Pages

Tuesday, October 2, 2012

လောလောဆယ် နယ်လှည့် အခမဲ့ ကွန်ပျူတာ သင်တန်းက ထန်းပင်ကွင်း ကျေးရွာနဲ့ ထန်းကြို့ကုန်း ကျေးရွာ တို့မှာ နှစ်ခု ဖွင့်လှစ် သင်ကြားနေပါပြီ။ စုပေါင်း သင်တန်းသား သုံးရာနီးပါးခန့်ရှိပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့ဆို ပြီးပါမယ်။

နောက်ထပ် ထပ်မံ ဖွင့်လှစ်ပေးရမယ့်ရွာ သုံးရွာက အဆင်သင့် စောင့်ဆိုင်းနေကြပါတယ်။
...

လာရောက်သင်ကြားပေးပါရန် ဖိတ်ခေါ်ပြင်ဆင်ထားကြပါတယ်။ အောက်တိုဘာလ ၈ ရက်နေ့လောက်မှာ တန်းခွဲ နှစ်ခု စတင်သင်ကြားရပါမယ်။

အနည်းဆုံး သင်တန်း တက်ရောက်မယ့်သူ တစ်ရာ့ငါးဆယ် နဲ့ အထက် ရှိပါမယ်။
တပတ်တာ သင်ရိုးညွှန်းတမ်းနဲ့ အသွားအပြန် နှစ်ရက် ခရီး စုပေါင်း ကိုးရက်ကြာပါမယ်။

ကွန်ပျူတာ ဆိုတာကို လုံးဝ မမြင်ဖူးသူ ၉၅ ရာခိုင်နှုန်း ရှိတဲ့ အဲဒီ ကျေးရွာကြီးတွေက လူငယ်တွေကို သင်ကြားပြသ ပေးနိုင်ဖို့ လပြတ်နဲ့ လစာယူပြီး သင်ပေးနိုင်မယ့် အိုင်တီ ဆရာ များကိုလည်း ဖိတ်ခေါ်ပါတယ်

။နှစ်ဘက် နားလည်မှု ရှိစွာနဲ့  ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လူငယ်တွေ အသိပညာ တိုးတက်ရေး အတွက်လက်တွဲ လုပ်ကြပါမယ်။

အိုင်တီပညာရှင် လူငယ်များ မိမိထံ ဆက်သွယ်ကြစေလိုပါတယ်။ အားလုံး အဆင်ပြေအောင် လက်တွဲ အလုပ်လုပ်ကြပါမယ်ခင်ဗျား။

နည်းပညာ လုပ်ငန်းရှင်ကြီးများထံမှလည်း သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားမှု အထောက်အကူပြု စာအုပ်များ အလှူခံလိုပါတယ်။ အားလုံးကို လူငယ်ထုထံ အခမဲ့ ဖြန့်ဝေပေးဖို့ တာဝန်ယူပါတယ်။

သတင်း မီဒီယာဌာနများနဲ့ နယ်လှည့် အခမဲ့ ကွန်ပျူတာ သင်တန်း အကြောင်း စိတ်ပါဝင်စားသူများ ထန်းပင်ကွင်းရွာ ဘုန်းတော်ကြီးကျောင်းမှ ဦးဇင်း 0949716601 နဲ့ ထန်းကြိုကကုန်း ဘုန်းတော်ကြီးကျောင်းက ဦးဇင်း ဖုန်း နံပတ် 09422462285 တို့ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းပြီး အခမဲ့ နယ်လှည့် သင်တန်းများ အကြောင်း စုံစမ်းမေးမြန်း တိုက်ရိုက် ကူညီလှူဒါန်းနိုင်ကြပါတယ် ခင်ဗျား

နေမျိုးဇင်
a few seconds ago · Like
See More
Like · · · 20 hours ago near Yangon ·

0 comments:

Post a Comment

 

Blogger news

Blogroll

About