Pages

Saturday, October 20, 2012

ပြည်သူ့နီတိ လိုအပ်ချက် ရှိလာပါပြီ.....
အပတ်စဉ်ခေါင်းကြီးတစ်ပုဒ်ရေးဖို့ တခါတလေ တော်တော် ခေါင်းစားရတယ်။ ခေါင်းကြီးဆိုတာ လက်ရှိအခြေအနေနဲ့လည်းကိုက်ညီ အများပြည်သူအတွက်လည်း အကျိုးရှိ၊ ကိုယ့်တိုက်ရဲ့ ရပ်တည်ချက်၊ မူဝါဒတွေနဲ့လည်းညီညွတ်၊ စီမံခန့်ခွဲသူ၊ မူဝါဒရေးဆွဲသူတွေကိုလည်း အကြံဉာဏ်ပေးနိုင်၊ ဖတ်ရှုသူအများစုလည်း လက်ခံ၊ ဝေဖန်ဆန်းစစ်သုံးသပ်တဲ့အမြင်လည်းပါ၊ တိုတိုကျစ်ကျစ်နဲ့ ဆိုလိုရင်းလည်း ထိမိအောင် ရေးရတာမျိုး။ ဆိုတော့ ခေါင်းကြီးရေးပြီးတိုင်း စိတ်တ
ိုင်း သိပ်မကျတာများတယ်။ ရေးပြီးတော့မှ တခုခုလိုနေသလိုချည်း ခံစားရတယ်။ ခေါင်းကြီးဆိုတာ သတင်းစာတစ်စောင်ရဲ့ အသက်၊ ဦးခေါင်းလို့ ရှေးက သတင်းဆရာကြီးတွေ မိန့်ဆိုခဲ့တာကိုး။ ဒါကြောင့် အင်မတန် တာဝန်ကြီးတဲ့အလုပ်။ ရေးပြီး၊ ပုံနှိပ်ဖော်ပြပြီးတဲ့ ကျနော့် ခေါင်းကြီးတွေနဲ့ပတ်သက်ပြီး အကြံပြု ဝေဖန်တာမျိုးက နောင်မှာ ဒီ့ထက်ကောင်းတဲ့ ခေါင်းကြီးတွေ ရေးဖို့ ကူညီပေးတာလို့ ကျနော်ခံယူတယ်။

ဒီတစ်ပတ်ခေါင်းကြီးကိုတော့ စိတ်ထဲမှာ အာရုံကျနေတဲ့ အကြောင်းအရာလေးတစ်ခု စဉ်းစားမိလို့ ရေးလိုက်တယ်။ ကျနော်တို့နိုင်ငံမှာ ပြည်သူ့နီတိ လိုအပ်ချက်ရှိနေတယ်ဆိုတာ အခုမှမဟုတ်ဘူး။ အတော်လေးကိုကြာပြီလို့ပြောရမယ်။ ကျနော်ကိုယ်တိုင်ပင်လျှင် မ.ဆ.လ ပညာရေးစနစ်နဲ့ ကြီးပြင်းခဲ့တာကြောင့် နိုင်ငံ့အရေးအရာတွေကို လမ်းစဉ်ပါတီခေတ်က အကြောင်းလောက်ပဲသိတာ။ နိုင်ငံရေးသိပ္ပံကလည်း လမ်းစဉ်ပါတီရဲ့ အညမညသဘောနဲ့ ခေါက်ရိုးကျိုး နိုင်ငံရေးသဘောတရားတွေ။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍတွေက ကိုယ်နဲ့ ဘာမှမဆိုင်သလို လက်လှမ်းမမီတဲ့အရာလို ရှိခဲ့ပြီး ဘာမှဟုတ်တိပတ်တိ မသိခဲ့ဘူး။ ကျင့်ဝတ်နီတိတွေကတော့ မိဘ၊ ဆရာသမားတွေရဲ့ ကောင်းမှုကြောင့်ရယ် အဲဒီတုန်းက မ.ဆ.လ ပညာရေးစနစ်ရဲ့ ကောင်းတဲ့အချက်ကလေးရယ်ကြောင့် အတော်အသင့်ရခဲ့တယ်လို့ဆိုရမယ်။ မင်္ဂလာတရားအနဲ့ညီ နေတတ်ထိုင်တတ်ဖို့လောက်ကတော့ အဲဒီခေတ်က မျိုးဆက်သစ်အားလုံးနီးပါး ရခဲ့ကြတယ်လို့ ဆိုရမယ်။ ဒီဖက်ခေတ်ရောက်တော့ ကျနော်တို့တုန်းကလောက်တောင် နီတိနဲ့ပတ်သက်ပြီး လောက်လောက်လားလား မရှိတော့ဘူးလို့ ခံစားမိတယ်။ ယုတ်စွအဆုံး ဒီကနေ့ မဏ္ဍိုင်သုံးခုမှာ ရောက်နေတဲ့သူတွေတောင် ပြည်သူ့နီတိကို သေချာ မသိတော့ဘူးလို့ ခံစားမိတယ်။ (အားလုံးကို မဆိုလိုပါ)

တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ တစ်နေ့က ကျနော့်ကို ပညာလိုအိုသည်မရှိ ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ပြုပြီး အသက် ၆၄နှစ်ရှိနေပေမယ့် သူ့ထက် အသက်အများကြီး ငယ်တဲ့သူတွေနဲ့အတူ အရည်အချင်းမြှင့်တင်ရေး သင်တန်းတစ်ခု လာတက်တဲ့ ဦးအေးညိုနဲ့ ဆုံတယ်။ ကျနော်ကလည်း အဲဒီအကြောင်း အာရုံကျနေတဲ့အပြင် သူကလည်း ပါလီမန်ဒီမိုကရေစီခေတ်က မြန်မာနိုင်ငံမှာ ပြဌာန်းခဲ့တဲ့ ကျောင်းသုံး ပြည်သူ့နီတိစာအုပ်လေးတွေကို တပင်တပန်းလိုက်ရှာ၊ ကိုယ့်အိတ်စိုက်ကူး၊ နိုင်သလောက် ဖြန့်ဝေပေးနေသူဆိုတော့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားဆိုသလိုပဲ။ ဦးအေးညိုဆီကနေ အခြေခံပညာအဆင့် ကျောင်းသုံး ပြည်သူ့နီတိ စာအုပ်တချို့ မေတ္တာလက်ဆောင် ရလိုက်တယ်။ ကျေးဇူးတင်ပါတယ် ဦးအေးညို။ သူ့ကျေးဇူးကြောင့် ပြည်သူ့နီတိ ကျောင်းသုံးစာအုပ်ကို ကျနော့် မျက်ဝါးထင်ထင် တွေ့ဖူး၊ ဖတ်ဖူးသွားတယ်။

ဦးဘဖေ(အီအေ-အီအက်ဒ်)ရေးသားပြုစုထားတဲ့ အထက်တန်း ပြည်သူ့နီတိ Civic Education for High Schools မှာ Civic Education ကို ..." နိုင်ငံသားအဖြစ် ခံယူခွင့်ရအောင် သင်ကြားပေးအပ်သော ပညာ၊ ပြည်သူများအနေနှင့် နေထိုင်မှု၊ ပေါင်းသင်းဆက်ဆံမှုတို့တွင် လိုက်လျောမှုတို့ ရရှိစေရန် သင်ကြားပို့ချအပ်သော ပညာ တစ်နည်းအားဖြင့် ပြည့်ပြည့်စုံစုံပြောရရင် လူအချင်းချင်း တစ်ဦးနှင့်တစ်ဦး စုရုံးပေါင်းသင်းနေထိုင် ဆက်ဆံရာတွင် သိသင့်သိထိုက်သည့် ကိစ္စ၊ အကြောင်းအရာ၊ ပြုသင့်ပြုထိုက်သည့် တာဝန်ဝတ္တရားမျာိးကု လေ့လာသင်ကြားလိုက်နာဖြင့် လူ၏ဘဝ လူ့လောက အဆင့်အတန်းများကို မြှင့်တင်ခြင်းငှာ သင်ကြားပေးသော ပညာရပ်သည် ပြည်သူ့နီတိ ပညာရပ်ပင်ဖြစ်ပေသည်..." လို့ အခန်း(၁) 'အဓိပ္ပါယ်နှင့် အခြေခံသဘော' မှာဖော်ပြထားတယ်။

အဲဒါနဲ့ ဒီခေါင်းကြီး ရေးဖြစ်သွားတယ်လို့ ဆိုရမယ်။ ဖတ်ကြည့်ပြီး ဝေဖန်မှတ်ချက်ပေးကြပါ။ ဘယ်လို မှတ်ချက်မျိုးမဆို နားလည်လက်ခံပေးဖို့ အဆင်သင့်ပါ။

