါင်းဆောင်သြဇာတိ
ဓါတ်ပုံကိုဘန်နီ
ကိုထွန်းဝေ မျှဝေပေးပါတယ်။
20.4.2013 —
ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲသည့် အစုအဖွဲ့သည် ပြည်သူများက ယုံကြည်လေးစားသူများဖြစ်ရန် လိုအပ်ပြီး ရေးဆွဲပုံ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
- Created on Sunday, 14 April 2013 18:33

(Photo- AFP)
ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲသည့် အစုအဖွဲ့သည် ပြည်သူများက ယုံကြည်လေးစားသူများဖြစ်ရန် လိုအပ်ပြီး ရေးဆွဲပုံ ရေးဆွဲနည်းမှာလည်း ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်ဟုအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဧပြီ ၁၃ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဂျပန်ရောက် မြန်မာ မိသားစုများနှင့် တွေ့ဆုံစဉ် မေးခွန်းများကို ဖြေကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခုကို ရေးဆွဲသည့် အဖွဲ့အစည်းသည် အရည်အချင်းရှိခြင်း၊ သမာသမတ်ကျခြင်း၊ ပြည်သူက လေးစားနိုင်ခြင်း၊ ပြည်သူက ယုံကြည်နိုင်ခြင်းများနှင့် ပြည့်စုံရမည်ဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

ဂျပန်ရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မေးခွန်းများကို ပြန်လည်ဖြေကြားနေစဉ် (Photo- AFP)
ဒေါ်အောင်ဆန်းစုကြည်က '' ပွင့်လင်းမြင်သာမှုရှိမှ ပြည်သူက လက်ခံနိုင်မှာပါ။ လက်မခံနိုင်တဲ့ အချက်အလက်တွေရှိရင် ပြည်သူကို ဝေဖန်ပိုင်ခွင့်လည်း ပေးရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု မရေးဆွဲခင်မှာ ဘယ်သူတွေက ဘယ်လိုပုံစံနဲ့ ရေးဆွဲဖို့ ရည်ရွယ်တယ်ဆိုတာ ပြည်သူအများ အသိပေးပြီးတော့ အများပြည်သူရဲ့ သဘောတူညီချက်ကို ရယူဖို့ လိုတယ်လို့ ကျွန်မမြင်ပါတယ်'' ဟု ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် မည်သည့်အချက်အလက်များ ပါသင့်သည်ဆိုသည်ကို ရေးဆွဲသည့် ပုဂ္ဂိုလ်များနှင့် တာဝန်ယူထားသည့် ပုဂ္ဂိုလ်များက ဆုံးဖြတ်မည်ဆိုသော်လည်း ပြည်သူလူထု၏ သဘော၊ ပြည်သူလူထု၏ ဆန္ဒများကသာ လွှမ်းမိုးနိုင်မည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ရေးဆွဲပါက သင့်တော်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၂၀၁၅ မတိုင်မီ အသစ်ပြန်လည် ရေးဆွဲသင့်ကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဆိုပါက ၂၀၁၅ ရွေးကောက်ပွဲ သည် တရားမျှတမှု မရှိနိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ယင်းနှင့် ပတ်သက်၍ ဒေါ် အောင်ဆန်းစုကြည်က '' နိုင်ငံခြားက ရောက်လာတဲ့ ဧည့်သည်တွေက မေးကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ်လို့ ထင်ပါသလားဆိုပြီး မေးပါတယ်။ ကျွန်မက ပြောတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ဖို့ကတော့ သိပ်ပြီးတော့ အခက်အခဲရှိမယ် မထင်ပါဘူး။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရတော့ တရားမျှ တတယ်လို့ ဘယ်လိုမှ ပြောနိုင်မှာ မဟုတ်ပါဘူး'' ဟု ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံကို ဘားမားမှ မြန်မာဟူသော အမည်ကို ပြောင်းခဲ့ရာတွင် ပြည်သူလူထု၏ ဆန္ဒကို မမေးခဲ့ကြောင်း၊ ဘားမားဆိုသည်မှာ ဗမာလူမျိုးများကိုသာ ရည်ညွှန်းခြင်းဖြစ်ပြီး မြန်မာဆိုသည်မှာ တိုင်းရင်းသားများ အားလုံးပါသည် ဆိုသည်ဆိုသော မခိုင်လုံသည့် အကြောင်းပြချက်မျိုးကို မကြိုက်ကြောင်း၊ မြန်မာဆိုသည်မှာ ဗမာကို စာပေသဘောတရားအရ ရေးခြင်းဖြစ်ပြီး မြန်မာနှင့် ဗမာ အတူတူဖြစ်ကြောင်း၊ မြန်မာဆိုသည်မှာ တိုင်းရင်းသားအားလုံး ခြုံငုံပြီး ပါဝင်သည်ဆိုသည်မှာ မဟုတ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
''နာမည်ပြောင်းခြင်းရဲ့ အကြောင်းရင်းက ဘာလဲဆိုတာ ကျွန်မမရှင်းဘူး။ တစ်ချို့ကတော့ ဗေဒင်ယတြာလို့ ပြောတယ်။ အဲဒါဆိုရင်တော့ ကျွန်မ လုံးဝသဘောမတူဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ နာမည်ထက် ပိုအရေးကြီးတာက နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရင်၊ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းသွားနိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိရင် နိုင်ငံရဲ့ နာမည်ကို ပြောင်းနေစရာ မလိုဘူးလို့ ထင်ပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဆန္ဒပြခံရမှုနှင့် ပတ်သက်၍ မေးမြန်းမှုကို ဖြေကြားရာတွင် ၎င်းအနေဖြင့် ကော်မရှင် ဥက္ကဋ္ဌနေရာကို လက်ခံကတည်းက ကော်မရှင်၏ တွေ့ရှိချက်၊ အကြံပြုချက်များကို လက်မခံချင်သောသူများ ရှိမည်ဆိုသည်ကို တွက်ပြီးသား ဖြစ်သည့်အတွက် ထူးထူးထွေထွေ မခံစားရကြောင်း၊ ဒီမိုကရေစီကို ယုံကြည်သည်ဆိုခြင်းမှာ ပြည်သူများတွင် မတူညီသည့် သဘောထားများ ရှိသည်ဆိုသည်ကို ယုံကြည်ခြင်းကြောင့်ဖြစ်ကြောင်း၊ မေးခွန်းများကို မဖြေနိုင်ခြင်းနှင့် ဆန္ဒပြသည့်ဒဏ်ကို မခံနိုင်သည့် သူများကို နိုင်ငံရေး မလုပ်ပါနှင့်ဟု ပြောလိုကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ ခုနှစ်အတွင်း ဒုတိယမြောက် ပြည်ပခရီးစဉ် အဖြစ် ဧပြီ ၁၂ ရက်နေ့မှစကာ ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်နေခြင်းဖြစ်ပြီး ဧပြီ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။
Comments
+1
#
KZMO
2013-04-20 03:22
ဆွဲလို့၇ှိရင် ဒါမျိုးတွေပါထည့်စဉ်းစားပေးပါ.https://www.facebook.com/MyawadyNews/posts/406596746104829
+10
#
2013-04-18 13:13
ခဲ(၁)လုံး နဲ့ ပစ်တာ ငှက် (၅)ကောင်တောင် ထိသဗျာ။ တော်လိုက်တဲ့ နပိုလီယံ စစ်သူကြီး...
