+3
#27
2012-10-01 10:31
Year 2050,
The teacher is lecturing the class,
Last 38 years ago,newly elected president U Thein Sein told BBC that he accepted Nobel Peace Price winner Daw Aung San Su Kyi as a next president if she elected by people.
What is people desire?
95% of civilian seriously wanted her to be their leader.
They supported her over 25 years. Wherever she go, they follow. Whatever she talk, they listen.
They all love her.She got good reputation in Asia and Europe countries. The united state president Obama (2008-2016) told her that she is hero. She addressed UK parliament and US parliament.
The situation deeply come to Burmese Army,
(Case1)Luckily, the general Min Aung Hlaing (president 2025-2035) decided to follow people desire.
Now, we are richest in southeast asia.We have great universities in asia.We have to thank to U Thein Sein and also Burmese Army.
(case 2) The army controls the parliament.
You all take not that China is our master.
We are surrounded by enemies, we all have to joined army after 16 years old.
Our ex general told that we need to support to army.
ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် လက်ခံသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား | ![]() |
![]() |
Sunday, 30 September 2012 09:39 |
![]()
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ဘီဘီစီရုပ်သံအစီအစဉ် Hard Talkမှ မေးမြန်းမှုများအား ဖြေကြားနေစဉ်
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မည်သူမဆို သူတို့ ရွေးချယ်ချင်သည်ကို ရွေးချယ်နိုင်ပြီး လူထုဆန္ဒသဘောကို လေးစားရမည်ဖြစ်ကြောင်းကိုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် လက်ခံသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က BBC ၏ Hardtalk အစီအစဉ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့ BBC ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မည်သူမဆို သူတို့ ရွေးချယ်ချင်သည်ကို ရွေးချယ်နိုင်ပြီး လူထုဆန္ဒသဘောကို လေးစားရမည်ဖြစ်ကြောင်းကိုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားခဲ့သည်။ သမ္မတဦးသိန်းစိန်က "သူမအနေနဲ့ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာတယ်၊ မဖြစ်လာဘူးဆိုတာ ပြည်သူတွေရဲ့ ဆန္ဒသဘောပေါ်မှာ မူတည်ပါတယ်။ တစ်ကယ်လို့ ပြည်သူတွေက သူမကို လက်ခံတယ်ဆိုရင် ကျွန်တော့်အနေနဲ့ သူ့ကို လက်ခံ ရမှာပါပဲ"ဟု ပြောကြားခဲ့သည်။ "မိမိနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ပြဿနာ တစ်စုံတစ်ရာ မရှိပါဘူး။ ကျွန်တော်တို့ အတူလက်တွဲ လုပ်ဆောင်နေကြပါတယ်"ဟုလည်း ၄င်းက ပြောကြားခဲ့သည်။ ထို့ပြင် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာရယူထားသော စစ်တပ်အနေဖြင့် တိုင်းပြည်၏ နိုင်ငံရေးတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သမ္မတဦးသိန်းစိန်က ဖြည့်စွက်ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန် သည် စက်တင်ဘာလ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပာကြားခဲ့ပြီး "ယခင်က နိုင်ငံရေး အဓိက အတိုက်အခံအင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့်သာမက ယခုအခါမှာ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လွှတ်တော်ကော်မတီရဲ့ ဥက္ကဌအနေနဲ့ လွှတ်တော်စင်မြင့်ကနေ ပါဝင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီရက်သတ္တပတ် အတွင်းမှာတော့ သူမအနေနဲ့ နယူးယောက်မြို့မှာ ရှိနေပါတယ်။ သူမရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုများအတွက် အမေရိကန်ပြည်ထောင်စုမှ ဂုဏ်ပြုခံနေရတာတွေကိုလည်း မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော်ဝမ်းမြောက်ဂုဏ်ယူပါတယ်။"ဟုလည်း ချီးကျူးဂုဏ်ပြူစကား ထည့်သွင်းပြောကြားခဲ့သည်။ လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိပေ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် "နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦး သော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။"ဟု နိုင်ငံတော်သမ္မတ၏ အရည်အချင်းများနှင့် စပ်လျဉ်းပြီး ထည့်သွင်းပြဋ္ဌာန်းထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးမှာ လက်ရှိတွင် မြန်မာနိုင်ငံသားများ မဟုတ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရန်အတွက် အဆိုပါပြဋ္ဌာန်းချက်ကို လွှတ်တော်က ပြင်ဆင်ပေးရန် လိုအပ်နေသည်။ အဆိုပါပြဋ္ဌာန်းချက်ကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာ ရယူထားသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်မျာ၏ အခန်းကဏ္ဍမှာ အဓိကနေရာမှ ပါဝင်နေသည်။ |
Comments
+3
#38
2012-10-02 16:25
Quoting zeroworld:
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ အရည်အခြင်းသတ်မှတ်ချက်ကိုပြင်စရာမလိုပါ။
ဒါပေမဲ့ အမေသာ သမ္မတ ဖြစ်မယ်ဆိုယင် ချွင်းချက် ကို ထပ်ပေါင်းထဲ့ခြင်းဖြင့် ပြေလည်နိုင်ပါတယ်။
အဲဒါကတော့ သမ္မတ အဖြစ်တာဝန်ထမ်းဆောင်မည် ပုဂ္ဂိုလ် သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ အရည်အခြင်းသတ်မှတ်ချက် မပြည့်စုံပေမဲ့ ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ပြီး ၇၅%? ကထောက်ခံယင် လွှတ်တော်က အတည်ပြုနိုင်သည် ဆိုတဲ့ စာကြောင်းလေး ထည့်လိုက်ရုံပါဘဲ။