နိုင်ငံကြီးသားများ အတွက် ပြည်သူ့ နီတိ

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံ အားလုံးနှင့် နှိုင်းယှဉ်လျှင် အကျယ်အဝန်း အရ သော်လည်းကောင်း၊ လူဦးရေ အရ သော်လည်းကောင်း၊ နိုင်ငံငယ်ကလေး တစ်ခု မဟုတ်ကြောင်း၊ မြန်မာနိုင်ငံထက် အရွယ်အစား အားဖြင့် ကြီးသော နိုင်ငံများမှာ ၃၉ နိုင်ငံသာ ရှိပြီး မြန်မာနိုင်ငံ ထက် သေးသော နိုင်ငံမှာ ၂ဝ၉ နိုင်ငံ ရှိကြောင်းနှင့် လူဦးရေအားဖြင့် ဆိုလျှင်လည်း မြန်မာနိုင်ငံ
ထက် များသော နိုင်ငံမှာ ၂၅ နိုင်ငံသာ ရှိပြီး မြန်မာနိုင်ငံထက် လူဦးရေ နည်းသောနိုင်ငံ စုစုပေါင်း ၂၁၆ နိုင်ငံ ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသားများ အနေနှင့် မိမိတို့ ကိုယ်ကို မိမိနိုင်ငံငယ်ကလေး တစ်ခုက နိုင်ငံသားများ အဖြစ် မမှတ်ယူ စေလို ဘဲ နိုင်ငံကြီးသားများ အဖြစ် မှတ်ယူကာ နိုင်ငံကြီးသားများ၏ ဂုဏ်အင်္ဂါနှင့် ထိုက်တန်သူများ အဖြစ် မိမိတို့ဘာသာ တည်ဆောက်မြှင့်တင် ထားသင့်ကြောင်း အွန်လိုင်း ဆောင်းပါး တစ်ပုဒ်တွင် ဖော်ပြထားပါသည်။

မှန်ပါသည်။ မြန်မာနိုင်ငံသည် သမိုင်းကြောင်းအရ သော်လည်းကောင်း၊ ယဉ်ကျေးမှုအရ သော် လည်းကောင်း နိုင်ငံတကာ တွင် အောက် တန်း နောက်တန်း က ရှိခဲ့သော နိုင်ငံတစ်ခု မဟုတ်ခဲ့ပေ။ နိုင်ငံသားများ၏ အရည်အချင်း ညံ့ဖျင်းသောကြောင့် မဟုတ်ဘဲ ၁၉၆၂ ခုနှစ်နောက်ပိုင်း ကျင့်သုံး အုပ်ချုပ်ခဲ့သော စနစ်ဆိုးကြောင့် အများ အထင်သေးခံ ရသည့် အခြေအနေသို့ ရောက်ရှိ သွားခဲ့ရခြင်း ဖြစ်ပါသည်။

မျက်မှောက် မြင်တွေ့နေရသည့် စည်းကမ်းမဲ့မှုများ၊ အပြစ်တင်စိတ်ကဲသော ရှုမြင် သုံးသပ်မှုများ၊ ပုဂ္ဂိုလ်ရေး သက်သက် ချိုးနှိမ် တိုက်ခိုက်မှုများ၊ ကိုယ်ကျိုးသက်သက် ကြည့်ကာ အများအကျိုး လျစ်လျူရှုမှုများ၊ အချောင်စီးပွားဖြစ် လိုသူများ၊ အပြောင်းအလဲ ကို မသိသူများ၊ အပြောင်းအလဲကို အခုအခံ ကြီးကြီးဖြင့် ကာဆီး လိုသူများ၊ အာဏာ ဖက်တွယ်လိုသူများ စသည့် နိုင်ငံကြီးသားများ၏ ဂုဏ်အင်္ဂါနှင့် ဆန့်ကျင်ဘက် ဖြစ်နေမှု များသည် နှစ် ၅၀ ကာလ ကျင့်သုံးခဲ့သော စနစ်ဆိုး၏ အလွဲသြဇာ သက်ရောက်မှုများ ဖြစ်ပါသည်။