ဘာသာရေးဆန်တဲ့ အဓိကရုဏ်းမျိုး ဘာလို့ ဖန်တီးနေတာလဲ။
အချက် ၅ ချက် သွားတွေ့မိတယ်။
(၁) ၂၀၁၅ ရွေးကောက်ပွဲ
(၂) ဒေါ်အောင်ဆန်းစုကြည်နဲ့ ကို မင်းကိုနိုင်
(၃) တရုတ်အစိုးရ အကျိုးစီးပွား
(၄) လူထု
(၅) သမ္မတ၊ ရဲ၊ စစ်တပ်၊ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်များ
=============================================
နံပါတ်(၁) အချက်ဖြစ်တဲ့ ၂၀၁၅ ရွေးကောက်ပွဲ
ကျိန်းသေတယ်။ တရားမျှတစွာ လုပ်ပေးလို့ကတော့ ခြင်္သေ့တွေ မြောင်းထဲရောက်ပြီ။ ဖယောင်းသုတ်၊ ကြိုတင်မဲ၊ ပယ်မဲတွေနဲ့ မဲခိုးတဲ့ နည်းကလည်း လူသိကုန်ပြီမို့ ထပ်သုံးလို့ မဖြစ်တော့ဘူး။ ခက်တာက ခြင်္သေ့တွေကိုလည်း မြောင်းထဲအရောက်ခံလို့ မဖြစ်။ မဖြစ်တဲ့အကြောင်းရင်းက ရှင်းပါတယ်။ သားတော် သမီးတော် ဆွေတော် မျိုးတော် တွေရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ တည်ထောင်လုပ်ကိုင်နေတဲ့ ပြည်တွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ခြင်္သေ့တွေသာ မြောင်းထဲရောက်သွားလို့ကတော့ လက်ဝါးကြီးအုပ် အခွင့်ထူးခံပြီး လုပ်စားလို့ ရတော့မှာ မဟုတ်ဘူးလေ။ ဒီတော့ ဒီလိုအဖြစ်မျိုးကို ဘယ် အဖြစ်ခံရဲပါ့မလဲ။ သား သမီးကို မချစ်တဲ့ မိဘရယ်လို့ မရှိဘူးမို့လား။ အဲတော့ ကိုယ့်သား သမီး ကောင်းစားဖို့ ရွေးကောက်ပွဲမှာ ခြင်္သေ့ပဲ အသာစီးရရမယ်။ ဒီတော့ ဘယ်လိုလုပ်မလဲ။
ပြည်နယ်နဲ့ ပြည်မခွဲခြားကြည့်ရင် ပြည်နယ်တွေမှာက သူ့တိုင်းရင်းသားအလိုက် အနိုင်ရသွားကြမှာ။ ဒီချုပ်အတွက် ပြည်နယ်တွေမှာ မျှော်လင့်ချက် သိပ်မရှိဘူး။ အဲတော့ ပြည်နယ်တွေမှာ ရွေးကောက်ပွဲကို ဟန်မပျက်လုပ်။ ခြင်္သေ့နိုင်ရင် ခြင်္သေ့စား၊ တိုင်းရင်းသားတွေနိုင်ရင် မဟာမိတ်ဖွဲ့။ ဒီတော့ ပြည်နယ်တွေမှာ ဆူပူမှုတွေ မဖန်တီးနဲ့။
အဲ .. ပြည်မမှာကျတော့ ဒီချုပ်က အားသာသွားပြီ။ ဒီတော့ ဆူပူမှုတွေ ဖန်တီး။ မငြိမ်မသက်ဖြစ်တာကို အကြောင်းပြပြီး ရွေးကောက်ပွဲကို ဆိုင်းငံ့။ ရွေးကောက်ပွဲ မလုပ်ဘူးလို့ မပြောဘူးနော်။ လုပ်မှာ။ ၂၀၁၅ တော့ မဟုတ်ဘူး။ (၂၀၁၂ မှာလိုပဲ) ၂ နှစ်လောက် ကြာပြီးမှ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပြီး ဒီချုပ်ကို လွှတ်တော်ထဲမှာ နေရာပြန်ပေးမယ်။ အဲဒီကျ သမ္မတအသစ်ကလည်း ၂၀၁၅ မှာတည်းက ရွေးပြီးသားဆိုတော့ ခြင်္သေ့တွေအတွက် အိုစကေ စိုပြေပေါ့။ ရှင်းရှင်းပြောရရင် ၂၀၁၅ ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ခေါ်တဲ့အခါ လွှတ်တော်ထဲမှာ ဒီချုပ် အင်အားနည်းမှ (မရှိဘူးတော့ မဟုတ်ဘူး။ လူမြင်ကောင်းအောင် စတိလောက်တော့ရှိမယ်) ခြင်္သေ့တွေအလိုကျ သမ္မတ တင်မြှောက်နိုင်မယ်လေ။ အဲဒီအတွက် ဒီချုပ်အနိုင်ရနိုင်ချေများတဲ့ ပြည်မက မြို့နယ်တွေမှာ ရွေးကောက်ပွဲကို ဆိုင်းငံ့ထားမယ်။ အကြောင်းပြလို့ကောင်းအောင် ဆူပူမှုတွေ ဖန်တီးမယ်။ ဒါပေမယ့် အာဏာသိမ်းရလောက်တဲ့အထိတော့ အဖြစ်မခံဘူး။ ပြန်ငြိမ်အောင် ထိန်းချင်ရင် အချိန်မရွေး ပြန်ထိန်းလို့ရတဲ့ အနေအထားမျိုးလောက်အထိပဲ ဆူပူမှုကို ဖန်တီးမယ်။ အဲဒီအတွက် အခုဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေမှာ ဘယ်လိုအင်အားနဲ့ ဘယ်လိုလုပ်မလဲဆိုတာကို ကောင်းကောင်း စမ်းသပ်ကြည့်ပြီးသွားပြီ။ တနည်းအားဖြင့် ဖော်မျူလာ ထုတ်ပြီးသွားပြီ။
ဒီနေရာမှာ တစ်ခု သတိထားဖို့က လွှတ်တော်အစည်းအဝေး ကျင်းပတဲ့အခါ အစည်းအဝေးအထမြောက်ဖို့ ၃ ပုံ ၁ ပုံ ရှိရင် ရပြီဗျ။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၃ ပုံ ၁ပုံ အစည်းအဝေးတက်တာနဲ့တင် သမ္မတကို ရွေးလို့ရနေပြီ။ စကတည်းက ၄ပုံ ၁ပုံသော တပ်မတော်သားကိုယ်စားလှယ်က အော်တိုမက်တစ် ပြည့်ပြီးသားဆိုတော့ ၃ ပုံ ၁ ပုံ ပြည့်ဖို့ဆိုတာ ဘာမှ မခက်တော့ဘူး။ မြန်မာတနိုင်ငံလုံး အနိုင်သေချာလောက်တဲ့ မြို့နယ်အချို့မှာ ရွေးကောက်ပွဲလုပ်ရုံနဲ့တင် ရနေပြီ။ ပြီးတော့ လက်ရှိမှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပေးထားတဲ့ မြို့နယ်တွေကို ကြည့်ကြည့်ရင် ၅၀%လောက်က တပ်မြို့တွေ။
to be continued...