အမေ အတွက်နှဲ့ သမ္မတ အရည်အခြင်းသတ်မှတ်ချက်ကိုပြင်လိုက်ယင် အမေအတွက်လဲမကောင်းပါ။တိုင်းပြည်အတွက်လဲမကောင်းပါ။

0
#37
2012-10-02 16:04
Aunty Su's honor is
more than the position "President". If she even takes the position, her
real time is sinking in the operational level(which is great complex
within the policies,rules and regulations and the obvious complexities
are "Past Trauma and dirty of Political Games in the era of Than Shwe
reign". She must have to take the resolutions from the past dirt facts. I
don't want her to be a president.She's more than that(like Gandhi and
Bringing PEACE for all of us. But she needs time,and we have to patience
for transit to Democracy.And we need to change our attitude/behavior of
past trauma.Example: (အမှိုက်ကောက်ရတာကို ရှက်စရာထင်ပြီး
အမှိုက်ကောက်တဲ့ကောင်ကိုတောင် အရူးထင်တဲ့ ခေတ်ရဲ့ သားကောင်များဖြစ်နေခြင်း)
-10
#36
2012-10-02 11:36
နားထောင်လို့တော့သိပ်ကောင်းပါတယ်...ဒါပေမဲ့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့အသေအချာယုံကြည်ထားပါတယ်
+21
#35
2012-10-01 21:08
Quoting zeroworld:
zeroworld ပြောတဲ့အတိုင်းဆိုရင်တော့သားရွှေအိုးထမ်းလာတဲ့အတိုင်းပေါ့၊ အင်မတန်ကောင်းမွန်တဲ့အကြံပေးချက်ပါ။ ထောက်ခံပါတယ်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ အရည်အခြင်းသတ်မှတ်ချက်ကိုပြင်စရာမလိုပါ။
ဒါပေမဲ့ အမေသာ သမ္မတ ဖြစ်မယ်ဆိုယင် ချွင်းချက် ကို ထပ်ပေါင်းထဲ့ခြင်းဖြင့် ပြေလည်နိုင်ပါတယ်။
အဲဒါကတော့ သမ္မတ အဖြစ်တာဝန်ထမ်းဆောင်မည် ပုဂ္ဂိုလ် သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ အရည်အခြင်းသတ်မှတ်ချက် မပြည့်စုံပေမဲ့ ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ပြီး ၇၅%? ကထောက်ခံယင် လွှတ်တော်က အတည်ပြုနိုင်သည် ဆိုတဲ့ စာကြောင်းလေး ထည့်လိုက်ရုံပါဘဲ။
အမေ အတွက်နှဲ့ သမ္မတ အရည်အခြင်းသတ်မှတ်ချက်ကိုပြင်လိုက်ယင် အမေအတွက်လဲမကောင်းပါ။တိုင်းပြည်အတွက်လဲမကောင်းပါ။
zeroworld ပြောတဲ့အတိုင်းဆိုရင်တော့သားရွှေအိုးထမ်းလာတဲ့အတိုင်းပေါ့၊ အင်မတန်ကောင်းမွန်တဲ့အကြံပေးချက်ပါ။ ထောက်ခံပါတယ်။
+42
#33
2012-10-01 14:00
ကျွန်တော် အခု ဆက်ဆွေးနွေးမယ့် comment ကို အောက်မှာ ကျွန်တော် ဆွေးနွေးထားတဲ့ comment နဲ့ ဆက်စပ်ပြီး ဖတ်စေချင်ပါတယ်။
၂၀၀၈ နာဂစ် အခြေခံဥပဒေကြီးဟာ မိတ်ဆွေတို့ အားလုံး သိကြတဲ့အတိုင်း ဒီမိုကရေစီသဘောတရားတွေ အတော်များများ ဆိတ်သုဉ်းနေတဲ့ ဥပဒေကြီးပါ။ ဒါပေမဲ့ ဒီအခြေခံဥပဒေထဲက ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်ငြိစွန်းနေတဲ့ ပုဒ်မ ၅၉၊ ပုဒ်မခွဲ (စ) ဆိုတာ ယနေ့ကာလလို အမျိုးသားလုံခြုံရေးကို ခြိမ်ခြောက်လာတဲ့ အန္တရာယ်တွေ ရှိနေချိန်မျိုးမှာ မလွဲမသွေ လိုအပ်နေပါတယ်။ ဒါကို ဖြုတ်ပစ်လိုက်ဖို့ ဆိုတာ ကျွန်တော်ဖြင့် စဉ်းစားလို့ မရပါဘူ။
ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘဲ တခြားသူတစ်ယောက်ယောက်ကသာ သူ့ရဲ့ ဇနီး/ခင်ပွန်းနဲ့ သားသမီးတွေ နိုင်ငံခြားသား ဖြစ်နေမယ် ဆိုရင် ကျွန်တော်တို့ ဒီလိုလူမျိုး သမ္မတ မဖြစ်ဖို့ အထက်က ဥပဒေ၊ ပုဒ်မခွဲ (စ) ကို ကိုင်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်မှာ သေချာပါတယ်။
အခုဟာက ကျွန်တော်တို့ မြန်မာနိုင်ငံသား အများစုကြီးက ချစ်မြတ်နိုးတဲ့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေလို့သာ ပုဒ်မခွဲ (စ) ကို ပြင်ဆင် ပယ်ဖျက်ဖို့ ပြောနေကြတာပါ။ ဒီကိစ္စကို အဖြေရှာတဲ့အခါ ကိုယ်ချစ်မြတ်နိုးသူတစ်ယောက်အတွက် အမျိုးသားလုံခြုံရေးကို အခိုင်အမာ အကာအကွယ်ပေးထားတဲ့ ဥပဒေတစ်ရပ်ကို ပယ်ဖျက်ပစ်လိုက်တာမျိုးကိုတော့ မလုပ်ထိုက်ပါဘူး။
ပုဒ်မခွဲ(စ) ရဲ့ အနှစ်သာရလည်း မပျက်၊ ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတဖြစ်ခွင့် ရှိမယ့် အဖြေမျိုးကိုပဲ ၀ိုင်းဝန်း စဉ်းစားသင့်ပါတယ်။ ကျွန်တော်စဉ်းစားမိတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မခွဲ (စ) နဲ့ အကျုံးမ၀င်အောင် (Special Right) ပေးလိုက်ဖို့ပါဘဲ။ ဒါကို ဒီမိုကရေစီမကျဘူးလို့ ပြောလို့ မရပါဘူး။ လွှတ်တော်ကိုယ်စားလှယ်အများစုကလဲ သတ်မှတ်ချက် ပြည့်မီအောင် ထောက်ခံမယ်၊ ပြည်သူလူထုအများစုကလဲ သတ်မှတ်ချက် ပြည့်မီအောင် ထောက်ခံမယ် ဆိုရင် ဒီမိုကရေစီ မဟုတ်ပေဘူးလား။
ဒီပြဿနာဟာ ကျွန်တော် အထင် ပြောရရင် ၂၀၁၅-ရွေးကောက်ပွဲ ပြီးတဲ့နောက် မလွဲမသွေ ပေါ်ပေါက်လာမယ့် ပြဿနာလို့ ထင်ပါတယ်။ အခု ဒီပြဿနာကို ကြိုပြီး ဆွေးနွေးကြည့်တာပါ။ မိတ်ဆွေတို့ရဲ့ အမြင်ကိုလဲ လေးစားစွာ နားထောင်ပါရစေ။ မွတ်ဆလင်ကုလားကောင်တွေ ပြောတာဆိုရင်တော့ သောက်ရေးစိုက်မည် မဟုတ်ပါ။

+7
#32
2012-10-01 13:59
အမေရိကန် အခြေခံဥပဒေအရ
သမ္မတသည် ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်သည့် အရပ်သားဖြစ်ပြီး
ဗိုလ်ချုပ်ကြီးများကအစ စစ်မှုထမ်း စစ်အရာရှိအားလုံးသည်
သူ့လက်အောက်တွင်ရှိရမည်၊ သူက ၎င်းတို့ကို ရာထူးခန့်အပ်ပိုင်ခွင့်၊
ထုတ်ပယ်ပိုင်ခွင့် အာဏာ (Power) ရှိသည်၊ ဆိုတာ အမေရိကန် မှာရှိသလို
ဒီနိုင်ငံ မှာလည်း သမတ/လွှတ်တော်/တရားစီရင်ရေး နှင့် စစ်တပ် တို့
သူ့အလုပ်သူလုပ်နေပါတယ်
+13
#31
2012-10-01 13:08
Quoting Mr #14 April Fool-----
Quote--ကျွန်တော်တို့နိုင်ငံဆိုတဲ့ နှိုင်းယှဉ်ချက်ရှုထောင့်ကနေ ဝင်တွေးကြည့်ယုံသက်သက်ပါ