ကုန်ခဲ့သည့် နှစ်ငါးဆယ် မတိုင်ခင်ကမူ မြန်မာနိုင်ငံသည် ဒေသတွင်းတွင်ရော ကမ္ဘာပေါ်တွင်ပါ အများက လေးစား ခံ့ညားရသည့် နိုင်ငံကြီး တစ်ခု ဖြစ်ခဲ့ပါသည်။ ထိုသို့ ဖြစ်စေရန်လည်း လွတ်လပ်ရေး ရပြီး အချုပ်အခြာ ပိုင်နိုင်ငံ အဖြစ် ရပ်တည်ချိန်မှ စကာ နိုင်ငံသားတို့၏ အသိပညာ ရေချိန်ကို ထိုခေတ် ပညာရေး စနစ်က မြှင့်တင် ပေးခဲ့ ခြင်းဖြစ်ပါသည်။ နိုင်ငံသားတို့၏ အသိပညာ ရေချိန်နှင့် နိုင်ငံကြီးသားများ အဖြစ် လေ့ကျင့် မြှင့်တင် ပေးရေး အတွက် အဓိက အရေးကြီးသည်မှာ Civic Education ခေါ် ပြည်သူ့ နီတိ ဖြစ်ပါသည်။ ထိုခေတ်က ပညာရေး စနစ်အရ အခြေခံပညာ မူလတန်းမှ စကာ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်၊ တက္ကသိုလ် အဆင့်အထိ သူ့အဆင့်နှင့်သူ လိုက်လျောညီထွေ ရှိမည့် ပြည်သူ့နီတိကို သင်ကြားပေးပါသည်။ ထိုပညာရေး စနစ်ကြောင့်ပင်လျှင် မြန်မာနိုင်ငံနှင့် နိုင်ငံ သား များ နိုင်ငံတကာ အလယ်တွင် ဂုဏ်သိက္ခာ ရှိရှိ အဆင့်တန်း မြင့်မြင့် ရှိခဲ့ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ယနေ့ ဒီမိုကရေစီ အသွင်ပြောင်း ကာလမျိုးတွင် နိုင်ငံတော်၏ ရုပ်ပိုင်း ဆိုင်ရာ တိုးတက်မှုအပြင် စိတ်ပိုင်း ပါ ဖွံ့ဖြိုးစေရန် အလို့ငှာ အာဏာသုံးရပ် အပါအဝင်၊ စတုတ္ထ မဏ္ဍိုင်နှင့် ပဉ္စမမဏ္ဍိုင်တို့တွင် ရှိနေသူ အားလုံး ပြည်သူ့နီတိကို လေ့လာ သင်ယူကြရမည် ဖြစ်ပါသည်။ အထူးသဖြင့် ယနေ့လွှတ်တော်အတွင်း ရောက် ရှိနေကြသော လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရ အဖွဲ့အတွင်း သက်ဆိုင်ရာ နယ်ပယ် အလိုက် ဝန်ကြီး အဖြစ် တာဝန် ယူထားသူများ၊ တရားရေး မဏ္ဍိုင်မှ တာဝန်ရှိသူများ ပြည်သူ့နီတိကို အခြေခံမှ စကာ ယခုပင် လေ့လာသင်ယူ သင့်လှပါသည်။ သို့မှသာ ပြည်သူ့နီတိသည် နိုင်ငံ တည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး တည်ဆောက်မှုတို့တွင် မည်ရွေ့မည်မျှ အရေးကြီးကြောင်း ကောင်းစွာ သဘောပေါက်လာမည် ဖြစ်ပါသည်။

လက်ရှိ နိုင်ငံ့တာဝန်ကို ထမ်းဆောင် နေကြသူ အဓိက ခေါင်းဆောင်များ၊ Stakeholder များ အနေနှင့် နောင်ဆယ်နှစ် အနှစ်နှစ်ဆယ်မှသည် အနှစ်ငါးဆယ် တစ်ရာ တိုင်သည် အထိ မျိုးဆက်သစ် များစွာတို့ ဆင့်ပွား အမွေ ခံကြရမည့် ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီး တစ်ခု အဖြစ် ကမ္ဘာ့အလယ်တွင် ခေါင်းမော့ ရင်ကော့နိုင်သည် အထိ မျှော်တွေး စဉ်းစား ကြပါမည့်အကြောင်း အထူး တိုက်တွန်း အပ်ပါသည်။