+8
#
2013-04-18 13:13
ဥပမာ ပြင်ဦးလွင်၊
မိတ္ထီလာ၊ လှည်းကူး၊ ကလော၊ နေပြည်တော် ၄မြို့နယ်... စသဖြင့်ပေါ့။ အဲဒါတွေက
ဂျိုကာတွေပဲ။ မဲဆန္ဒရှင်အများစုက တပ်အသိုင်းအ၀ိုင်းကဆိုတော့ အနိုင်အရှုံး
လိုသလို ကစားသွားလို့ရတယ်။ ဒါကလည်း ထူးခြားချက် မဟုတ်တဲ့ ထူးခြားချက်ပဲဗျ။
ဘာလို့ ထူးခြားချက် မဟုတ်ဘူးလို့ ပြောရလဲဆိုတော့ ၂၀၁၀ မှာတည်းက
ဒီမြို့နယ်တွေကို ဂျိုကာအဖြစ် ထားထားပြီးသား။ ကြိုစီစဉ်ထားပြီးသား။ ၂၀၁၀
ရွေးကောက်ပွဲလုပ်၊ အဲဒီမြို့နယ်တွေက အနှီကိုယ်စားလှယ်တွေကို လွှတ်တော်ထဲမှာ
သမ္မတ ရွေးပြီးတာနဲ့ ၀န်ကြီး၊ ဒုဝန်ကြီး အဖြစ်ခန့်ဖို့
ကြိုတင်စီစဉ်ထားပြီးသား။ သမ္မတ ရွေးတဲ့အချိန် မဲ သေချာစေဖို့ လွှတ်တော်ထဲ ခဏ
ဝင်ထိုင်ခိုင်းတဲ့ သဘောပဲ။ ဘယ်လောက်တောင်လဲဆို ကက်ဘိနက်ထဲ အမျိုးသမီး ၂
ဦးတိတိ ပါဖို့တောင် ကြိုတင်အကွက်ချထားပြီးသား။ အဲဒီမှာ အမျိုးသမီး ၂ဦး
ပါကိုပါရမယ်ဆိုတာကြောင့် မူလက ကျန်းမာရေး ဒုဝန်ကြီးအဖြစ် တစ်ပြေးနေတဲ့
မုံရွာက ကိုယ်စားလှယ်ကြီးခမျာ နောက်ဆုတ်ပေးလိုက်ရသတဲ့။ အခုတော့ အဲဒီ
ကိုယ်စားလှယ်ကြီးလည်း ကွယ်လွန်သွားရှာပါပြီ။ ပြောရင်း ပြောရင်းနဲ့
လမ်းတွေလည်း လွဲကုန်ပြီ။ လိုရင်းကို ပြန်ကောက်ရရင် ၂၀၁၅ မှာ
သမ္မတအသစ်ရွေးဖို့ လွှတ်တော် ခေါ်ရမယ်။ လွှတ်တော်ခေါ်ဖို့ အမတ် ၃ပုံ ၁ပုံ
လိုမယ်။ ၄ပုံ ၁ပုံက အော်တိုဆိုတော့ ထပ်ရှာရမှာ ၁၂ပုံ ၁ပုံ -
အရေအတွက်အားဖြင့် ၅၀ ကျော် ၆၀ လောက်ပေါ့။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့
မြို့နယ် ၆၀လောက်မှာပဲ ရွေးကောက်ပွဲ လုပ်ရင် အိုစကေနေပြီ။ ကျန်မြို့နယ်တွေ
ဆူဆူပူပူမို့ ရွေးကောက်ပွဲ ဆိုင်းငံ့ပေါ့။
ဒါပေမယ့် အခု လတ်တလောမှာတော့ မီးခဲကို ခဏတော့ ပြာနဲ့ဖုံးထားဦးမယ်။ ဘာလို့ဆိုတော့ အာဆီယံ အားကစားပွဲကလည်းရှိနေ၊ ၂၀၁၄ မှာ အာဆီယံ ထိုင်ခုံကလည်း ထိုင်ချင်သေးတာဆိုတော့ အဓိကရုဏ်းတွေကို လောလောဆယ်မှာ ငွေ့ငွေ့လေးအခြေအနေမှာပဲ ဆက်ထိန်းထားမယ်။ အပြီ်းတော့ မီးငြိမ်းပစ်မှာ မဟုတ်သေးဘူး။ ဘာလို့ဆိုတော့ ၂၀၁၅ ဇွန်လ ကျော်ရင် ပြန်ရှို့ရဦးမှာလေ။ ဒါပေမယ့် ပြန်ရှို့ပြီးရင် ကိုယ်တင်တဲ့ သမ္မတကပဲ ပြန်ငြိမ်းပေးရမှာဆိုတော့ ကို်ယ့်ရှူး ကိုယ်မပတ်အောင် ပညာသားပါပါတော့ ရှို့ပါလိမ့်မယ်။
အဲဒီအတွက်လည်း နှုတ်သိပ်လုံတဲ့လူတွေ မွေးထားပြီးသားပါ။ ဒီပဲယင်းမှာ လူအုပ်နဲ့ ရိုက်ခဲ့တာ၊ တောင်ကုတ်မှာ ခရီးသွားကားပေါ်က ဘာသာခြားတွေကို လူအုပ်နဲ့ ၀ိုင်းသတ်ခဲ့တာ စတဲ့ အဖြစ်အပျက်တွေမှာ - အခုထိ ဘယ်သူက အမိန့်ပေးတယ်ဆိုတာ သိပေမယ့် - ဘယ်သူက အကောင်အထည်ဖော်သလဲဆိုတာ တိတိပပကို မဟကြဘူး။ အဲလို မဟရဲအောင်လည်း - နှုတ်မလုံတဲ့သူ နှုတ်လုံသွားအောင် - ချည်ပြီး တုပ်ပြီးလုပ်နိုင်တဲ့ နည်းလမ်းကလည်း အဆင်သင့်ရှိထားတာကိုး။
ဥပမာဗျာ - ရော့..ဒီမှာ မင်း ဒီဟာကို တာဝန်ယူလုပ်။ ဒါအမိန့်ညွှန်ကြားချက်...
xxxxx xx xxxx --- xx
ဘာလဲ မလိုက်နာချင်ဘူးလား...သွား...ဂျောင်း...ဂျေးထဲကို။ (ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်တောင် ၀န်ကြီးရာထူးပေးတာ မလုပ်နိုင်ဘူးငြင်းလို့ ချက်ချင်း အကျယ်ချုပ်ချထားလိုက်တာ ထင်ရှားတဲ့ သာဓကပဲ)
တကယ်လို့ အမိန့်ကို မလွန်ဆန်နိုင်လို့ လုပ်ရပြီဟေ့ဆိုရင်လည်း
အေး...ဒါမှ ငါ့တပည့်...မင်းလိမ္မာတယ်...
ရော့...ဒီမှာ မင်းနဲ့ မင့်းဆွေစဉ်မျိုးဆက်အတွက် တစ်သက်သုံးမကုန် စားမကုန်..ယူထားလိုက်...ယူထားလိုက်
အေး...တစ်ခုတော့ မှာမယ်...နှုတ်တော့ လုံပစေနော်...ပေါက်ကြားသွားလို့ကတော့ မင့်း သမိုင်းတရားခံ လုံးလုံးဖြစ်ပြီသာမှတ်....မင်းသဘောနဲ့ မင်းလုပ်တာပါဆိုပြီး ၀ါဒဖြန့်ပလိုက်မယ်...ရှင်းတယ်နော်....ရော့ ဒီမှာ တစ်ခါတည်း ဒီစာရွက်မှာ လက်မှတ်ထိုးထား....