နောက်တခုက ကို myint thein သဘောအတိုင်းဆိုရင် စစ်တပ်ကိုအမိန့်ပေးနိုင် ထိန်းချုပ်နိုင်တဲ့ စစ်ဖက်ဆိုင်ရာ ရာထူးကြီးမားသူကသာ သမတရာထူးနဲ့ သင့်တော်တယ်လို့ ရည်ရွယ်နေသလိုလည်း ခံစားရလို့ပါ-----Quote
ကျွန်တော့်စာက Mr April Fool ကို ခံစားမှု တလွဲတချော်ဖြစ်စေသည့်အတွက် စိတ်မကောင်းဖြစ်ရပါသည်။ ကျွန်တော်ဆိုလိုတာက အမေရိကန်ရဲ့ သမ္မတဟောင်း ဂျော့ဝါရှင်တန်ဦးဆောင်ပြီး ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ ကောင်းမွန်လွန်းလို့ ယနေ့ အမေရိကန်ရဲ့ ဒီမိုကရေစီ စံနစ်ဟာ ဤမျှ ကောင်းမွန်နေခြင်းဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါသည်။ သူဦးဆောင်ပြီး ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေအရ သမ္မတသည် ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်သည့် အရပ်သားဖြစ်ပြီး ဗိုလ်ချုပ်ကြီးများကအစ စစ်မှုထမ်း စစ်အရာရှိအားလုံးသည် သူ့လက်အောက်တွင်ရှိရမည်၊ သူက ၎င်းတို့ကို ရာထူးခန့်အပ်ပိုင်ခွင့်၊ ထုတ်ပယ်ပိုင်ခွင့် အာဏာ (Power) ရှိသည်၊ သူသည် ကြည်း၊ ရေ၊ လေ တပ်ကြီး သုံးတပ်၏ သေနာပတိချုပ်ဖြစ်သည် ဆိုသည့်အချက် ဖြစ်ပါသည်။ ဤနည်းအားဖြင့် စစ်တပ်သည် အရပ်သား သမ္မတကို မလွှမ်းမိုးနိုင်ဘဲ အရပ်သားသမ္မတကသာ စစ်တပ်ကိုလွှမ်းမိုးသည် ဆိုသည့်အရေးကြီးမူကို ချမှတ်နိုင်ခဲ့ပါသည်။ ဆိုလိုသည်မှာ နိုင်ငံရေးကို စစ်ရေးအပေါ်မှာ အမြဲထားရှိပြီး စစ်ရေးက နိုင်ငံရေး ကိုနာခံရမည်ဖြစ်ပါသည်။ ဤနည်းအားဖြင့်လည်း စစ်အာဏာသိမ်းမှုများကို ရှောင်ရှားနိုင်ပါသည်။ အမေရိကန်ရဲ့ သမိုင်းကို ပြန်လေ့လာလျှင် အမေရိကန်၏ ဒီမိုကရေစီစံနစ်သည် ဂျော့ဝါရှင်တန်၏ ဂုဏ်ကျေးဇူးကြောင့် ဖြစ်သည်ဟုဆိုနိုင်ပါသည်။
Please visit:-- tgmyintthein.blogspot.com & tgmthein.blogspot.com
And please refer to:-- www.wikipedia.com on the subject "George Washington"

-34
#30
2012-10-01 12:24
၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့က president အလုပ်မဟုတ်ကြောင်းနှင့်
လွှတ်တော်အလုပ်ဆိုတာမသိရင် လာမရေးနဲ့။တိုင်းပြည်အပြောင်းအလဲ
လုပ်နေတဲ့လူတယောက်ကို
လေအလကားရတိုင်း ပေါက်ကရမပြောစမ်းပါနဲ့။ နိုင်ငံခြားသား အကြမ်းဖက် မွတ်ဆလင်ကုလားကောင် တစ်ယောက်ရဲ့ ဇနီးမယား ဖြစ်မနေ ဖို့အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ကြိုတင်ကာကွယ်ထားတယ်ဆိုတာ
လဲမမေ့နဲ့

+18
#29
2012-10-01 10:39
Quoting FOX MIKE:
အစ်ကိုပြောနေတာက လူစွဲပါနေပါတယ်...အဲ့ဒီနည်းနဲ့တော့ ဒီမိုကရေစီကိုတည်ဆောက်လို့မရပါ... စစ်မှန်တဲ့ဒီမိုကရေစီနည်းအရ အရည်အချင်းရှိသူ၊ ပြည်သူကရွေးချယ်တဲ့သူ မည်သူမဆိုနိုင်ငံခေါင်းဆောင်ဖြစ်သင့်ပါတယ်... ဗိုလ်ချုပ်ပြောသလို ပြည်သူတွေကမကျေနပ်ဖူးဆိုတာ သိတဲ့တနေ့ ကျုပ်တို့လည်းမနေပါဘူး ဆင်းပေးမှာပါပဲ ဆိုတဲ့စကားလေးက သိပ်ကိုတန်ဖိုးရှိပါတယ်... အစ်ကိုအဲ့ဒီ့စကားလေးကို မှတ်မိမှာပါ...