အယ်ဒီတာ (၁၈-၁၀-၂၀၁၂)
အပတ်စဉ်ခေါင်းကြီးတစ်ပုဒ်ရေးဖို့ တခါတလေ တော်တော် ခေါင်းစားရတယ်။ ခေါင်းကြီးဆိုတာ လက်ရှိအခြေအနေနဲ့လည်းကိုက်ညီ အများပြည်သူအတွက်လည်း အကျိုးရှိ၊ ကိုယ့်တိုက်ရဲ့ ရပ်တည်ချက်၊ မူဝါဒတွေနဲ့လည်းညီညွတ်၊ စီမံခန့်ခွဲသူ၊ မူဝါဒရေးဆွဲသူတွေကိုလည်း အကြံဉာဏ်ပေးနိုင်၊ ဖတ်ရှုသူအများစုလည်း လက်ခံ၊ ဝေဖန်ဆန်းစစ်သုံးသပ်တဲ့အမြင်လည်းပါ၊ တိုတိုကျစ်ကျစ...
်နဲ့ ဆိုလိုရင်းလည်း ထိမိအောင် ရေးရတာမျိုး။ ဆိုတော့ ခေါင်းကြီးရေးပြီးတိုင်း စိတ်တိုင်း သိပ်မကျတာများတယ်။ ရေးပြီးတော့မှ တခုခုလိုနေသလိုချည်း ခံစားရတယ်။ ခေါင်းကြီးဆိုတာ သတင်းစာတစ်စောင်ရဲ့ အသက်၊ ဦးခေါင်းလို့ ရှေးက သတင်းဆရာကြီးတွေ မိန့်ဆိုခဲ့တာကိုး။ ဒါကြောင့် အင်မတန် တာဝန်ကြီးတဲ့အလုပ်။ ရေးပြီး၊ ပုံနှိပ်ဖော်ပြပြီးတဲ့ ကျနော့် ခေါင်းကြီးတွေနဲ့ပတ်သက်ပြီး အကြံပြု ဝေဖန်တာမျိုးက နောင်မှာ ဒီ့ထက်ကောင်းတဲ့ ခေါင်းကြီးတွေ ရေးဖို့ ကူညီပေးတာလို့ ကျနော်ခံယူတယ်။

ဒီတစ်ပတ်ခေါင်းကြီးကိုတော့ စိတ်ထဲမှာ အာရုံကျနေတဲ့ အကြောင်းအရာလေးတစ်ခု စဉ်းစားမိလို့ ရေးလိုက်တယ်။ ကျနော်တို့နိုင်ငံမှာ ပြည်သူ့နီတိ လိုအပ်ချက်ရှိနေတယ်ဆိုတာ အခုမှမဟုတ်ဘူး။ အတော်လေးကိုကြာပြီလို့ပြောရမယ်။ ကျနော်ကိုယ်တိုင်ပင်လျှင် မ.ဆ.လ ပညာရေးစနစ်နဲ့ ကြီးပြင်းခဲ့တာကြောင့် နိုင်ငံ့အရေးအရာတွေကို လမ်းစဉ်ပါတီခေတ်က အကြောင်းလောက်ပဲသိတာ။ နိုင်ငံရေးသိပ္ပံကလည်း လမ်းစဉ်ပါတီရဲ့ အညမညသဘောနဲ့ ခေါက်ရိုးကျိုး နိုင်ငံရေးသဘောတရားတွေ။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍတွေက ကိုယ်နဲ့ ဘာမှမဆိုင်သလို လက်လှမ်းမမီတဲ့အရာလို ရှိခဲ့ပြီး ဘာမှဟုတ်တိပတ်တိ မသိခဲ့ဘူး။ ကျင့်ဝတ်နီတိတွေကတော့ မိဘ၊ ဆရာသမားတွေရဲ့ ကောင်းမှုကြောင့်ရယ် အဲဒီတုန်းက မ.ဆ.လ ပညာရေးစနစ်ရဲ့ ကောင်းတဲ့အချက်ကလေးရယ်ကြောင့် အတော်အသင့်ရခဲ့တယ်လို့ဆိုရမယ်။ မင်္ဂလာတရားအနဲ့ညီ နေတတ်ထိုင်တတ်ဖို့လောက်ကတော့ အဲဒီခေတ်က မျိုးဆက်သစ်အားလုံးနီးပါး ရခဲ့ကြတယ်လို့ ဆိုရမယ်။ ဒီဖက်ခေတ်ရောက်တော့ ကျနော်တို့တုန်းကလောက်တောင် နီတိနဲ့ပတ်သက်ပြီး လောက်လောက်လားလား မရှိတော့ဘူးလို့ ခံစားမိတယ်။ ယုတ်စွအဆုံး ဒီကနေ့ မဏ္ဍိုင်သုံးခုမှာ ရောက်နေတဲ့သူတွေတောင် ပြည်သူ့နီတိကို သေချာ မသိတော့ဘူးလို့ ခံစားမိတယ်။ (အားလုံးကို မဆိုလိုပါ)

တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ တစ်နေ့က ကျနော့်ကို ပညာလိုအိုသည်မရှိ ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ပြုပြီး အသက် ၆၄နှစ်ရှိနေပေမယ့် သူ့ထက် အသက်အများကြီး ငယ်တဲ့သူတွေနဲ့အတူ အရည်အချင်းမြှင့်တင်ရေး သင်တန်းတစ်ခု လာတက်တဲ့ ဦးအေးညိုနဲ့ ဆုံတယ်။ ကျနော်ကလည်း အဲဒီအကြောင်း အာရုံကျနေတဲ့အပြင် သူကလည်း ပါလီမန်ဒီမိုကရေစီခေတ်က မြန်မာနိုင်ငံမှာ ပြဌာန်းခဲ့တဲ့ ကျောင်းသုံး ပြည်သူ့နီတိစာအုပ်လေးတွေကို တပင်တပန်းလိုက်ရှာ၊ ကိုယ့်အိတ်စိုက်ကူး၊ နိုင်သလောက် ဖြန့်ဝေပေးနေသူဆိုတော့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားဆိုသလိုပဲ။ ဦးအေးညိုဆီကနေ အခြေခံပညာအဆင့် ကျောင်းသုံး ပြည်သူ့နီတိ စာအုပ်တချို့ မေတ္တာလက်ဆောင် ရလိုက်တယ်။ ကျေးဇူးတင်ပါတယ် ဦးအေးညို။ သူ့ကျေးဇူးကြောင့် ပြည်သူ့နီတိ ကျောင်းသုံးစာအုပ်ကို ကျနော့် မျက်ဝါးထင်ထင် တွေ့ဖူး၊ ဖတ်ဖူးသွားတယ်။

ဦးဘဖေ(အီအေ-အီအက်ဒ်)ရေးသားပြုစုထားတဲ့ အထက်တန်း ပြည်သူ့နီတိ Civic Education for High Schools မှာ Civic Education ကို ..." နိုင်ငံသားအဖြစ် ခံယူခွင့်ရအောင် သင်ကြားပေးအပ်သော ပညာ၊ ပြည်သူများအနေနှင့် နေထိုင်မှု၊ ပေါင်းသင်းဆက်ဆံမှုတို့တွင် လိုက်လျောမှုတို့ ရရှိစေရန် သင်ကြားပို့ချအပ်သော ပညာ တစ်နည်းအားဖြင့် ပြည့်ပြည့်စုံစုံပြောရရင် လူအချင်းချင်း တစ်ဦးနှင့်တစ်ဦး စုရုံးပေါင်းသင်းနေထိုင် ဆက်ဆံရာတွင် သိသင့်သိထိုက်သည့် ကိစ္စ၊ အကြောင်းအရာ၊ ပြုသင့်ပြုထိုက်သည့် တာဝန်ဝတ္တရားမျာိးကု လေ့လာသင်ကြားလိုက်နာဖြင့် လူ၏ဘဝ လူ့လောက အဆင့်အတန်းများကို မြှင့်တင်ခြင်းငှာ သင်ကြားပေးသော ပညာရပ်သည် ပြည်သူ့နီတိ ပညာရပ်ပင်ဖြစ်ပေသည်..." လို့ အခန်း(၁) 'အဓိပ္ပါယ်နှင့် အခြေခံသဘော' မှာဖော်ပြထားတယ်။

အဲဒါနဲ့ ဒီခေါင်းကြီး ရေးဖြစ်သွားတယ်လို့ ဆိုရမယ်။ ဖတ်ကြည့်ပြီး ဝေဖန်မှတ်ချက်ပေးကြပါ။ ဘယ်လို မှတ်ချက်မျိုးမဆို နားလည်လက်ခံပေးဖို့ အဆင်သင့်ပါ။