အဲလို ခြောက်လုံးလှန့်လုံးတွေနဲ့ဆိုတော့လည်း မင်းခယောက်ျားခမျာ ဆုပ်လည်းစူး စားလည်းရူးပေါ့။

2013-04-18 13:12
နံပါတ်(၂) အချက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကို မင်းကိုနိုင်
လက်ရှိ အဓိကရုဏ်းတွေ ဖြစ်လာတဲ့အပေါ် ဒီချုပ်နဲ့ ကိုမင်းကိုနိုင်အုပ်စု ဘယ်ဘက်က ရပ်မလဲ။ တစ်ဘက်သတ်ပဲရပ်ရပ် တစ်ဘက်စောင်းနင်းဘဲရပ်ရပ် သွားပြီသာမှတ်ပေတော့။ ဗမာဘက်(သို့) မွတ်စ်တွေဘက် - တစ်ဘက်ဘက်ကို ပြတ်ပြတ်သားသား ရပ်ပြီဆိုတာနဲ့ ရထားပြီးသား လူထုထောက်ခံမှုတွေ အလိုလို ကျဆင်းပြီလေ။ အဲလို ကျဆင်းအောင်လည်း ဒီဟာကို ခုတုံးလုပ်ပြီး မီဒီယာနည်းလမ်းမျိုးစုံနဲ့ ၀ါဒဖြန့် အပုပ်ချ တိုက်ခိုက်ဖို့ ကောက်စီစဉ်လိုက်ရုံပဲ။ အခုခေတ်မှာ ခေတ်လူငယ်တွေပဲ ဖွဘုတ်ခ် သုံးတာမဟုတ်ဘူး။ နပိုလီယံကြီးရဲ့ သစ္စာခံတွေလည်း ဖွဘုတ်ခ်ကို ကျွမ်းကျင်တယ်။ မဟုတ်တယုတ်ဖွမယ်။ အပုပ်ချမယ်။ အဲလို ထိထိရောက်ရောက် ဖွလို့ရအောင် မိုဘိုင်းလ်နဲ့ အင်တာနက်ကြည့်နိုင်အောင် ဆင်မ်ကဒ်တွေ ဈေးပေါပေါနဲ့ ချရောင်းပစ်လိုက်တာပေါ့။ ဒီ ယုန်မြင်လို့ ဒီချုံထွင်တာပါဗျာ။ ဖုန်းဈေးကျဆင်းသွားတော့ ပြည်သူတွေလည်း အစိုးရကို ချစ်။ အဲ တစ်ဖက်မှာ နပိုလီယံအုပ်စုကလည်း ထိထိရောက်ရောက် ၀ါဒဖြန့်လို့ ရသွားတာပေါ့။ နောက်ခဲ(၁)လုံးနဲ့ ငှက် (၂)ကောင် ထပ်ပစ်လိုက်ပြန်ရော။ တော်ချက်ကတော့ဗျာ....ပါရမီ အဓိပတိ ပဲ။ (လိုင်းကားကို မဆိုလိုဘူးနော်)။ ရေးရင်းနဲ့ လမ်းတောင်နဲနဲချော်ထွက်သွားပြီ။ အဲတော့ မူလလမ်းကြောင်းကို ပြန်လျှောက်ရအောင်။ အဓိကရုဏ်းတွေဖြစ်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကို မင်းကိုနိုင် တို့အပေါ် လူထုထောက်ခံမှု ဘာလို့ ကျဆင်းရတာလဲ...
(က) ဗမာဘက်ကရပ်ပြီဆိုတာနဲ့ တစ်ကမ္ဘာလုံးက မွတ်စ်တွေနဲ့ ပြဿနာတက်ပြီ
(ခ) မွတ်စ်ဘက်က ရပ်ပြီဆိုတာနဲ့ ပြည်တွင်းမှာ ၀ိုင်းသမမယ့်သူတွေ ဒုနဲ့ဒေး။
ရှင်းရှင်းပြောရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကို မင်းကိုနိုင်အုပ်စုအတွက် ဒီဟာက ထောင်ချောက်ပဲ။
===============================================
နံပါတ်(၃) အချက်ဖြစ်တဲ့ တရုတ်အစိုးရ အကျိုးစီးပွား
အဓိကရုဏ်းတွေဖြစ်တော့ တရုတ်တွေ ပျော်ပြီပေါ့။ (ဒီနေရာမှာ ပြည်တွင်းမှာ နှစ်ပေါင်းများစွာ ဆွေစဉ်မျိုးဆက် နေလာခဲ့တဲ့ တရုတ်တွေကို ပြောခြင်းမဟုတ်ပါ။) ပြည်ပက လာပြီး ရင်းနှီးမြုပ်နှံထားတဲ့ တရုတ်အစိုးရကို ပြောထှာ။ မြစ်ဆုံလို၊ လက်ပံတောင်းလို စီးပွားရေး လာမြုပ်နှံထားတဲ့သူတွေ ပျော်ပြီပေါ့။ တိုင်းပြည်မှာ ဆူဆူပူပူတွေ ဖြစ်ရင် ဥရောပ နဲ့ အနောက်နိုင်ငံတွေက ကုမ္ပဏီအသစ်တွေ ၀င်လာဖို့ လက်တွန့်သွားမယ်လေ။ အဲဒီအခါမှာ မူလကတည်းက ခြေကုပ်ယူထားတဲ့ တရုတ် ကုမ္ပဏီတွေက ပြိုင်ဘက်မရှိ တစ်ကိုယ်တည်း ဗိုလ်စွဲပြီပေါ့။ ကြိုက်တဲ့ဈေးနဲ့ ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်လို့ ရသွားမယ်။ တဖက်က ပြန်ကြည့်ရင်လည်း တရုတ်ကုမ္ပဏီတွေ စီးပွားဖြစ်လေ နပိုလီယံ အုပ်စုလည်း ကော်မရှင်နဲ့ပွဲခတွေ ရပြီးရင်းရ အညမည ပစ္စယောပေါ့။
ပြီးတော့ ဒီလို အဓိကရုဏ်းတွေဖြစ်ရင် လူထုရဲ့ အာရုံကိုလည်း လမ်းလွှဲပစ်လိုက်နိုင်ပြီပေါ့။ တနည်းအားဖြင့် လက်ပံတောင်းလို - မြစ်ဆုံလို - တရုတ်အကျိုးစီးပွားဆန့်ကျင်ရေးတွေဖြစ်နေတဲ့ လူထုရဲ့ အာရုံကို လမ်းလွှဲပစ်လိုက်နိုင်ပြီပေါ့။
ဒါကြောင့် မိတ္ထီလာလိုမျိုး အဓိကရုဏ်းတွေဖြစ်ရင် တရုတ်အကျိုးစီးပွားကို အလိုလို ကာကွယ်ပြီးသားဖြစ်သွားပြီ။ ဒါက နံပါတ်(၃)အကြောင်းရင်း။

+5
#
2013-04-18 13:11
နံပါတ် (၄) အချက်ဖြစ်တဲ့ လူထု
ရခိုင်လို၊ မိတ္ထီလာလိုမျိုး အဓိကရုဏ်းတွေဖြစ်ရင် လူထုက အေးအေးချမ်းချမ်းဖြစ်ဖို့ အားကိုးရာရှာမယ်။ အဲဒီအချိန်မှာ လူထုနဲ့ စစ်တပ် အလိုလို စည်းလုံးပြီးသားဖြစ်သွားပြီ။ ရဲက မထိန်းနိုင် မသိမ်းနိုင်။ စစ်တပ် ၀င်ပါလာပြီဆိုရင်တော့ ၀င်ထိန်းလာပြီဆိုရင်တော့ အလျှို အလျှို ငြိမ်သွားတော့တာပဲ။ အဲတော့ လူထုက စစ်တပ်ကို အားကိုးရ။ စည်းစည်းလုံးလုံးဖြစ်။
သူ့လောက်လှတဲ့ ဂွင်တောင် သူ့လောက်မလှဘူး။
=========================================
နံပါတ် (၅) အချက်ဖြစ်တဲ့ သမ္မတ၊ ရဲ၊ စစ်တပ်၊ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်များ
ဒီလူတွေအတွက် အဓိကရုဏ်းထိန်းသိမ်းရေးနည်းလမ်းတွေ လေ့ကျင့်သားဝနေအောင် ပြီးခဲ့တဲ့ ရခိုင်နဲ့ မိတ္ထီလာကလိုမျိုး အဓိကရုဏ်းတွေက ကောင်းကောင်း အထောက်အကူပြုပါတယ်။
မှတ်ချက်။ ။( ဒီနေရာမှာ assumption တစ်ခုတော့ ရှိပါတယ်။ လက်ရှိ သမ္မတအနေနဲ့ ဒီ အဓိကရုဏ်းတွေဟာ နပိုလီယံကြီးရဲ့ ကြိုကာထားတဲ့ စီမံချက်တွေမှန်း သိပုံမပေါ်ပါဘူး။ သိဖို့လည်း မလိုဘူးလေ။ ၂၀၁၅ ပြီးရင် သူက နားတော့မှာကိုးဗျ။)
လေ့ကျင့်သား ပြည့်ဝဖို့ ဘာကြောင့်လိုသလဲဆိုတော့...