maungmyaygyi
maungmyaygyi
အစ်ကိုပြောနေတာက လူစွဲပါနေပါတယ်...အဲ့ဒီနည်းနဲ့တော့ ဒီမိုကရေစီကိုတည်ဆောက်လို့မရပါ... စစ်မှန်တဲ့ဒီမိုကရေစီနည်းအရ အရည်အချင်းရှိသူ၊ ပြည်သူကရွေးချယ်တဲ့သူ မည်သူမဆိုနိုင်ငံခေါင်းဆောင်ဖြစ်သင့်ပါတယ်... ဗိုလ်ချုပ်ပြောသလို ပြည်သူတွေကမကျေနပ်ဖူးဆိုတာ သိတဲ့တနေ့ ကျုပ်တို့လည်းမနေပါဘူး ဆင်းပေးမှာပါပဲ ဆိုတဲ့စကားလေးက သိပ်ကိုတန်ဖိုးရှိပါတယ်... အစ်ကိုအဲ့ဒီ့စကားလေးကို မှတ်မိမှာပါ...
The teacher is lecturing the class,
Last 38 years ago,newly elected president U Thein Sein told BBC that he accepted Nobel Peace Price winner Daw Aung San Su Kyi as a next president if she elected by people.
What is people desire?
95% of civilian seriously wanted her to be their leader.
They supported her over 25 years. Wherever she go, they follow. Whatever she talk, they listen.
They all love her.She got good reputation in Asia and Europe countries. The united state president Obama (2008-2016) told her that she is hero. She addressed UK parliament and US parliament.
The situation deeply come to Burmese Army,
(Case1)Luckily, the general Min Aung Hlaing (president 2025-2035) decided to follow people desire.
Now, we are richest in southeast asia.We have great universities in asia.We have to thank to U Thein Sein and also Burmese Army.
(case 2) The army controls the parliament.
You all take not that China is our master.
We are surrounded by enemies, we all have to joined army after 16 years old.
Our ex general told that we need to support to army.
ဒီအချက်လေးကိုတော့သဘောကျပါတယ်။ ဒီလိုဆိုရင်သမ္မတကြီးပြောပြောနေတဲ့ win win saturation ဖြစ်မှာပါ။ ဒီနေရာမှာ၁ခုလောက်ပြောချင်တာက ဒုသမ္မတ၃ယောက်ရွေးချယ်ပုံပါ။ လွှတ်တော်၂ရပ်ကရွေးချယ်တာကပြသနာမဟုတ်ပေမယ့် တပ်မတော်သားအစုအဖွဲ့ကရွေးချယ်တဲ့၁ယောက်အတွက်ကဘဝင်မကျချင်စရာပါ။ တပ်မတော်သားအစုအဖွဲ့ ဆိုတာကာကွယ်ရေးဦးစီးချုပ်ကစေလွှတ်ထားတာဖြစ်လို့ သူတို့ကရွေးလိုက်တဲ့ ဒုသမ္မတဟာလဲ ကာကွယ်ရေးဦးစီးချုပ်က ခန့်သလိုပဲပေါ့။ ကာကွယ်ရေးဦးစီးချုပ်ဟာသူကိုယ်တိုင်လဲ ဒုသမ္မတ အဆင့်ညီတယလို့်ဖွဲ့စည်းပုံမှာဆိုထားတဲ့အတွက် သူရဲ့ပါဝါဟာများလွန်းနေပါတယ်။ ဒီကြားထဲမှာ တပ်မတော်သားအစုအဖွဲ့ ကရွေးချယ်လိုက်တဲ့ဒုသမ္မတသာ သမ္မတအဖြစ်ရွေးချယ်ခံရပါက သူရဲ့ပါဝါကိုစဉ်းစားကြည့်သင့်ပါတယ်။ ဒီအချက်ဟာပြုပြင်သင့်ပါတယ်။ တပ်မတော်သားအစုအဖွဲ့ ဟာသက်ဆိုင်ရာလွတ်တော်များမှတဆင့် အခြားသောကိုယ်စားလှယ်များနည်းတူ သာဆောင်ရွက်သင့်ပါသည်။ ဒုသမ္မတလဲ၂ယောက်မလိုအပ်ဟုထင်ပါသည်။ တွေးမိသမျှရေးပြတာဖြစ်လို့မှားတာရှိရင်ခွင့်လွတ်ပါဗျာ။