နိုင်ငံကြီးသားများ အတွက် ပြည်သူ့ နီတိ

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံ အားလုံးနှင့် နှိုင်းယှဉ်လျှင် အကျယ်အဝန်း အရ သော်လည်းကောင်း၊ လူဦးရေ အရ သော်လည်းကောင်း၊ နိုင်ငံငယ်ကလေး တစ်ခု မဟုတ်ကြောင်း၊ မြန်မာနိုင်ငံထက် အရွယ်အစား အားဖြင့် ကြီးသော နိုင်ငံများမှာ ၃၉ နိုင်ငံသာ ရှိပြီး မြန်မာနိုင်ငံ ထက် သေးသော နိုင်ငံမှာ ၂ဝ၉ နိုင်ငံ ရှိကြောင်းနှင့် လူဦးရေအားဖြင့် ဆိုလျှင်လည်း မြန်မာနိုင်ငံ
ထက် များသော နိုင်ငံမှာ ၂၅ နိုင်ငံသာ ရှိပြီး မြန်မာနိုင်ငံထက် လူဦးရေ နည်းသောနိုင်ငံ စုစုပေါင်း ၂၁၆ နိုင်ငံ ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသားများ အနေနှင့် မိမိတို့ ကိုယ်ကို မိမိနိုင်ငံငယ်ကလေး တစ်ခုက နိုင်ငံသားများ အဖြစ် မမှတ်ယူ စေလို ဘဲ နိုင်ငံကြီးသားများ အဖြစ် မှတ်ယူကာ နိုင်ငံကြီးသားများ၏ ဂုဏ်အင်္ဂါနှင့် ထိုက်တန်သူများ အဖြစ် မိမိတို့ဘာသာ တည်ဆောက်မြှင့်တင် ထားသင့်ကြောင်း အွန်လိုင်း ဆောင်းပါး တစ်ပုဒ်တွင် ဖော်ပြထားပါသည်။

မှန်ပါသည်။ မြန်မာနိုင်ငံသည် သမိုင်းကြောင်းအရ သော်လည်းကောင်း၊ ယဉ်ကျေးမှုအရ သော် လည်းကောင်း နိုင်ငံတကာ တွင် အောက် တန်း နောက်တန်း က ရှိခဲ့သော နိုင်ငံတစ်ခု မဟုတ်ခဲ့ပေ။ နိုင်ငံသားများ၏ အရည်အချင်း ညံ့ဖျင်းသောကြောင့် မဟုတ်ဘဲ ၁၉၆၂ ခုနှစ်နောက်ပိုင်း ကျင့်သုံး အုပ်ချုပ်ခဲ့သော စနစ်ဆိုးကြောင့် အများ အထင်သေးခံ ရသည့် အခြေအနေသို့ ရောက်ရှိ သွားခဲ့ရခြင်း ဖြစ်ပါသည်။

မျက်မှောက် မြင်တွေ့နေရသည့် စည်းကမ်းမဲ့မှုများ၊ အပြစ်တင်စိတ်ကဲသော ရှုမြင် သုံးသပ်မှုများ၊ ပုဂ္ဂိုလ်ရေး သက်သက် ချိုးနှိမ် တိုက်ခိုက်မှုများ၊ ကိုယ်ကျိုးသက်သက် ကြည့်ကာ အများအကျိုး လျစ်လျူရှုမှုများ၊ အချောင်စီးပွားဖြစ် လိုသူများ၊ အပြောင်းအလဲ ကို မသိသူများ၊ အပြောင်းအလဲကို အခုအခံ ကြီးကြီးဖြင့် ကာဆီး လိုသူများ၊ အာဏာ ဖက်တွယ်လိုသူများ စသည့် နိုင်ငံကြီးသားများ၏ ဂုဏ်အင်္ဂါနှင့် ဆန့်ကျင်ဘက် ဖြစ်နေမှု များသည် နှစ် ၅၀ ကာလ ကျင့်သုံးခဲ့သော စနစ်ဆိုး၏ အလွဲသြဇာ သက်ရောက်မှုများ ဖြစ်ပါသည်။