၂၀၁၅ ဒုတိယ နှစ်ဝက်မှာ ဒီ အဓိကရုဏ်းမျိုးတွေ ခြိမ့်ခြိမ့်သဲ ကျင်းပပေးဦးမှာလေ။ အဲဒီကျ ပြန်ထိန်းသိမ်းဖို့ လုပ်ကြတဲ့အခါ အတွေ့အကြုံမရှိဘဲ မလုပ်တတ် မကိုင်တတ် ဖြစ်နေမှာစိုးလို့ အခုကတည်းက စဉ်ဆက်မပြတ် လေ့ကျင့်ပေးထားတာပါ။
နောက်တစ်ခုရှိတာက ၂၀၁၅ ထဲမှာ ဒီချုပ်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရာပြည့်အထိမ်းအမှတ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကားကို ပွဲတော်တစ်ခုအသွင် တစ်နိုင်ငံလုံးအနှံ့ ခြိမ်ြ့ခိမ့်သဲ ပြသသွားမယ်။ မဲဆွယ်တဲ့သဘောလည်းပါတာပေါ့။ အဲဒီမှာ ရွာလုံးကျွတ် မြို့လုံးကျွတ် ရုပ်ရှင်သွားကြည့်ကြမယ်။ ရပ်ကွက်တွေ လမ်းတွေမှာ လူစောင့်လောက်ပဲ ကျန်မယ်။ (မျက်မြင်သက်သေတွေ မရှိတဲ့သဘောပေါ့)။ အဲ....အဲလိုအချိန်မှာ ဘယ်ကမှန်းမသိ လူတစ်အုပ်ရောက်လာပြီး မီးတွေရှို့- ရုပ်ရှင်ပြတဲ့နားသွားပြီး လှုံ့ဆော် - အဓိကရုဏ်းဖန်တီး - သွားကြည့်တဲ့သူတွေက ရုပ်ရှင် တစ်ဝက်တစ်ပျက်နဲ့ ကိုယ့်ရပ်ကွက်ပြန်ပြေးလာချိန်မှာ မီးကအတော်လောင်နေပြီ - လာ လှုံ့ဆော်တဲ့ လူအုပ်ကတော့ ရောကောသောကောနဲ့ လစ်သွားပြီ -
အဲလို အခြေအနေမျိုးတွေမှာ သမ္မတ၊ ရဲ၊ စစ်တပ်၊ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်များဟာ လေ့ကျင့်သားပြည့်ဝနေပါမှ ဆူပူမှုကို ထိန်းနိုင်မယ်လေ။
ကဲ...ဒီလောက်ဆို ခဲ(၁)လုံးတည်းနဲ့ ငှက် (၅)ကောင်တောင်ထိအောင် ဘယ်လိုပစ်သလဲဆိုတာ သိလောက်ရောပေါ့။
အထူးမေတ္တာရပ်ခံခြင်း။ ။ ဤစာသားများနှင့် ပတ်သက်၍ တစ်စိတ်တစ်ပိုင်းပဲဖြစ်ဖြစ် အားလုံးပဲဖြစ်ဖြစ် တိုက်ရိုက်ပဲဖြစ်ဖြစ် သွယ်ဝိုက်၍ပဲဖြစ်ဖြစ် ကူးယူ- အသုံးချ - ဖွခြင်း လုံးဝ လုံးဝ လုပ်နိုင်ပါသည်။ ခွင့်တောင်းရန် လုံးဝ မလိုကြောင်းပါ။ လွတ်လပ်စွာ သဘောကွဲလွဲ၍လည်း အနီရောင် ဂဏန်းများဖြင့် လှိုက်လှိုက်လှဲလှဲ အားပေးနိုင်ပါသည်။

-16
#
2013-04-16 08:13
I have lost a bit of
faith and respect on her. Since she is back in politics, I been
impressed with her speeches. However, until now, I still don't see any
striking action from her. U may think she helped to remove some economic
sanctions, rejection to recognize Rohingya etc. But all these things
she done so far, can be also done by someone else as well. Come on she
is globally respected lady, all her speeches are beautifully spoken. Now
time to show some actions(NOT celebrity style public appearance such as wedding attendances)
May be my expectations are far too high
PS. I'm currently visiting Japan and aware of her visit, didn't try to attend her speech as I knew wut she gonna say.

+13
#
2013-04-16 08:46
Your view upon her is
partially right. In Democratic country, people can hold different views
and ideas, and can express them freely, so that good advices and
suggestions from public can reach the ruling authorities. The main thing
is, our country is in great need of a wise and genius leader. Sometimes
it is on the spur of your inspiration, sometimes it depends on luck.
Anyway, her visit to Japan itself is very significant. Let us recall our
great leader Bogyoke Aungsann who had also visited Japan when striving
for independence. Japan today is a democratic and most advanced country,
we can benefit from her visit through democratic relationship and
cooperation. So let's pray for the best.
+39
#
2013-04-15 11:55
ဒီဓာတ်ပုံထဲမှာပါတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပတိ ရုပ်ကို သေချာ ကြည့်ပြီး အာရုံပြုလိုက်ပါ။
ကျွန်တော်တို့ နိုင်ငံအတွက် အဖိုးမဖြတ်နိုင်တဲ့ မေတ္ထာ၊ ဂရုဏာ နဲ့
ကယ်တင်မယ်ဆိုတဲ့ ရောင်ခြည်တွေသန်းနေတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ
ကျွန်တော်တို့ နိုင်ငံအတွက် ကြီးမား ထွန်းပြောင်တဲ့ တိတ်နိမိတ် ကောင်းကြီး
ဖြစ်ပါတယ်။
+11
#
2013-04-18 07:46
ကျွန်တော့်ကိုယ်ပိုင်အမြင်အရပြောရရင်
မြန်မာနိုင်ငံရဲ့ အနာဂတ်တစ်ခုလုံးဟာဒေါ်စုပေါ်မူတည်နေပါတယ်။ အန်တီစုဟာ
ကျွန်တော်တို့ နိုင်ငံရဲ့ ဦးနှောက်ပါပဲ။ အန်ကယ်ဦးမြင့်သိန်း
ပြောသလိုပါပဲ၊ အန်တီစုမျက်နှာဟာအင်မတန်မှပဲကျက်သရေရှိပါတယ်။
အတော်ထူးခြားတဲ့ကျက်သရေတမျိုးရှိပါတယ်။
+18
#
2013-04-15 11:38
Quote:
ခေါင်း နဲ့ ပန်း နှစ်ဘက်စလုံး အတွက် အရှုံးအမြတ် ရှိပါတယ်။
အမြတ်ထွက်အောင် တွက်လုပ်တယ်ပြောတော့ လူအချို့က နန့်နန့်ထိုးအောင် ထွန့်ထွန့်လူးပီး နာပါတယ်။
ဘာဖြစ်လို့ နာ သလဲဆိုတော့ နိုင်ငံရေးလုပ်တာကို လောကီကောင်းကျိုးလုပ်တာလား နိဗ္ဗာန်မာဂ်ဖိုလ်အတွက် လုပ်တာလားဆိုတာ ၀ိဝါဒမကွဲတဲ့ နိုင်ငံရေးသူငယ်နာမစင် လို့ဆိုတာ ရှင်းပါတယ်...
ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ပါတီအကျိုးအမြတ်ကိုတော့ ရှေးရှုတွက်ဆ ရပါလိမ့်မယ်။ နိုင်ငံသားတိုင်းဟာ နိုင်ငံ့အကျိုးကို ဦးထိပ်ထားကြရတာမှန်ပေမဲ့ မိမိ အပါအ၀င်ဖြစ်တဲ့ တစ်စု တစ်ဖွဲ့ တစ်ပါတီ အကျိုးကိုတော့ အရင်ဆုံး စပီး စဉ်စားရမှာပါ။ ဒါ မမှားပါဘူး။
ဒါကြောင့် လက်ပံတောင်းတောင်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကော်မရှင်ဥက္ကဋ္ဌနေရာ မှာ ပါဝင်လှုပ်ရှားခဲ့တာဟာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တဖက် နဲ့ တစ်ဖက် အပြန်အလှန်
အမြတ်ထုတ် ဖြတ်ခုတ်ကြတဲ့ ပွဲပါဘဲ။
မီး ခိုး လောင် ဗုံး စာမိတဲ့ သံဃာတွေ အတွက် နဲ့ ဆူဆူပူပူ မဖြစ်အောင် ထိန်းလိုက်နိုင်တာကလွဲရင် နိုင်ငံတော်အနေနဲ့ ကတော့ မိအေး က မိအေး ပါဘဲ.....
လက်ပံတောင်းတောင်ကော်မရှင် ဥက္ကဋ္ဌနေရာ ယူခဲ့တာကတော့ အငှားဗိုက်နဲ့ ဓါးအထိုး လိုက်ပီး ခံလိုက်တာပါ။ လက်ပံတောင်းတောင်ကော်မရှင်ဥက္ကဋ္ဌ နေရာဟာ ပြည်တွင်းက ကိုယ့်အမေအိပ်တဲ့ ခြင်ထောင်ကို လှပ်ပေးတဲ့ ပြည်တွင်းသူခိုး နဲ့ အချောင်သမား တရုတ်သူခိုး တို့ကြားမှာ ၀င်ရပ်ရတာဖြစ်လို့ အမြတ်ချည်းလဲ မဟုတ်သလို အရှုံးချည်းပဲလဲ မဟုတ်ပါဘူး။လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဆန္ဒပြခံရမှုနှင့် ပတ်သက်၍ မေးမြန်းမှုကို ဖြေကြားရာတွင် ၎င်းအနေဖြင့် ကော်မရှင် ဥက္ကဋ္ဌ နေရာကို လက်ခံကတည်းက ကော်မရှင်၏ တွေ့ရှိချက်၊ အကြံပြုချက်များကို လက်မခံချင်သောသူများ ရှိမည်ဆိုသည်ကို တွက်ပြီးသား ဖြစ်သည့်အတွက် ထူးထူးထွေထွေ မခံစားရကြောင်း
ခေါင်း နဲ့ ပန်း နှစ်ဘက်စလုံး အတွက် အရှုံးအမြတ် ရှိပါတယ်။
အမြတ်ထွက်အောင် တွက်လုပ်တယ်ပြောတော့ လူအချို့က နန့်နန့်ထိုးအောင် ထွန့်ထွန့်လူးပီး နာပါတယ်။
ဘာဖြစ်လို့ နာ သလဲဆိုတော့ နိုင်ငံရေးလုပ်တာကို လောကီကောင်းကျိုးလုပ်တာလား နိဗ္ဗာန်မာဂ်ဖိုလ်အတွက် လုပ်တာလားဆိုတာ ၀ိဝါဒမကွဲတဲ့ နိုင်ငံရေးသူငယ်နာမစင် လို့ဆိုတာ ရှင်းပါတယ်...
ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ပါတီအကျိုးအမြတ်ကိုတော့ ရှေးရှုတွက်ဆ ရပါလိမ့်မယ်။ နိုင်ငံသားတိုင်းဟာ နိုင်ငံ့အကျိုးကို ဦးထိပ်ထားကြရတာမှန်ပေမဲ့ မိမိ အပါအ၀င်ဖြစ်တဲ့ တစ်စု တစ်ဖွဲ့ တစ်ပါတီ အကျိုးကိုတော့ အရင်ဆုံး စပီး စဉ်စားရမှာပါ။ ဒါ မမှားပါဘူး။
ဒါကြောင့် လက်ပံတောင်းတောင်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကော်မရှင်ဥက္ကဋ္ဌနေရာ မှာ ပါဝင်လှုပ်ရှားခဲ့တာဟာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တဖက် နဲ့ တစ်ဖက် အပြန်အလှန်
အမြတ်ထုတ် ဖြတ်ခုတ်ကြတဲ့ ပွဲပါဘဲ။
မီး ခိုး လောင် ဗုံး စာမိတဲ့ သံဃာတွေ အတွက် နဲ့ ဆူဆူပူပူ မဖြစ်အောင် ထိန်းလိုက်နိုင်တာကလွဲရင် နိုင်ငံတော်အနေနဲ့ ကတော့ မိအေး က မိအေး ပါဘဲ.....
+45
#
2013-04-15 11:27
Zawtika ရဲ့
ကွန်းမင့်တွေကို ကြိုက်ပါတယ်။ ဒါပေမဲ့ စကားနဲနဲ ကြမ်းလွန်းတယ်။ ဒေါ်စုပြောတာ
မှန်ပါတယ်။ လူတဦးစီဘဲဖြစ်ဖြစ်၊ လူမျိုးတမျိုးဘဲဖြစ်ဖြစ်၊
တိုင်းပြည်တပြည်ရဲ့ နိုင်ငံသား တရပ်လုံးဘဲဖြစ်ဖြစ်၊ မိမိကံကြမ္မာ၊ မိမိ
နိုင်ငံရဲ့ ကံကြမ္မာ ကို အဲသည့် လူတဦးစီ ကနေ စုပေါင်းပြီး ဖန်တီးလာတာပါ။
ခင်ဗျားတို့ ကျွန်တော်တို့ တတွေအားလုံး တယောက်တလက် တွန်းအားပေးရင် ဗမာပြည်
မပြောနဲ့ ကမ္ဘာပေါ်မှာ လူသားတွေ လုပ်မရတာ၊ မအောင်မြင်နိုင်တာ မရှိပါဘူး။ It
depends on your confidence and faith. တရုတ်ကြီးရဲ့ Centralized
Liberalization ဟာ လုံးဝ ကျဆုံးမယ့် fraudulent scheme ကြီးသာဖြစ်ပါတယ်။
အဲသည့် Centralized Liberal စနစ်ကြောင့် တရုတ်ကြီး အခု ဂျွမ်းပြန်နေတာ
သေသေချာချာ လေ့လာပါဦး။ (စီးပွားရေး ပူဖောင်းကြီး ပေါက်နေပြီ၊ GDP ကျနေပြီ၊
7.7 သာရှိတော့တယ်၊ ကုမ္ပဏီ တွေ ဒေဝါလီခံနေပြီ--ဥပမာ သူ့ရဲ့ အကြီးဆုံး Solar
energy company ဖြစ်တဲ့ "Suntech Power" company ဒေဝါလီခံပြီ၊ ၎င်းကြောင့် လူ
တသောင်းခန့် အလုပ်လက်မဲ့ ဖြစ်မည်။ ဆင်းရဲချမ်းသာ အရမ်းကွာဟနေပြီး အများစုက
အလွန် ဆင်းရဲနေတယ်။ ဒါကြောင့် ဒီမိုကရေစီ စနစ်ကို လူထုကြီးက
တောင်းဆိုနေတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲကို
တရုတ်တွေ တအံ့တသြ အားကျနေတယ်၊ အတုယူပြီး ပြောင်းလဲဖို့ တောင်းဆိုနေကြပြီ။
ဒီမိုကရေစီရေးမှာ ကျွန်တော်တို့ ဗမာတွေဟာ တရုတ်ကြီးရဲ့ ဆရာ အစစ်အမှန်
ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ၈၈ အရေးအခင်းဟာလည်း သူတို့ရဲ့ ဂျွန်လ-၄ရက်
ဒီမိုကရေစီ အုံကြွမှု ကြီး ထက်စောပြီး သူတို့ကို လမ်းပြပေးလိုက်တဲ့
လက်ဦးဆရာပါဘဲ။) ဒီမိုကရေစီစနစ်သာလျှင် မြန်မာပြည်နဲ့ အကိုက်ညီဆုံး၊
မြန်မာပြည် အတွက် အစစ်အမှန် ထွက်ရပ်လမ်း ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့
တောတောင်ရေမြေ အနေအထားဟာ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ လိုနေတာက
ဘေးပတ်ဝန်းကျင်က ဝိုင်းဝိုင်းလည်၊ မျက်စောင်းထိုး၊ အလစ်ချောင်းနေတဲ့
စါးဖါးတွေရဲ့(အထူးသဖြင့် ကြောင်လက်သည်းဝှက်တဲ့ တောကြောင်
တွေရဲ့ဘိန်းမှိုင်းတိုက်တဲ့) အဖျက်အန္တရာယ်တွေကို ရှောင်ဖို့ပါဘဲ။
ဒီအန္တရာယ်တွေကို ကာကွယ်နိုင်ဖို့ ပညာဥာဏ် ရှိဖို့ လိုပါတယ်။ အခုအချိန်မှာ
သမ္မတကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ဦးဆောင်ပြီး နိုင်ငံတော်ရဲ့
အသိပညာပိုင်းကို မြှင့်တင်နေတာ၊ ဆော်သြ နှိုးဆော်နေတာတွေဟာ တိုးတက်မှုကို
အားပေးနေခြင်း ဖြစ်ပါတယ်။ အခြေခံဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ပြောသလို
အရည်အသွေး မှီမှီ ရေးဆွဲနိုင်လျှင် ကျွန်တော်တို့ နိုင်ငံ မိုးပျံ ပြီပေါ့။
ဒီလိုကောင်းမွန်တဲ့ တင်ပြချက်ကို ကျွန်တော်တို့ အားလုံး ထောက်ခံ
ကြိုဆိုရမည် ဖြစ်ပါသည်။
+21
#
2013-04-15 13:50
ဦးမြင့်သိန်းပြောတာမှန်ပါတယ်...
တရုတ်ကွန်မြူနစ်အစိုးရ ရဲ့ Centralized Liberalization ဟာ ကွန်မြူနစ်စံနစ် ကနေ ဈေးကွက်စီးပွားရေး စံနစ်ကို အကူးအပြောင်း ပြနေပေမဲ့လို့ တကဲ့ အမြူတေက လက်ဝဲ စစ်စစ် ဖြစ်တဲ့အတွက် ဘယ်တော့မှ Liberalized ဖြစ်မှာ မဟုတ်သလို Democratic Move လဲ ဖြစ်လာမှာ မဟုတ်ပါဘူး...
တရုတ်ကွန်မြူနစ် Hard Liner တွေကလဲ Democratic Move ကို ဘယ်တော့မှ အဖြစ်မခံပါဘူး...
တရုတ်ကွန်မြူနစ်အစိုးရ ရဲ့ Centralized Liberalization က လက်ယာအင်အားစု အားလုံးရဲ့ ဓနဥစ္စာကို နည်းမျိုးစုံ နဲ့ ချူယူပီး လက်ဝဲ၀ါဒကို ခိုင်မာအောင် လုပ်နေခြင်းဖြစ်တာမို့ တရုတ်ပြည်တွင်း ကုမ္ပဏီတွေကိုသာမက အနောက်အုပ်စုက အရင်းရှင် ကော်ပိုရေးရှင်းကြီးတွေကိုပါ ယိုင်နဲ့အောင် ဖဲ့ယူပါလိမ့်မယ်...
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲကို တရုတ်တွေ တအံ့တသြ အားကျနေတယ် ဆိုတာကလဲ Grass Root Level မှာပါ... ပီးတော့ ဗမာပြေ နဲ့ တရုတ်ပြေရဲ့ သမိုင်းဖြတ်သန်း ထုဆစ်ခံရတဲ့ ထုသားပေသား မတူသလို အမျိုးသား အယူဝါဒ ဓါတ်ခံလဲ ဆန့်ကျင်ဘက်အသွင် ကွဲပြားပါတယ်...
တံငါ နားနီး တံငါ ဆိုသလို ဗမာပြေရဲ့ Post Parliamentary Regime Government အဆက်ဆက်ဟာ တရုတ်ကွန်မြူနစ်တွေ နဲ့ သမီးရီးစားမက လင်မယား မကျ နေလာတာ ဆိုတော့ ဗမာပြေရဲ့ လက်ရှိ နိုင်ငံရေးအရွေ့ဟာ တရုတ်ကွန်မြူနစ်အစိုးရ ရဲ့ Centralized Liberalization အတိုင်းသွားနေမှာကိုတော့ နားလည်လက်ခံရပါလိမ့်မယ်... ဒါကလဲ အခိုက်အတန့် တစ်ခုဘဲ ဖြစ်ပါလိမ့်မယ်... ဘာဖြစ်လို့လဲဆိုတော့ ဗမာပြေရဲ့ Institution အများစုက West Bound ဖြစ်နေလို့ပါ...
ဗမာပြေရဲ့ Institution အများစုက West Bound ဖြစ်နေတာကို မြင်တဲ့ တရုတ်ကွန်မြူနစ် အစိုးရကသာ ဘာမှ ကဖျက်ယဖျက် ၀င်မလုပ်ဖူးဆိုလျှင် ဗမာပြေရဲ့ ပြောင်းလဲတိုးတက်မှုဟာ ပိုမိုပီး လျှင်လျှင်မြန်မြန် ဖြစ်နိုင်ကြောင်းပါဗျား...