ကုန်ခဲ့သည့် နှစ်ငါးဆယ် မတိုင်ခင်ကမူ မြန်မာနိုင်ငံသည် ဒေသတွင်းတွင်ရော ကမ္ဘာပေါ်တွင်ပါ အများက လေးစား ခံ့ညားရသည့် နိုင်ငံကြီး တစ်ခု ဖြစ်ခဲ့ပါသည်။ ထိုသို့ ဖြစ်စေရန်လည်း လွတ်လပ်ရေး ရပြီး အချုပ်အခြာ ပိုင်နိုင်ငံ အဖြစ် ရပ်တည်ချိန်မှ စကာ နိုင်ငံသားတို့၏ အသိပညာ ရေချိန်ကို ထိုခေတ် ပညာရေး စနစ်က မြှင့်တင် ပေးခဲ့ ခြင်းဖြစ်ပါသည်။ နိုင်ငံသားတို့၏ အသိပညာ ရေချိန်နှင့် နိုင်ငံကြီးသားများ အဖြစ် လေ့ကျင့် မြှင့်တင် ပေးရေး အတွက် အဓိက အရေးကြီးသည်မှာ Civic Education ခေါ် ပြည်သူ့ နီတိ ဖြစ်ပါသည်။ ထိုခေတ်က ပညာရေး စနစ်အရ အခြေခံပညာ မူလတန်းမှ စကာ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်၊ တက္ကသိုလ် အဆင့်အထိ သူ့အဆင့်နှင့်သူ လိုက်လျောညီထွေ ရှိမည့် ပြည်သူ့နီတိကို သင်ကြားပေးပါသည်။ ထိုပညာရေး စနစ်ကြောင့်ပင်လျှင် မြန်မာနိုင်ငံနှင့် နိုင်ငံ သား များ နိုင်ငံတကာ အလယ်တွင် ဂုဏ်သိက္ခာ ရှိရှိ အဆင့်တန်း မြင့်မြင့် ရှိခဲ့ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ယနေ့ ဒီမိုကရေစီ အသွင်ပြောင်း ကာလမျိုးတွင် နိုင်ငံတော်၏ ရုပ်ပိုင်း ဆိုင်ရာ တိုးတက်မှုအပြင် စိတ်ပိုင်း ပါ ဖွံ့ဖြိုးစေရန် အလို့ငှာ အာဏာသုံးရပ် အပါအဝင်၊ စတုတ္ထ မဏ္ဍိုင်နှင့် ပဉ္စမမဏ္ဍိုင်တို့တွင် ရှိနေသူ အားလုံး ပြည်သူ့နီတိကို လေ့လာ သင်ယူကြရမည် ဖြစ်ပါသည်။ အထူးသဖြင့် ယနေ့လွှတ်တော်အတွင်း ရောက် ရှိနေကြသော လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရ အဖွဲ့အတွင်း သက်ဆိုင်ရာ နယ်ပယ် အလိုက် ဝန်ကြီး အဖြစ် တာဝန် ယူထားသူများ၊ တရားရေး မဏ္ဍိုင်မှ တာဝန်ရှိသူများ ပြည်သူ့နီတိကို အခြေခံမှ စကာ ယခုပင် လေ့လာသင်ယူ သင့်လှပါသည်။ သို့မှသာ ပြည်သူ့နီတိသည် နိုင်ငံ တည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး တည်ဆောက်မှုတို့တွင် မည်ရွေ့မည်မျှ အရေးကြီးကြောင်း ကောင်းစွာ သဘောပေါက်လာမည် ဖြစ်ပါသည်။

လက်ရှိ နိုင်ငံ့တာဝန်ကို ထမ်းဆောင် နေကြသူ အဓိက ခေါင်းဆောင်များ၊ Stakeholder များ အနေနှင့် နောင်ဆယ်နှစ် အနှစ်နှစ်ဆယ်မှသည် အနှစ်ငါးဆယ် တစ်ရာ တိုင်သည် အထိ မျိုးဆက်သစ် များစွာတို့ ဆင့်ပွား အမွေ ခံကြရမည့် ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီး တစ်ခု အဖြစ် ကမ္ဘာ့အလယ်တွင် ခေါင်းမော့ ရင်ကော့နိုင်သည် အထိ မျှော်တွေး စဉ်းစား ကြပါမည့်အကြောင်း အထူး တိုက်တွန်း အပ်ပါသည်။

အယ်ဒီတာ (၁၈-၁၀-၂၀၁၂)
See More
Like · · · about a minute ago

0 comments:

Post a Comment

Blogger news

Blogroll

About