+19
#
2013-04-16 10:41
Thank you for your
support and consent. မြန်မာ့ Institution အများစုဟာ West bound
ဖြစ်နေလို့ပါဘဲ ဆိုတဲ့ အဆိုကို သဘောတူ၊ သဘောကျပါတယ်။ သည်လို West bound
ဖြစ်တာ မှန်ကန်ကောင်းမွန်တဲ့ အနေအထားဖြစ်ပါတယ်။ ဂျပန်နိုင်ငံ တိုးတက်လာတာ
Meiji ဘုရင်ရဲ့ အနောက်မျှော်ဝါဒ (Meiji restoration) ကြောင့် ဖြစ်ပါတယ်။
ကျွန်တော်တို့က အစကတည်းက West bound ဖြစ်နေတာ ပိုပြီး အဆင်ပြေတာပေါ့။
တရုတ်ကြီး ရဲ့ adverse influence နဲ့ old fashioned and decayed way of
maneuvering တွေကို ရှောင်ဖို့ နဲ့ ပြည်တွင်း ညီညွတ်ဖို့ လိုပါတယ်။
လက်ရှိအချိန်မှာ ကျွန်တော်တို့ဟာ Foreign aid and as-sistance နဲ့
ပြည်တွင်း ပင်ကိုယ် ကြိုးစားမှု နှစ်ရပ်လုံး တပြိုင်တည်း ပေါင်း လုပ်ဖို့
လိုတယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ပညာရေးနဲ့ personal
qualifications of average citizens တွေမှာ နုနယ်ပြီး ခေတ်နောက်ကျ
ကျန်နေတဲ့ အတွက် Foreign as-sistance မပါရင် မဖြစ်ပါဘူး။ တိုင်းပြည်၏
အင်အားသည် ပြည်တွင်းမှာ ရှိသည် ဆိုတဲ့ ဆောင်ပုဒ်ဟာ ရေရှည်မှာ
လုံးဝမှန်ကန်ပေမဲ့ ရေတိုမှာ တရားသေ dogmatism သာဖြစ်ပါတယ်။ ကျွန်တော်တို့
နိုင်ငံဟာ ပြည်တွင်း မညီညွတ်မှု ကြောင့် အရမ်းခေတ်နောက်ကျ ကျန်ရစ်နေတယ်၊
အားချင်း ဖုတ်ပူမီးတိုက် ပြုပြင် ပြောင်းလဲ တိုးမြှင့်ဖို့ လိုနေပါသည်။
average citizen တွေရဲ့ လူနေမှု အခြေအနေ အရမ်းဆင်းရဲ နိမ့်ကျ နေပါတယ်၊
crisis တခုသို့ ရောက်နေပါတယ်။ ကံကောင်းတာက သမ္မတကြီး က အမြော်အမြင်ရှိလို့
ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို လိုလိုလားလား ပြုလုပ်နေတာတွေ့ရပါတယ်။
ဒီလိုအချိန်မှာ ဒီမိုကရေစီ Icon ဒေါ်အောင်ဆန်း စုကြည်လည်း ပေါ်ထွန်းလာသည့်
အတွက် ကျွန်တော်တို့ နိုင်ငံ အဖို့ အခွင့်အလမ်းကောင်း တွေ့နေတဲ့ အချိန်
ဖြစ်ပါတယ်။ ဒီကောင်းမွန်တဲ့ အခွင့် အလမ်းနဲ့ အလားအလာ ကို မိမိရရ ဖမ်းပြီး
ဒီ တန်ဖိုးရှိလှတဲ့ အသက်ကယ် Window Period ကို ကောင်းစွာ
အသုံးချနိုင်ဖို့လိုပါတယ်။ ထို့ အတွက် ကျွန်တော်တို့ တတွေ အားလုံး မိမိ
တတ်နိုင်တဲ့ ထောင့်တနေရာကနေ မိမိမှာ ရှိတဲ့ အသိပညာ knowledge တွေကို ကိုယ့်
တိုင်းရင်းသား compatriot များအားလုံး မျှဝေခံစား နိုင်ရန်
စိတ်အားထက်သန်စွာ ဖြင့် ဆော်သြ ပေးကြပါစို့။
+31
#
2013-04-15 10:58
ဓါတ်ပုံကြည့်ပြီးသုံးသပ်မိတာတခုက
ဂျပန်တွေဟာသူတို့ နိုင်ငံရဲ့ နိုင်ငံတော်ဧည့်သည်ရဲ့လုံခြုံရေးကို တလေးတစားဆောင်ရွက်တာသတိပြုစရာပါ
လူ(၈)ယောက်နေရာယူပြီးရပ်နေတဲ့ပုံ၊ကုတ်အင်္ကျီကိုဘယ်လက်နဲ့ ထိထားတဲ့ပုံ လုံခြုံရေးဝန်ထမ်းတွေရဲ့ပရိသတ်ကိုကြည့်တဲ့ပုံ
မြန်မာလုံခြုံရေးတွေတာဝန်ကျေပုံနဲ့ ကွာပါ့
ဒီလိုကွာလို့ လဲမြန်မာနိုင်ငံထဲမြောက်ကိုရီးယားဗုံးခွဲနိုင်ခဲ့တာပါဘဲ

2013-04-15 06:26
with Zi Za War, Zaw Moe, Patrick Saw and Little Nora.
Quote:
ဆယ့်လေးယောက်မှာ ဆယ့်လေးဖွဲ့ ကွဲနေတဲ့ ဗမာပြေလို တိုင်းပြေ အဖို့
ပြည်သူများက ယုံကြည်လေးစားသူများ ဆိုတာကို ဘယ်လို ပေတံ နဲ့ တိုင်းပီးသတ်မှတ်မှာလဲ......
ယုတ်စွအဆုံး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာတောင်
ဟောသည် ပုဂ္ဂိုလ်များကတော့ဖြင့် ယုံကြည်လေးစားထိုက်သူများ ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်က
ဒေါင်ဒေါင်ဒင်ဒင် နဲ့ ဂေါင်း(ခေါင်း)ခေါက်ရွေးချယ်ပြနိုင်တာများ ဘယ်နှစ်ယောက် ရှိပါသလဲ...
ဒီလိုပြောလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တစ်ခုထဲကို ပုဂ္ဂလိကဓိဌာန် ဝေဖန်တာ မဟုတ်ပါဘူး.....
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့အစည်းကြီးမျိုး မှာတောင် ဒီလို အခက်အခဲမျိုး ရှိနေရင် အခြား အစုအဖွဲ့တွေ အဖို့ကတော့ ဆိုဖွယ်မရှိပြီ လို့ပြောချင်တာပါ....
တိုင်းပြေ ပြုပြင်ပြောင်းလဲရေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို မဏ္ဍိုင် ထားပီးပြောနေရတာကလဲ တိုင်းပြေ ရဲ့ Absolute Indicator ဖြစ်တာကြောင့်ဆိုတာ နားလည်ကြပြီးဖြစ်ပါတယ်...
ဗမာပြေလို ၀ါးအစည်းပြေသလို ပြေနေတဲ့ တိုင်းပြေမှာ NLD အပါအ၀င်လို Private Institution တွေက တိုင်းပြည်ရဲ့ အရွေ့လားရာဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို မပြဌာန်းနိုင်ပါဘူး...
အဲဒီ တိုင်းပြည်ရဲ့ အရွေ့လားရာဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြဌာန်းနိုင်တဲ့ အင်အားစုကြီးကို လမ်းမှန်ကမ်းမှန် သွားဘို့ NLD အပါအ၀င်လို Private Institution တွေက ၀ိုင်းဝန်းပီး ရေလာမြောင်းပေး ကလူမြှူဆွယ် လုပ်နိုင်မယ်ဆိုတာကတော့ နဲနဲ မျှော်လင့်နိုင်စရာရှိတဲ့ ကိစ္စပါ...
ဗဟိုဦးစီးစံနစ်... ဖိနှိပ်မှု... အာဏာ... အကြောက်တရား... မသမာမှု... အဂတိ... တွေနဲ့ ရာစုပေါင်းများစွာ အသားကျနေတဲ့ တိုင်းပြည်တစ်ပြေ မှာ ဘယ် အဖွဲ့အစည်းကမှ မင်းသားဂေါင်း(ခေါင်း) အတင်း ၀င်မဆောင်းချင် သင့်ပါဘူး...
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အာဏာကို ချုပ်ကိုင်နိုင်တဲ့ အစုက
တရုတ်အစိုးရ ပုံစံအတိုင်း Centralized Liberalization လုပ်တာကို မျှောလိုက်ပီး တိကျတဲ့ ဦးတည်ချက် တစ်ခုဆီကို ထိန်းကျောင်းသွားပါမှ တည်ငြိမ်မှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်...
Liberalized တောင် မဖြစ်သေးဘဲနဲ့ အတင်း Democratize လုပ်ရင်တော့ ၁၉၄၇ မတိုင်ခင်ကာလတွေဆီကို သမိုင်းလည်ပြန် ဖြစ်စရာ များများကြီး ရှိနေကြောင်းပါဗျား....
အာဏာရှိ နဲ့ အာဏာပြိုင် ၊ အုပ်ချုပ်သူ နဲ့ အုပ်ချုပ်ခံ ၊ မင်း နဲ့ ပြည်သူ အလွှာမရွေးဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲသည့် အစုအဖွဲ့သည် ပြည်သူများက ယုံကြည်လေးစားသူများဖြစ်ရန် လိုအပ်ပြီး ရေးဆွဲပုံ ရေးဆွဲနည်းမှာလည်း ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်....